@user710487501: 🍁 သူများရင်ဘတ်တော့ မထိစေနဲ့ 🍁 ___________________________________ မနေ့က ဆရာတော်တစ်ပါး စကားပြောနေတာကို နားထောင်ရင်း စကားဆန်းလေးတစ်ခု ကြားမိခဲ့တယ်။ “လောကမှာ ဘုရားတောင် ကဲ့ရဲ့ မလွတ်ဘူး၊ ဟုတ်တယ်မို့လား။ အာ့တော့ အရှင်ဘုရား (အများအတွက်)ကောင်းမယ်ထင်ရင် အကျိုးရှိမယ်ထင်ရင် လုပ်သာ လုပ်။ အေး ဒါပေမယ့် သူများရင်ဘတ်တော့ မထိစေနဲ့“ တဲ့။ နားထောင်ရင်း ပထမတစ်ခါတော့ သိပ်ပြီး သတိမထားမိလိုက်ဘူး။ ဆရာတော်က ဒီစကားကို သုံးလေးခါ ထပ်ပြောနေတော့မှ သတိထားမိလိုက်တယ်။ “သူများရင်ဘတ်တော့ မထိစေနဲ့“ တဲ့။ ဆရာတော်က သက်တော် ဝါတော် ရနေပေမယ့် သူ့စကားက ခေတ်ဆန်နေသလို ဖြစ်နေတယ်။ “သူများရင်ဘတ်တော့ မထိစေနဲ့“ဆိုတဲ့ စကားဟာ လူသားဆန်မှုကို ဖော်ပြပေးနေသလိုပဲ။ ဗြဟ္မစိုရ်တရားကိုလည်း ရိုးရိုးလေး အဓိပ္ပါယ်ဖွင့်ပြသွားသလိုပါပဲ။ လူအချင်းချင်း လှည့်ပတ်တာဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ အထင်သေးတာဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ ဆင်းရဲအောင်လုပ်တာဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ ဘေးဥပဒ်တွေ၊ရန်ဘေးတွေ၊အန္တရာယ်တွေနဲ့ ကြုံအောင်လုပ်တာဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ အဆင်မပြေအောင်၊ အနှောင့်အယှက်ဖြစ်အောင် တစ်နည်းတစ်ဖုံ ဖန်တီးတာတွေဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ စာနာခြင်းကင်းတာတွေ၊ ရန်လိုညှင်းပန်းနှိပ်စက်တာတွေ၊ မလိုမုန်းထားတာတွေဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ ကူညီရိုင်းပင်မှုမရှိတာတွေ၊ သနားငဲ့ညှာမှုမရှိတာတွေ၊ ဖိနှိပ်ချုပ်ချယ်တာတွေဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ ဝမ်းမြောက်ဝမ်းသာ မကြိုဆိုနိုင်တာတွေ၊ လက်တွဲ မခေါ်နိုင်တာတွေ၊ အပုပ်ချတာတွေ၊ ချောက်ချတာတွေဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ ဆရာတော်က အဲဒါတွေ မပြောဘူး။ ဗြဟ္မစိုရ်တရားကို ရိုးရိုးလေးပဲ အဓိပ္ပါယ်ဖွင့်ပြသွားတာ။ “သူများရင်ဘတ်တော့ မထိစေနဲ့“ တဲ့။ အများအတွက် ကောင်းမယ်ထင်လို့၊အကျိုးရှိမယ်ထင်လို့ လုပ်တာတောင်မှ သူများရင်ဘတ်ကို မထိစေဖို့အတွက် မှာထားတာလေးက သတိပြုစရာ၊ လိုက်နာကျင့်သုံးစရာပါပဲ။ အများအတွက် မကောင်းဘူးဆိုရင်၊အကျိုးမရှိဘူးဆိုရင် အထူးပင် ပြောနေစရာမလိုတော့ပါဘူး။ ဘယ်လက်နက်တွေ ဘယ်လောက်ကောင်းတယ်ပဲ ပြောပြော၊ လောကမှာ စိတ်နှလုံးကို(ရင်ဘတ်ကို) ထိမှန်တဲ့ခဲလုံးဟာ အပြင်းထန်ဆုံးပဲ မဟုတ်လား။ ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားချင်သူတွေအတွက် ဆရာတော့်စကားလေးက အမှတ်တရ ဖြစ်နေမှာပါ။ “သူများရင်ဘတ်တော့ မထိစေနဲ့“ တဲ့။ -#အရှင်ဝါယာမိန္ဒာလင်္ကာရာဘိဝံသ #Credit: ကူးယူဖော်ပြပါသည်။

💦ma.cho💦
💦ma.cho💦
Open In TikTok:
Region: MM
Monday 09 November 2026 03:14:26 GMT
7372
290
37
9

Music

Download

Comments

upan3139
Upan :
ဆရာတော်ဟောပြသော သူများရင်ဘတ်တောမထိနဲ့ စကားလုံးကိူအကျယ်တဝံ ရှင်းပြပေးသောစာရေးသူ ကျေးဇူးပါဗျာလေးစားလျှက် ကျမ်းမာပါစေဗျာ
2026-11-09 10:21:29
2
u.myint.aung576
U Myint aung :
ကိုယ့်ကြောင့်သူ့ရင်ဘတ်မထိစေနဲ့ဆိုတာဝဋ်ကြွေးတွေပေးဆပ်ရခြင်းပါပဲ
2026-11-09 07:11:14
1
user208837482562
ဦးဌေးအောင် :
စာကိုအဆုံးထိဖတ်လိုက်ပါတယ်။ သဘောကျလို့ ရှယ်မယ်နော် 👍👍👍
2026-11-09 08:37:30
1
user041705674
♥lili♥ :
❤️❤️❤️❤️❤️ကျေးဇူးတင်ပါသည်။
2026-11-09 09:04:38
1
mgmgf236
မောင် မောင် (KO PAUK)❓ :
သူများထမင်းလုတ်ကို ပုတ်မချနဲ့ဆိုသလို🥰
2026-11-09 04:46:54
1
meg_ggg66
Mae Sot :
မင်္ဂလာပါ
2026-11-09 06:40:22
1
ko.kyaw331
Ko Kyaw :
သူများကြောင့်ကိုယ်ရင်ဘတ်ပဲထိခံနေရတာပါ
2026-11-09 07:55:04
0
u.win.naing1530
U Win Naing :
❤️
2026-11-09 06:44:50
0
ko.thet.lwin750
Ko Thet Lwin :
🥰🥰🥰🥰🥰❤️
2026-11-09 06:42:39
1
khinlay2307
khinlay230 :
❤️❤️❤️
2026-11-09 06:11:49
1
kokob1917
rose :
Ma cho good like
2026-11-09 05:45:58
1
user3421343270620
Myint Aung :
သူတော်သူမြတ်ဆရာတော်တွေကလည်း ကောင်းမှူမကောင်းမှူတွေကို..ကြိမ်ဖန်များစွာ ဟောကြားတော်မူပါတယ် ဒါပေမဲ့..ကျတ်နပင်းပိတ်နဲ့တူတဲ့လူတွေကတော့... ကြေးဖလားနဲ့တီးပြတာတောင်..သူတို့နားတွေက..မကြားနိုင်သူတွေကဒုနဲ့ဒေးပါ။
2026-11-09 09:44:59
0
u.htay836
U Htay :
🥰🥰🥰👍👍👍
2026-11-09 10:24:32
1
ko.thant8299
Ko.Ko :
🥰🥰🥰🥰
2026-11-09 10:23:27
1
ma.hla.than2
Ma Hla Than :
🥰🥰🥰
2026-11-09 08:55:58
1
myint.shwe07
Myint Shwe :
🥰🥰🥰
2026-11-09 07:12:52
1
kaung.htet306
ခောတ်သစ် :
🥰🥰🥰
2026-11-09 05:33:49
1
tin.tin.win142
Tin Tin Win :
🥰🥰🥰
2026-11-09 03:25:21
1
moe..myint..aung
Moe. Myint. Aung :
💕💕💕
2026-11-09 04:10:17
1
user9015861169608
ကိုကိိုချစ် :
😂😂😂
2026-11-09 05:13:34
0
user57023378009660
user57023378009660 :
🥰🥰🥰👍
2026-11-09 05:36:17
0
thainkha23
thainkha23 :
🥰🥰🥰
2026-11-09 10:23:55
0
u.maw.htay79
U Maw Htay :
💙💙💙🥰🥰🥰💙💙💙
2026-11-09 06:57:00
0
nyi.nyi4055
Nyi Nyi :
🥰🥰🥰
2026-11-09 11:22:08
0
To see more videos from user @user710487501, please go to the Tikwm homepage.

Other Videos


About