@myothant3009: မက်သီးယပ်စ် ကွန်ညာရဲ့ ပွဲအပြီး အင်တာဗျူးစကားများ "ကျွန်တော် တကယ်ကို ပင်ပန်းနွမ်းနယ်နေသလို စိတ်ပျက်လည်း ဖြစ်မိပါတယ်။ မကြာသေးခင်ကမှ ကျွန်တော်တို့ရဲ့ ဂိုးပေးရတဲ့ အမှားတွေနဲ့ နောက်ကနေ လိုက်ကစားရတဲ့အခါ ပြသခဲ့တဲ့ စိတ်ဓာတ်အကြောင်း ပြောခဲ့ကြသေးတယ်။ ဒီနေ့လည်း အဲဒီအတိုင်း ထပ်ဖြစ်ပြန်ပါပြီ။ ကျွန်တော်တို့ဟာ အရင်ဆုံး ဂိုးပေးလိုက်ရမှ မန်ချက်စတာယူနိုက်တက်အသင်းတစ်သင်း ကစားသင့်တဲ့ပုံစံအတိုင်း ပြိုင်ဘက်ကို အပြင်းအထန် တိုက်စစ်ဆင်ကစားကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ အဲဒီလို ကစားနိုင်ဖို့ ဂိုးအရင်ပေးရတဲ့အထိ စောင့်နေစရာ မလိုပါဘူး။ အစကတည်းက ကျွန်တော်တို့ရဲ့ အရည်အသွေးနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသနိုင်ခဲ့မယ်ဆိုရင် အခုထက် ပိုပြီး အနိုင်ရခဲ့မှာပါ။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အခက်တွေ့အောင် လုပ်နေကြရတာလဲဆိုတာ ကျွန်တော်လည်း နားမလည်ပါဘူး။ ကျွန်တော်တို့အားလုံး ကြိုးစားအားထုတ်နေကြပြီး အရာအားလုံးကို အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ ဒါကြောင့် ပွဲစကတည်းက ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ တာဝန်ယူမှုနဲ့ပတ်သက်လာရင် ကွင်းထဲဆင်းကစားနေကြတာ ကျွန်တော်တို့ကိုယ်တိုင်ပါ။ ဒါကြောင့် ဒီအခြေအနေကို ဖြေရှင်းရမယ့်တာဝန်ကလည်း ကျွန်တော်တို့မှာပဲ ရှိပါတယ်။ ကွင်းပြင်ပက အခြေအနေတွေ ပြောင်းလဲလာမှသာ ကျွန်တော်တို့ရဲ့ အခြေအနေကို ပြုပြင်နိုင်မယ်ဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်ပဲ ကွင်းထဲဝင်တဲ့အခါ စိတ်ဓာတ်နဲ့ ခံယူချက်ကို ပြောင်းလဲရမှာဖြစ်ပြီး ပွဲအပေါ် ပိုပြီးအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ပရိသတ်တွေက ကျွန်တော်တို့ကို အားမပေးတော့ဘူးလို့တော့ မခံစားရပါဘူး။ သူတို့လိုချင်တာက အသင်းကို ကောင်းကောင်းကစားစေချင်တာပါပဲ။ ဒါကြောင့် ဒီလိုမျိုး ဂိုးတွေလွယ်လွယ်ကူကူ ပေးနေတာကို ရပ်တန့်ရပါမယ်။" မက်သီးယပ်စ် ကွန်ညာ ဒီအင်တာဗျူးကတော့ တကယ်ကို လေးစားစရာကောင်းပါတယ်။ အထူးသဖြင့် သဘောကျမိတာက ကွန်ညာဟာ ဘယ်သူ့ကိုမှ အပြစ်ပုံချမနေဘဲ ကိုယ့်ကိုယ်ကိုယ်နဲ့ အသင်းဖော်တွေကိုပဲ အရင်ဆုံး တာဝန်ယူခိုင်းခဲ့တာပါ။ ကွင်းပြင်ပက ပြဿနာတွေ၊ နည်းပြအပြောင်းအလဲတွေကို အကြောင်းပြချက်လုပ်မနေဘဲ ကွင်းထဲဆင်းကစားနေတဲ့သူတွေကပဲ အရင်ဆုံး ပြောင်းလဲရမယ်ဆိုတဲ့ ခံယူချက်ပါ။ ဒါဟာ တကယ့်ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ဓာတ်ပါပဲ။ အသင်းကို ချစ်တဲ့သူ၊ အနိုင်ရချင်စိတ်ရှိတဲ့သူတစ်ယောက်ရဲ့ စကားတွေပါ။ ကွန်ညာရေ... မင်းကို တကယ်လေးစားတယ်။ ဒီအသင်းအတွက် တိုက်ပွဲဝင်ပေးနေတာ ကျေးဇူးတင်ပါတယ်။ တစ်နေ့နေ့မှာ ဘရူနိုရဲ့နောက် ကပ္ပတိန်လက်ပတ်ကို မင်းဆက်ခံတာ မြင်ချင်ပါတယ်။ #MUFC #ggmu
Myo Thant
Region: US
Monday 09 November 2026 06:13:08 GMT
Music
Download
Comments
အမုန်း မရှိ ကမ္ဘာ :
မှန်ပါတယ်
ပရိတ်သတ်ဘက်ကလဲ မှန်မှန်ကန်ကန်လေးဖြစ်ဖို့တော့လိုတယ်
ဘာလို့လဲဆိုတော့ ကာရစ်ကိုကျ မန်ယူကစားသမားဟောင်းဆိုပြီး အရမ်းကာကွယ်ပေးပြီး ကစားသမားတွေကျ အရမ်းအပြစ်ဖို့လွန်းတယ်
ေမးချင်တာက. အဲဒီကစားသမားတွေကရော မန်ယူကစားသမားတွေ မဟုတ်ကျဘူးလား အဲဒီတခုပဲ မေးချင်ပါတယ်
တကယ်တမ်းတွက်ကပ်ပြောရရင်
ဂစ်တို့ ပေါ့စခိုးတို့လောက် ကာရစ်က. မန်ယူကစားသမားဟောင်း မစစ်စစ် ကြီး မဟုတ်သေးပါဘူး စပါးကနေ ရောက်လာတာပါ
မန်ယူကိုသံဇောဇဥ်ရှိရင် မန်ယူနဲ့ဆက်နွယ်နေသမျှ ဘက်မလိုက်ပဲရှိနေဖို့လိုပါတယ်
မနှိုင်းယှဥ်သင့်တာကို မနှိုင်းယှဥ်ပါနဲ့
တယောက်နဲ့တယောက်မတူပါဘူး
2026-11-09 10:36:43
1
To see more videos from user @myothant3009, please go to the Tikwm
homepage.