@sept71026: " ကံမတူရင် ကြာကြာမဆုံပါဘူး " တစ်ချို့လူတွေဟာ ကိုယ့်ဘဝထဲမှာ အမြဲရှိနေဖို့ ရောက်လာတာ မဟုတ်ပါဘူး ကိုယ့်စိတ်ကို ရင့်ကျက်လာစေဖို့ သင်ခန်းစာတစ်ခုအနေနဲ့ ခဏတာ ဖြတ်သန်းသွားလာရုံပါ။ အစမှာတော့ လူတိုင်းက ကိုယ့်အတွက် အရေးကြီးသူ လို့ ထင်ရတယ်။ အမြဲတမ်း အတူရှိမယ်လို့လည်း ယုံကြည်မိတတ်ကြတယ်။ ဒါပေမယ့် အချိန်ဆိုတာ ကြာလာလေလေ လူတွေရဲ့ စိတ်နေစိတ်ထား တန်ဖိုးထားတဲ့အရာ ရည်ရွယ်တဲ့ဘဝ လျှောက်တဲ့လမ်းတွေက မတူညီလာတော့ဘူး။ အဲဒီအချိန်မှာ အရင်လို မနီးတော့တာဟာ မေတ္တာကုန်သွားလို့တော့ မဟုတ်ပါဘူး အတူ လျှောက်ဖို့ မသင့်တော့တာ ပါ။ မြစ်တစ်စင်းထဲ စီးလာတဲ့ ရေတွေတောင် အကွေ့အကောက်ရောက်ရင်လမ်းကြောင်းအကွေ့အကောက်ရောက်ရင်လမ်းကြောင်း ပြောင်းပြီ ကွဲသွားတတ်တယ်။ လူ့ဘဝတွေကလည်း ဒီလိုပဲခဏတာဆုံကြ တယ်။ ခဏတာ နွေးထွေးကြတယ်။ ပြီးရင် တစ်ယောက်တစ်လမ်းစီ ဖြစ်သွားပြန် ကြတယ်။ လောကဓမ္မအရဖက်တွယ်ကြတယ်။ ဆုံခြင်းနောက်မှာ ခွဲခြင်းက ရှိနေပြီးသားပဲမဟုက်လား။ ဒါကို လက်မခံနိုင်တဲ့အခါ လူတွေက နာကျင်ကြတယ်။ မသင့်တော့တဲ့ ဆက်ဆံရေးကိုတောင် အတင်းဆွဲထားချင်ကြတယ်။ လက်ထဲက သဲကို ပိုဖမ်းလေလေ ပိုထွက်ကျ ဖြစ်သလို မဖြစ်နိုင်တော့တဲ့ လူတစ် ယောက်ကို အတင်းဖက်တွယ်လေလေ ကိုယ့် စိတ်ပဲ ပိုပင်ပန်းလာလေလေ ဖြစ်တတ်လေ ဒါပေမယ့် သစ်ပင်တစ်ပင်ဟာ အရွက်ဟောင်းတွေ မ ကြွေမချင်း အရွက်သစ်တွေ မထွက်နိုင်ဘူး။ ဘဝမှာလည်း မသင့်တော်တော့တဲ့ လူတွေ မ ထွက်သွားမချင်း ကိုယ့်အတွင်းက ငြိမ်းချမ်းမှု အသစ်တွေ မဝင်လာနိုင်သေးဘူး။ တချို့လူ တွေ ဝေးသွားတာဟာ ဆုံးရှုံးမှုတစ်ခုလို ထင်ရ ပေမယ့် တကယ်တော့ ကိုယ့်စိတ်ကို ကယ်တင် ပေးသွားတာ ဖြစ်နေတတ်တယ်။ ဘာလို့လဲဆိုတော့ ဘုန်းကံချင်း မတူတဲ့သူတွေဟာ အချိန်တန်ရင် အလိုလို ဝေးသွားတတ်ပြီး ဘုန်းကံတူတဲ့သူတွေကတော့ ဘယ်လောက် ဝေးဝေး တစ်နေ့မှာ ပြန်ဆုံလာတတ်လို့ပါ။ ဒါ ကြောင့် ဘဝထဲက ထွက်သွားတဲ့သူတိုင်းကို မုန်းနေဖို့အထိ မလိုပါဘူး။ တချို့လူတွေက ကိုယ့်ဘဝထဲမှာ ရှိနေဖို့ မဟုတ်ဘဲ သင်ပေးဖို့ ရောက်လာခဲ့ကြတာပါ။ နောက်ဆုံးပြောချင်တာက လူတစ်ယောက် ဆုံးရှုံးသွားတာထက် ကိုယ့်စိတ်အေးချမ်းမှုကို ပြန်ရလိုက်တာက ပိုတန်ဖိုးရှိတယ်ဆိုတာကို အချိန်တန်ရင် နားလည်လာပါလိမ့်မယ်။
September⭐
Region: MM
Monday 09 November 2026 08:42:57 GMT
Music
Download
Comments
🎀🌻မေ🌻 :
စာလေးပြန်တင်ခွင့်ပါ
2026-11-09 15:09:20
0
MG KYAW MYO HTUN :
စာသားလေးပို့ပေးပါလားဗျာ🥰
2026-11-09 13:25:19
0
🍀🫧 :
ခနတာကလဲနော် ၂နှစ်ကျော်တောင်😅
2026-11-09 14:07:19
0
စံစံ :
[Heartwarming][Heartwarming][Heartwarming]
2026-11-09 11:58:59
0
sate say yar..♈ :
🥰🥰🥰
2026-11-09 11:29:20
0
လရောင်. 🇲🇾 :
[လိုက်ခ်][လိုက်ခ်][လိုက်ခ်]
2026-11-09 11:25:30
0
ချစ်ရအောင် :
🥰🥰🥰
2026-11-09 14:38:50
0
To see more videos from user @sept71026, please go to the Tikwm
homepage.