@yangsiqi03: မိန်းကလေးတိုင်း ထပ်ခါတလဲလဲ ဖတ်ရှုသင့်သည့် ပြင်းထန်သော အကြံပြုချက် - အမြဲတမ်း အသိတရားနဲ့ သတိရှိပါ၊ အမြဲတမ်း အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားပါ၊ အခြားသူတစ်ပါးကို မိမိဘဝ၏ ကုသဆေးဟု ဘယ်တော့မှ မသတ်မှတ်ပါနှင့်၊ မိမိကိုယ်ကိုသာ အမြဲတမ်း ချစ်ပါ။ တစ်ဦးနှင့်တစ်ဦး အမှန်တကယ် ဖေးမကူညီပေးနိုင်မည့် လူကောင်းတစ်ယောက်နှင့် ဘဝလမ်းဝက်မှာ ဆုံတွေ့ခွင့်ရခဲ့ရင် ရိုင်းပင်းကူညီပြီး နှစ်သိမ့်ပေးပါ၊ စိတ်ဓာတ်ရေးရာအရ အမှီသဟဲပြုပါ။ အကယ်၍ ထိုသူက လမ်းဝက်မှာ ထွက်ခွာသွားခဲ့ရင်လည်း ငြိတွယ်တမ်းတမနေပါနှင့်၊ နောင်တလည်း မရပါနှင့်။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်တိုင်ကသာလျှင် အမှန်ကန်ဆုံး အဖြေဖြစ်ပြီး တစ်ခုတည်းသော ကုသဆေး ဖြစ်သောကြောင့်ပင်။ အကယ်၍ အခြားသူကို မိမိဘဝ၏ သက်သာရာ သက်သာကြောင်းအဖြစ် မှားယွင်းစွာ မှတ်ယူပြီး၊ နွယ်ပင်သည် သစ်ပင်ကြီးကို မှီတွယ်ရုံဖြင့် ဘဝတစ်ခုလုံး အေးချမ်းသွားမည်ဟု ထင်မှတ်နေပါက ၎င်းသည် သက်သောင့်သက်သာရှိသော အဆိပ်ကို သောက်သုံးနေခြင်းပင် ဖြစ်သည်။ ဝမ်းနည်းပူဆွေးနေတာတွေကို ရပ်တန့်ပြီး မိမိလုပ်စရာရှိသည့် အလုပ်များကိုသာ ဆက်လုပ်ပါ။ မိမိကိုယ်တိုင် သစ်ပင်ကြီးတစ်ပင်ဖြစ်အောင် ကြိုးစားပါ၊ သာယာဝပြောနေချိန်တွင် စည်းကမ်းရှိပါ၊ ကျဆင်းနိမ့်ပါးနေချိန်တွင် မိမိကိုယ်ကို ပြန်လည်ကုစားပါ၊ ဝမ်းစာရှာဖွေသည့် လမ်းကြောင်းပေါ်တွင် အမှားအမှန်ခွဲခြားနိုင်သော အသိတရားကို မစွန့်လွှတ်ပါနှင့်၊ အချစ်ကို ရှာဖွေသည့် လမ်းကြောင်းပေါ်တွင်လည်း မိမိ၏ ဂုဏ်သိက္ခာကို မစွန့်လွှတ်ပါနှင့်။ နောင်လာမည့် ရက်နေ့များတွင် မိမိကိုယ်ကို အရည်အချင်း ပိုမိုတိုးတက်အောင် လုပ်ပါ၊ ကမ္ဘာကြီးကို ပိုမိုလေ့လာကြည့်ရှုပါ၊ စာအုပ်များများဖတ်ပါ၊ လေ့ကျင့်ခန်းများများလုပ်ပါ၊ အစားကို လျှော့စားပြီး အိပ်စက်ခြင်းကို ပြည့်ဝစွာ အိပ်ပါ၊ အချိန်များကို အရေးပါသော အဓိကအလုပ်များပေါ်တွင်သာ အသုံးချပြီး မိမိစိတ်ကူးထဲက ဖြစ်ချင်သည့် လူမျိုးဖြစ်အောင် ပြောင်းလဲလိုက်ပါ။ အကယ်၍ သင်သည် မိမိလိုချင်သော ဘဝကို ဖန်တီးရန် အချိန်မပေးဘူးဆိုရင် နောက်ဆုံးမှာ မိမိမလိုချင်သော ဘဝကို ရင်ဆိုင်ဖြေရှင်းဖို့ရန်အတွက် အချိန်အမြောက်အမြား ပေးဆပ်ရပါလိမ့်မည်။ အခုအချိန်မှာ သင်လုပ်ရမှာက စိုးရိမ်ပူပန်နေဖို့ မဟုတ်ဘဲ အလေးအနက်ထား သင်ယူပြီး မိမိကိုယ်ကို ကြိုးစားဖြည့်ဆည်းဖို့ ဖြစ်သည်။ သင့်မှာ ဖတ်စရာစာအုပ်ရှိသေးတယ်၊ ဖြေဆိုစရာ စာမေးပွဲရှိသေးတယ်ဆိုရင် ဒါဟာ တစ်နည်းအားဖြင့် မင်္ဂလာတစ်ပါးဖြစ်သလို ကံကြမ္မာက သင့်ကို အခွင့်အရေးပေးနေတာ ဖြစ်တာကြောင့် ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားပါ! ကိုယ်ပိုင်စည်းကမ်း (Self-discipline) ဆိုတာ ဖုန်းကို ချက်ချင်းချပြီး လက်တွေ့လှုပ်ရှားနိုင်သည့် ဆောင်ရွက်နိုင်စွမ်း ဖြစ်သည်၊၊ ရည်မှန်းချက်အပေါ် ထားရှိသည့် ထက်သန်မှုကို မဆုတ်မနှစ် စွဲကိုင်ထားခြင်း ဖြစ်သည်။ ကိုယ်ပိုင်စည်းကမ်းက မိမိကိုယ်ကို ယုံကြည်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ပေးပြီး၊ ထိုကဲ့သို့ စိတ်အေးချမ်းမှုရှိသော အခြေအနေက သင့်ကို အရာရာပိုမို အောင်မြင်စေကာ ပိုမိုကြီးမားသော အံ့ဩဖွယ်ရာများကို ရရှိစေပါလိမ့်မည်။ စိတ်ကူးထားသည့်အတိုင်း ရှင်သန်ပါ၊ မိမိ၏ စစ်မှန်သော ပုံစံအတိုင်း ရှင်သန်ပါ၊ ကြိုးစားအားထုတ်မှုသည် ဘယ်တော့မှ မမှားယွင်းပါ။ ကြိုးစားစိုက်ပျိုးမှသာလျှင် ရိတ်သိမ်းရမည့် ရာသီကို ကြုံတွေ့ရမည် ဖြစ်သည်။ မိန်းကလေးတိုင်း ခိုင်မာပြတ်သားစွာဖြင့် အသိပညာရှိစွာ ရှင်သန်နိုင်ပါစေ၊ လွတ်လပ်ပြီး ကြံ့ခိုင်သူများ ဖြစ်ပါစေကြောင်း မျှော်လင့်ပါသည်။ ပထမဦးစွာ သင်သည် မိမိကိုယ်တိုင်ဖြစ်ပြီးမှ ကျန်တာတွေဖြစ်လာတာပါ။ အခြားသူတွေ၏ အမြင်ကို ဂရုစိုက်စရာမလိုပါ၊ မိမိကိုယ်တိုင်၏ ဘဝကို သာယာလှပအောင် တည်ဆောက်ဖို့ပဲ လိုအပ်ပါသည်။ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ပိုမိုတောက်ပသော အနာဂတ်ကို တည်ဆောက်နိုင်ပါစေ။ #creatorsearchinsights #fyp #foryou #myanmartiktok🇲🇲🇲🇲 #crd

•𝄟✮͢🦋⃟≛⃝ Yang𝄟✮⃝:Siqi:°
•𝄟✮͢🦋⃟≛⃝ Yang𝄟✮⃝:Siqi:°
Open In TikTok:
Region: MM
Monday 09 November 2026 02:34:17 GMT
27611
2116
45
126

Music

Download

Comments

aawin22
ရွှေသမီး :
စိတ်တွေရှုပ်ထွေးနေချိန်ခွန်အါးဖြစ်ပါ၏🙏
2026-11-09 11:35:35
1
htet.myat.hein.sin
T N L W🍎 :
ထိမိသောစာသားတေ
2026-11-09 09:36:35
1
ma.wai1097
နှင်း ဝေ :
ဟုတ်ကဲကျေးဇူပါ🙏
2026-11-09 05:38:27
2
kominkomin67
may myat Noe :
❤️❤️🥰❤️🥰ကေျးဇူးပါ
2026-11-09 07:53:44
1
ahstick8
Ah Stick🍎🍎 :
ဟုတ်ကဲ့ရှင့် အဆိုးနဲ့အကောင်းတွဲနေတတ်တာကို🥰🥰🥰
2026-11-09 03:44:26
1
nyo.nyo0457
nyo nyo :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰ဟုက်ကဲ့ပါဗျာ
2026-11-09 03:56:16
1
nan.hla.khin178
venus :
အမှန်အကန်မှန်👍👍👍🥰🥰
2026-11-09 03:59:00
1
myint.lwin1512
ခွန်း :
🥰🥰🥰🥰🥰🥰လေးစားလျှက်ပါ
2026-11-09 05:20:09
1
ei090344
😊ပုတူးတူးလေး😊😊🤭 :
ကျေးဇူပါ
2026-11-09 11:29:09
0
may.lay20026
👑Mãy💄 :
ဟုတ်ကဲ့🤍🤍
2026-11-09 06:24:44
1
sweoo511
Black :
ကျေးဇူးပါ
2026-11-09 05:54:51
1
user7876091021265
man :
😏ဟုတ်ကဲ့🤔ကျေးဇူးတင်တယ်နော်🤫မာန်😌🌼🤍🤍🤍🌼🤍🤍🌼💪🙂😊
2026-11-09 11:06:06
0
pyaewatioo
pyaewatioo :
🥰🥰🥰
2026-11-09 06:48:39
1
gedcojdu2m5
xan :
ကျေးဇူးပါ
2026-11-09 07:23:16
1
ma.kyawe
ma kyawe :
👍
2026-11-09 04:22:13
1
hnin.si.khaing035
MG SAI SAI: The enchant lion🦁 :
2026-11-09 07:13:57
1
user6222325455581
ကျူးလစ်ဝါ🌷 :
2026-11-09 08:47:09
1
ma.kyawe
ma kyawe :
👍
2026-11-09 04:22:59
0
user9941350327824
မြတ်နိုး(တပြည်သူ) :
ကျေးဇူးပါ
2026-11-09 07:25:24
0
kyaw.kayi4
Kyaw kayi :
100%
2026-11-09 03:17:13
0
mar.win702
Lin Myat Thu :
🥰🥰
2026-11-09 08:13:04
0
sansanthin7475
San San Thin947 :
ဟုတ်
2026-11-09 11:58:24
0
moneypower518
QUEEN STAR 👑⭐ :
ကျေးဇူးတင်ပါတယ်ရှင့်။
2026-11-09 12:06:15
0
mwd4e
Flower Lay :
ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်🙏🙏🙏
2026-11-09 11:47:51
0
thawthawthawthaw1
ThawThaw ThawThaw :
ဟုတ်ကဲ့ပါ ကျေးဇူးပါ စာသားလေးကော်ပီလေးချပေးပါလားရှင့်[Heartwarming][Heartwarming][Heartwarming]
2026-11-09 11:30:14
1
To see more videos from user @yangsiqi03, please go to the Tikwm homepage.

Other Videos


About