@provsoo: Orihime edit 🧡✨🌸 Song: FUNK FUGA #bleach #orihime #manga #orihimeinoue #bleachedit #bleachtybw #typography

provsoo
provsoo
Open In TikTok:
Region: JP
Sunday 08 November 2026 18:10:03 GMT
13163
1701
26
123

Music

Download

Comments

sosuke.aizen52
sosuke aizen :
november is testing me
2026-11-08 18:20:49
21
sasavot_narezkii
Twitch moments :
first
2026-11-08 18:12:15
9
app.get5
App Get :
orihime🌹
2026-11-09 00:19:20
2
mbwaerror
mbwaerror :
The best
2026-11-08 18:13:32
1
nosnostaxpp_ggx
'•-•' anort :
people after November:
2026-11-08 18:14:58
4
domoo073
🥀⚡️ 𝓓𝓸𝓶𝓸 🎧⚡️ :
gii
2026-11-08 18:12:40
1
realflaxxy
￴￴￴￴ ￴￴￴DICATOR SUKUNA❤️‍🔥 :
w
2026-11-09 01:23:21
1
tapioka303
tapioka :
nelliel
2026-11-08 23:03:31
1
_rei_das_edits0
GHOST :
Best edit I’ve ever seen
2026-11-08 22:51:12
1
saekooedits
Saeko :
beautiful 🔥
2026-11-08 19:06:26
1
fretit12
fretit12 :
лучший
2026-11-09 10:20:34
0
shion.045
ꜱʜɪᴏɴ紫苑 :
2026-11-08 18:13:42
1
daniel_park592
Daniel_Park :
2026-11-09 14:12:52
0
sisyaranaldo_0.4
Хиси РанаНда 0.4 :
а чё актив упал
2026-11-08 18:14:01
0
deku360_
UN SOVIÉTICO EN LATAM :
2026-11-09 07:23:14
0
dgzin.69
dg :
2026-11-08 22:11:14
1
neyrgo
Why? Neyr🦈 :
2026-11-08 18:14:24
2
luxe939
ALB-EDO🎀 :
2026-11-10 02:09:25
0
xchapita1
e. r. i. c 🦅 :
2026-11-08 18:14:23
1
jesusmoncada170
Jesus Moncada48 :
quedo bonito el edit
2026-11-09 04:01:22
0
.peakvfx
𝐏𝐄𝐀𝐊 :
2026-11-08 21:29:23
0
eitax.ae
eitaX :
2026-11-08 18:49:25
0
butcher.amv
Butcher :
2026-11-08 18:45:47
0
blood_x1698
🐍Blood_X🕸 :
2026-11-08 18:19:53
0
fastergawq0
август :
прошу сделай меня учиником [Плачу][Плачу]
2026-11-10 14:09:57
0
To see more videos from user @provsoo, please go to the Tikwm homepage.

Other Videos

9.11.2026    အထင်နှင့်အမြင်      အထင်သည်အမြင်နှင့်တွဲစပ်မှုရမှသာတကယ့် အမှန်သို့ရောက်နိုင်သည်။အထင်တစ်ခုတည်းနှင့် အမှန်သို့ရောက်ဖို့အလွန်ခက်ခဲသည်။စာရေးသူ ရဟန်းဘဝကကြုံခဲ့ရသောဖြစ်ရပ်တစ်ခုကိုတင် ပြပါမည်။2009 လောက်ကဖြစ်သည်။ထိုအချိန်က စာရေးသူသည် ပခုက္ကူမြို့ရိပ်သာတစ်ခု၌တရား ပြနေစဉ်ဖြစ်သည်။    ပခုက္ကူမြို့၌ အနာကြီးရောဂါသည်အများစုနေ ထိုင်သော ခုနစ်အိမ်တန်းရွာရှိသည်။စာရေးသူသည် ထိုရွာသို့မကြာခနသွားရောက်လှူဒါန်းထောက်ပံ့လေ့ ရှိသည်။စာရေးသူကိုအားကျပြီးပခုက္ကူမြို့ထဲမှ ရဟန်းတစ်ပါးသည် ထိုရွာသို့ဥပုသ်နေ့တိုင်းကြွ ရောက်၍တရားဟောပေးသောကြောင့်ရွာသူရွာ သားများအလွန်ဝမ်းမြောက်ကြသည်။      ထိုသို့သူတို့ရွာထဲအဝင်အထွက်လုပ်ရဲခြင်းသည် တော်တော်တန်တန်မေတ္တာစေတနာဖြင့်မဖြစ်နိုင်ပေ။ ရင်းနှီးသွားသောအခါသူတို့ချက်သောဆွမ်းကိုစား မည်ထင်သောကြောင့်ဆွမ်းစားပင့်ကြသည်။သို့သော် ထိုရဟန်းကမစားနိုင်ကြောင်းငြင်းဆိုလိုက်သည်။သူ တို့အလွန်ဝမ်းနည်းအားငယ်သွားကြသည် ။စာရေးသူ ကတခြားမြို့ရွာရှိရောဂါသည်ရွာများမှကပ်သော ဆွမ်းကိုစားသောကြောင့်ယခုရဟန်းလည်းစားမည် ထင်၍ပင့်လျှောက်ကြခြင်းဖြစ်သည်။     ထိုနေ့တစ်နေ့လုံးရွာသူရွာသားများအားငယ်ငို ကြွေးနေကြကြောင်းသတင်းရောက်လာသည့်နေ့ သည်တရားစခန်းနောက်ဆုံးညဖြစ်သည်။ထို့ကြောင့် တရားပွဲ၌ ဆွမ်းအလှူရှင်သူဌေးများကိုတောင်းပန် မေတ္တာရပ်ခံလိုက်သည်။
9.11.2026 အထင်နှင့်အမြင် အထင်သည်အမြင်နှင့်တွဲစပ်မှုရမှသာတကယ့် အမှန်သို့ရောက်နိုင်သည်။အထင်တစ်ခုတည်းနှင့် အမှန်သို့ရောက်ဖို့အလွန်ခက်ခဲသည်။စာရေးသူ ရဟန်းဘဝကကြုံခဲ့ရသောဖြစ်ရပ်တစ်ခုကိုတင် ပြပါမည်။2009 လောက်ကဖြစ်သည်။ထိုအချိန်က စာရေးသူသည် ပခုက္ကူမြို့ရိပ်သာတစ်ခု၌တရား ပြနေစဉ်ဖြစ်သည်။ ပခုက္ကူမြို့၌ အနာကြီးရောဂါသည်အများစုနေ ထိုင်သော ခုနစ်အိမ်တန်းရွာရှိသည်။စာရေးသူသည် ထိုရွာသို့မကြာခနသွားရောက်လှူဒါန်းထောက်ပံ့လေ့ ရှိသည်။စာရေးသူကိုအားကျပြီးပခုက္ကူမြို့ထဲမှ ရဟန်းတစ်ပါးသည် ထိုရွာသို့ဥပုသ်နေ့တိုင်းကြွ ရောက်၍တရားဟောပေးသောကြောင့်ရွာသူရွာ သားများအလွန်ဝမ်းမြောက်ကြသည်။ ထိုသို့သူတို့ရွာထဲအဝင်အထွက်လုပ်ရဲခြင်းသည် တော်တော်တန်တန်မေတ္တာစေတနာဖြင့်မဖြစ်နိုင်ပေ။ ရင်းနှီးသွားသောအခါသူတို့ချက်သောဆွမ်းကိုစား မည်ထင်သောကြောင့်ဆွမ်းစားပင့်ကြသည်။သို့သော် ထိုရဟန်းကမစားနိုင်ကြောင်းငြင်းဆိုလိုက်သည်။သူ တို့အလွန်ဝမ်းနည်းအားငယ်သွားကြသည် ။စာရေးသူ ကတခြားမြို့ရွာရှိရောဂါသည်ရွာများမှကပ်သော ဆွမ်းကိုစားသောကြောင့်ယခုရဟန်းလည်းစားမည် ထင်၍ပင့်လျှောက်ကြခြင်းဖြစ်သည်။ ထိုနေ့တစ်နေ့လုံးရွာသူရွာသားများအားငယ်ငို ကြွေးနေကြကြောင်းသတင်းရောက်လာသည့်နေ့ သည်တရားစခန်းနောက်ဆုံးညဖြစ်သည်။ထို့ကြောင့် တရားပွဲ၌ ဆွမ်းအလှူရှင်သူဌေးများကိုတောင်းပန် မေတ္တာရပ်ခံလိုက်သည်။ "နက်ဖြန်မနက်အရုဏ်ဆွမ်းကိုအနာကြီးရောဂါ သည်ရွာမှာစားပါရစေ။ဒကာကြီးတို့ကပ်တဲ့ဆွမ်း ကိုရဟန်းတိုင်းစားပါတယ် ၊ရောဂါသည်တွေကပ် တဲ့ဆွမ်းကိုတော့ရဟန်းတိုင်းကမစားကြလို့ပါ" "မနက်စာရေးသူထိုရွာသို့ရောက်သောအခါ မြို့ထဲ မှကဟန်းငယ်တစ်ပါးအရင်ရောက်နှင့်နေသည်။ စာရေးသူကဲ့သို့အားငယ်သူကိုအားပေးချင်သော ရဟန်းဖြစ်မည်ထင်သောကြောင့်စာရေးသူကဝမ်း ပန်းတသာနှုတ်ဆက်လိုက်သေးသည်။သို့သော် ဆွမ်းကပ်သောအခါလာမစားဘဲဘေးမှသာစောင့် ကြည့်နေသည်။ စာရေးသူကားဆွမ်းအကပ်ခံပြီးသည်နှင့်အားပါး တရစားတော့သည်။ဆွမ်းစားပြီးချိန်ကျမှထိုရဟန်း သည်စာရေးသူကို "တပည့်တော်ပြစ်မှားမိသမျှတောင်းပန်ကန်တော့ပါ တယ် ခွင့်လွှတ်ကြေအေးတော်မူပါဘုရား" ဟုဦးသုံးကြိမ်ချကာကန်တော့သည်။ထိုအခါကျ မှ ဪ ငါရောဂါသည်တွေရဲ့ဆွမ်းကိုစားမယ်လို့ ပြောတာကိုမယုံလို့လက်တွေ့လာကြည့်တာပါလား ဟုသိတော့သည်။ ငါကဲ့သို့သာမန်ရဟန်းတစ်ပါးပင်ရောဂါသည် တွေရဲ့ဆွမ်းကိုမစားနိုင်ရင် မေတ္တာရှင်ရွှေပြည် သာလိုထင်ရှားကျော်ကြားတဲ့ဟန်းတစ်ပါး ကစားနိုင်မယ်ဆိုတာမဖြစ်နိုင်၊လူကြည်ညိုများ အောင်လိမ်ညာပြောခြင်းသာဖြစ်နိုင်သည်ဟု ထိုရဟန်းကထင်ထားသည် လာကြည့်သောအခါ သူ့အထင်မှားသည်ကိုတွေ့သွားသည်။ထို့ကြောင့် မိမိအထင်တစ်ခုတည်းဖြင့်အမှန်သို့မရောက်နိုင် ထိုအထင်သည် အမြင်နှင့်တွဲစပ်မှသာအမှန်သို့ ရောက်နိုင်ကြောင်းတင်ပြခဲ့ခြင်းဖြစ်သည်။ လေဆိပ်တွင်တွေ့စဉ်က ဓမ္မဘေရီဆရာတော် သည်စာရေးသူ၏ လက်ကိုကိုင်ကာ "အနာကြီးရောဂါသည်တွေကပ်တဲ့ဆွမ်းကိုမြိန်ရေ ယှက်ရေစားတာတစ်ခုနဲ့တင်ဦးဇဝနကိုကြည်ညိုလို့ မဆုံးပါဘူး၊တပည့်တော်လည်းကြိုးစားပြီး စား ကြည့်သေးတယ် ဘယ်လိုမှမရဘူး ပြန်အန်ထွက် ကုန်တယ်"ဟု မိန့်တော်မူဖူးသည်။အရှင်သာရိပုတ္တရာနှင့်ရဟန္တာ ဟုသမုတ်ခံရသောဘုန်းတော်ကြီးဦးသီလတို့သည် အနာကြီးရောဂါသည်တို့ဆွမ်းကိုဘုဉ်းပေးနိုင်သော ကြောင့်စာရေးသူကိုအတော်ကြီးအထင်ကြီးသူ များရှိခဲ့သည်။လူဝတ်လဲပြီးအိမ်ထောင်မပြုခဲ့လျင် ရဟန္တာဟုဇွတ်ထင်မြင်ယူဆကြမည်ဖြစ်သည်။ တကယ်တော့စာရေးသူသည် မေတ္တာဘာဝနာ အားကောင်းသော သာမန်ရဟန်းတစ်ပါးသာဖြစ် သည်။ရဟန္တာမဟုတ်ဘဲရောဂါသည်တို့ကပ်လှူ သောဆွမ်းကိုစားနိုင်ရခြင်းအကြောင်းနှစ်ချက် ကိုရှာတွေ့မိသည်။ပထမအချက်မှာမေတ္တာအား ကြီးသောကြောင့်ဖြစ်သည်။စာရေးသူသည် ရော ဂါသည်များကိုသာမကမည်သူ့ကိုမဆိုသိပ်စိတ် ချမ်းသာစေချင်သည်။ထိုစိတ်ကအမြဲရှိနေသည်။ ရောဂါသည်တွေစိတ်ချမ်းသာစေလိုသော မေတ္တာဓါတ်ကြီးကရွံရှာစိတ်ကိုလွှမ်းမိုးသွား သောကြောင့်သူတို့ကပ်သောဆွမ်းကိုမြိန်ရေ ယှက်ရေစားနိုင်သွားသည်ဟုသုံးသပ်မိသည်။ ရွံရှာစိတ်ကိုအောင့်အည်းစားရခြင်းမဟုတ်ပေ ရွံရှာစိတ်ကိုပေါ်မလာခြင်းဖြစ်သည်။ ဒုတိယအချက်မှာစာဖတ်များ၍ ကျန်းမာရေးဗဟုသုတရှိခြင်းကြောင့်စားရဲခြင်း လည်းပါသည်။ရောဂါသည်အားလုံးသည် MDT ဆေးပေါင်းသောက်ပြီးသူချည်းဖြစ်သောကြောင့် ရောဂါပိုးကင်းရှင်းပြီးသူများဖြစ်သည်။ထို့ ကြောင့်သူတို့ချက်သောဆွမ်းကိုစားခြင်းဖြင့် ရောဂါမဖြစ်နိုင်ဟုသေချာသိနေသောကြောင့် သူတို့ကျွေးသောဆွမ်းကိုစားရဲခြင်းဖြစ်နိုင် သည်ဟုသုံးသပ်တင်ပြရပေသည်။ မေတ္တာရှင်ရွှေပြည်သာ 9.11.2026

About