@min.khant.thu117: 🗣️ ❝ ပြိုင်ဘက်မရှိတဲ့ အာဆင်နယ်ဟာ အမှတ်ဖြတ် ဗိုလ်စွဲသွားလိမ့်မယ် ❞ လီဗာပူးလ်နဲ့ စပါး ကွင်းလယ်လူဟောင်း ဂျေမီ ရက်ပ်နက်ကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို ယှဉ်နိုင်မဲ့အသင်း မရှိသေးဘူးလို့ သုံးသပ်လိုက်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ပွဲ ကစားပြီးချိန်မှာ ဂန်း_နားတို့ဟာ ဒုတိယနေရာက မန်စီးတီးကို (၆) မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။ လိဂ်တလိဂ်လုံးမှာလည်း ခြေစွမ်းပိုင်း အတည်ငြိမ်ဆုံးက အာဆင်နယ်ပဲ ဖြစ်နေတာကြောင့် လက်ရှိ ချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်ဟာ အနီးဆုံးပြိုင်ဘက်ကို အမှတ်ဖြတ် ဗိုလ်စွဲသွားလိမ့်မယ်လို့ပဲ ရက်ပ်နက်က ယုံကြည်နေပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းကြောင်းနဲ့ပတ်သက်လို့ ရက်ပ်နက်က " လက်ရှိအချိန်မှာ အာဆင်နယ်က အမှတ်ဖြတ် ဗိုလ်စွဲတာထက် အခြားဖြစ်ရပ်မျိုး ကျွန်တော် မမြင်မိသေးပါဘူး။ " " အစောပိုင်းပဲ ရှိသေးပေမဲ့ အာဆင်နယ်ဟာ အခြားအသင်းအားလုံးထက် ခေါင်းတလုံးမက သာလွန်နေပါတယ်။ " ရက်ပ်နက်က " မန်စီးတီးရဲ့ ရှုံးပွဲကြောင့် အာဆင်နယ် အနေအထားက ပိုကောင်းသွားပါတယ်။ အခုဆိုရင် အာဆင်နယ်ကို ယှဉ်နိုင်မဲ့အသင်းက ဘယ်အသင်းလဲ ... " " တသင်းမှ ရှိမယ် မထင်ပါဘူး။ " " အမှတ်ပေးဇယားကို ကြည့်လိုက်မယ်ဆိုရင် ဘရိုက်တန် ဖြစ်နိုင်တယ်လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်ရာသီ မတိုင်မီမှာ ဘရိုက်တန်က ဒီအဆင့် ရောက်လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ " လို့ သုံးသပ်သွားတာပါ။
𓃰𝐌𝕚𝕟 𝐊𝕙𝒂𝗻𝕥 𝐓𝕙𝙪 𓃰
Region: MM
Monday 09 November 2026 04:09:17 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @min.khant.thu117, please go to the Tikwm
homepage.