@cmk001817lt: မယ်ဇလီဖူးသုပ် အန္တရယ် တန်ဆောင်မုန်းလပြည့် ည၁၂နာရီရောက်တာနဲ့ ဆေးပေါင်းခတယ်ဆိုပြီး မယ်ဇလီဖူးကိုသုပ်စားကြပါတယ်။ တန်ဆေးလွန်ဘေးဆိုတာလေးတော့ မမေ့ကြပါနဲ့။ အထူးသဖြင့်သွေးတိုးရှိတဲ့သူတွေ ဆေးဝင်တယ်ဆိုပြီး မယ်ဇလီဖူးသုပ်ကို အဝအပြဲသွားမစားမိပါစေနဲ့။ သွေးတက်ပြီး ခေါင်းတွေထိုးဇက်တွေ လေးလံလာပါလိမ့်မယ်။ အဆိုးဆုံးကတော့ဝမ်းချူပ်နေရင် ဦးနှောက်သွေးကြောပေါက်မှာ။ လေဖြတ်မှာပါကြောက်ရပါတယ်။ နောက်မယ်ဇလီဖူးသုပ်ကို အရက်နဲ့မြည်းကြပါတယ်။ အတော်အန္တရယ်များတဲ့ ကိစ္စပါ။ မယ်ဇလီဖူးဟာ အခါးလေကို ကောင်းစေပါတယ်။ အရက်ကလည်းအခါး ဒါပေမယ့် အရက်က ပူခါး မယ်ဇလီဖူးကအေးခါး အပူနဲ့ အအေးဆန့်ကျင်ဘက်ဖြစ်နေလို့ အရက်သောက်ရင်း မယ်ဇလီဖူးသုပ်စားရင် လေဖြတ်ရင်ဖြတ်မဖြတ်ရင် ရှော့ဖြစ်တတ်ပါတယ်။ အာရုံကြောထိပြီး အတိတ်မေ့သွားတတ်ပါတယ်။ အထူးရှောင်ကြဖို့ သတိပေးပါရစေ။ နောက်တစ်ခု ထပ်သတိပေးချင်တာက မယ်ဇလီဖူးမှာ ပါတဲ့ဓာတ်က ရောဂါကူးစက်လွယ်စေပါတယ်။ထပ်သတိပေးချင်တာကတော့ မယ်ဇလီဖူးကို အန္တရယ်ကင်းကင်းစားသုံးမယ်ဆိုရင် အနည်းဆုံး နှစ်ရေခန့် ပြုတ်ပြီးမှသုပ်ပါ။ မန်ကျီးသီးရေထည့်သုပ်ပါ။ ဆားစတိသာထည့်ပါ။ စားပြီးလျှင် လေဆေးလျှက်ဆားလေး စားဖို့မမေ့ပါနဲ့။ အရက်နဲ့ လုံးဝမတည့်ပါ။ သဘာဝဆေးကို ဘေးမဖြစ်စေရန် သုံးဆောင်နိူင်ကြပါစေသော်။ ဆရာကြီးဦးဘိုလင်း (နန်းတော်ရှေ့) အစာလဲဆေး ဆေးလဲအစာ စားတတ်ကြပါစေ #မူရင်းရေးသားသူကို crd ပေးပါသည်...😊

ZAW MIN AUNG
ZAW MIN AUNG
Open In TikTok:
Region: US
Monday 09 November 2026 04:12:08 GMT
466
6
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @cmk001817lt, please go to the Tikwm homepage.

Other Videos


About