@kyaw.kyaw78318: အဘိုးအိုတစ်ယောက်ရှိတယ်။ အဘိုးအိုရဲ့ဆိုင်လေးထဲမှာ အရွယ်အစားတူ ခေါင်းလောင်းလေးတွေအများကြီးရှိပေမဲ့ တစ်လုံးနဲ့တစ်လုံး အသံထွက်ပုံချင်းတော့မတူကြဘူး။တချို့က ကြည်လင်တဲ့အသံလေးထွက်သလို၊တချို့ကတော့ နူးညံ့ပြီးတိုးတိတ်တဲ့အသံလေးတွေ ထွက်တတ်ကြတယ်။ တစ်နေ့မှာလူငယ်တစ်ယောက်ဟာ ခေါင်းလောင်းတစ်လုံးဝယ်ဖို့ အဘိုးအိုရဲ့ ဆိုင်လေးကိုရောက်လာခဲ့တယ်။ သူဟာ ခေါင်းလောင်းလေးတွေကို တစ်လုံးပြီးတစ်လုံး တီးကြည့်ရင်း အသံအကြည်လင်ဆုံးခေါင်းလောင်းတစ်လုံးကိုရွေးချယ်လိုက်တယ်။ အဲဒီနောက် တခြားခေါင်းလောင်းလေးတွေကို ဆက်ကြည့်နေရင်း ထောင့်တစ်နေရာမှာရှိနေတဲ့ ခေါင်းလောင်းလေးတစ်လုံးကိုသတိထားမိသွားတယ်။ သူက ခေါင်းလောင်းလေးကိုကောက်ယူကြည့်ပြီး တီးကြည့်လိုက်ပေမယ့် အသံမထွက်လာတဲ့အတွက် အဘိုးအိုကို မေးလိုက်တယ်။ “အဘိုး ဒီခေါင်းလောင်းက ဘာလို့အသံမထွက်တာလဲဗျ။ပျက်နေတာလား။” အဘိုးအိုက ခေါင်းလောင်းလေးကိုလက်ထဲယူပြီး သေချာကြည့်လိုက်တယ်။ “မပျက်ပါဘူးကွယ်။အသံထွက်ဖို့လိုအပ်တဲ့ အတွင်းက လျှာလေး မတပ်ရသေးတာပါ။” အဲဒီလိုပြောပြီး ခေါင်းလောင်းလေးထဲကိုလျှာလေးတပ်ဆင်ပေးလိုက်တယ်။ပြီးတော့ ညင်သာစွာတီးပြလိုက်တဲ့အခါ ဆိုင်လေးတစ်ခုလုံးကို ကြည်လင်တဲ့အသံလေးတစ်ခု ပျံ့နှံ့သွားခဲ့တယ်။ လူငယ်လေးကအံ့ဩသွားပြီး ခေါင်းလောင်းလေးကို ပြန်ကြည့်နေမိတယ်။ ခဏအကြာမှာပဲ ဆိုင်ထဲကိုလူတစ်ယောက် ဝင်လာခဲ့တယ်။သူ့လက်ထဲမှာလည်း ခေါင်းလောင်းအဟောင်းလေးတစ်လုံး ပါလာတယ်။ “အဘိုးရေ ကျွန်တော့်ခေါင်းလောင်းလေးကအရင်လို အသံမကောင်းတော့ဘူးဗျ။ပြင်လို့ရပါ့မလား။ဒါမှမဟုတ် ပြင်မနေတော့ဘဲ အသစ်တစ်လုံးဝယ်လိုက်တာ ပိုကောင်းမလား ''လို့မေးလာတယ်။ အဘိုးအိုက ခေါင်းလောင်းလေးကို လက်ခံယူပြီးကြည့်လိုက်တယ်။ “အရင်လို အသံမကောင်းတော့တာနဲ့စွန့်ပစ်ဖို့တော့ မလိုသေးပါဘူးကွယ်။ဘာကြောင့် အသံပြောင်းသွားတာလဲဆိုတာအရင်ရှာကြည့်ရမှာပေါ့။တစ်ခါတလေ ပျက်နေတာမဟုတ်ဘဲ ပြုပြင်ပေးဖို့ လိုနေတာလည်းဖြစ်နိုင်တာပဲ။” အဘိုးအိုရဲ့ စကားကို ကြားလိုက်ရတဲ့ ခေါင်းလောင်းလာဝယ်တဲ့ လူငယ်ဟာ ခဏလောက် ငြိမ်သက်သွားခဲ့တယ်။ သူ့ဘဝမှာလည်း ဒီလိုအဖြစ်မျိုးတွေ ရှိခဲ့ဖူးတယ်လို့ တွေးမိနေခဲ့တယ်။လူတချို့ရဲ့ အပြုအမူတစ်ခုတည်းကိုကြည့်ပြီး စိတ်ထားကိုဆုံးဖြတ်ခဲ့ဖူးတယ်။နားမလည်နိုင်တဲ့ အခြေအနေတွေကြုံလာတဲ့အခါမှာလည်း သူတို့ရဲ့ အကြောင်းရင်းကိုသိအောင်ကြိုးစားဖို့ထက် အဆက်အသွယ်ဖြတ်ဖို့ကိုပဲ ရွေးချယ်ခဲ့ဖူးတယ်။ အခုတော့ ခေါင်းလောင်းလေးတစ်လုံး အသံမထွက်တာတောင် အကြောင်းရင်းကိုရှာဖွေဖို့လိုသေးတယ်ဆိုရင် လူတစ်ယောက်ရဲ့အခြေအနေကိုလည်း အပေါ်ယံမြင်ရတာလေးနဲ့ ဆုံးဖြတ်ဖို့သင့်ပါ့မလားလို့တွေးမိသွားတယ်။ ခဏအကြာမှာ လူငယ်ဟာ အဘိုးအိုဘက်ကိုလှည့်ပြီး မေးလိုက်တယ်။ “အဘိုး၊လူတွေလည်းဒီလိုပဲလားဗျ။” အဘိုးအိုကပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ “လူတွေလည်း ဒီလိုပါပဲကွယ်။တချို့လူတွေဟာ ကိုယ့်မှာရှိတဲ့အရည်အချင်းကို ဘယ်လိုဖော်ထုတ်ရမလဲမသိသေးတာလည်းဖြစ်နိုင်တယ်။တချို့ကတော့အခွင့်အရေးမရသေးလို့ သူတို့ရဲ့အစွမ်းအစကို မပြသနိုင်ကြသေးဘူး။တချို့ကျတော့လည်း နားလည်ပေးမယ့်သူမရှိခဲ့လို့ ကိုယ့်ရဲ့စိတ်ရင်းကို ဖွင့်မပြရဲကြတာမျိုးရှိတတ်တယ်။” အဘိုးအိုဟာခေါင်းလောင်းလေးကိုသေချာသုတ်သင်ရင်း စကားဆက်တယ်။ “လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ဆီကအခုမြင်နေရတဲ့ အရာတွေနဲ့ပဲတိုင်းတာလို့မရဘူးကွဲ့။တစ်ခါတလေ ကိုယ်မမြင်နိုင်သေးတဲ့အရည်အချင်းတွေ၊ကိုယ်မသိနိုင်သေးတဲ့စိတ်ထားကောင်းတွေ သူ့အတွင်းမှာရှိနေနိုင်တယ်။ဒါကြောင့် လူတစ်ယောက်ကိုအကဲမဖြတ်ခင် သူ့အကြောင်းကို နည်းနည်းလေးပိုသိအောင် ကြိုးစားကြည့်သင့်တာပေါ့။” လူငယ်ဟာ အဘိုးအိုရဲ့စကားတွေကို တိတ်တဆိတ် နားထောင်နေခဲ့တယ်။ နောက်ဆုံးမှာတော့ အစောပိုင်းကရွေးချယ်ထားတဲ့ ခေါင်းလောင်းလေးအပြင် ခုဏမှလျှာလေးထည့်လိုက်လို့ အသံထွက်လာတဲ့ခေါင်းလောင်းလေးကိုပါဝယ်ယူသွားခဲ့တယ်။ အဲဒီနေ့ကစပြီး သူဟာ လူတစ်ယောက်ကိုတွေ့တဲ့အခါ အပေါ်ယံမြင်ရတဲ့အခြေအနေတစ်ခုတည်းနဲ့ ဆုံးဖြတ်ဖို့ထက် သူ့အကြောင်းကိုပိုနားလည်အောင်ကြိုးစားတတ်လာခဲ့တယ်။ __________________________________ တစ်ခါတလေလူတစ်ယောက်ရဲ့ တိတ်ဆိတ်မှုနောက်ကွယ်မှာ ပြောမပြတတ်တဲ့အကြောင်းရင်းတွေ ရှိနေနိုင်သလို၊သူ့ရဲ့အပြုအမူတစ်ခုနောက်ကွယ်မှာလည်း ကိုယ်မသိနိုင်သေးတဲ့ အခြေအနေတွေရှိနေနိုင်ပါတယ်။ တချို့အရည်အချင်းတွေဟာ အခွင့်အရေးမရသေးလို့သာပေါ်မလာတာဖြစ်နိုင်သလို၊တချို့စိတ်ထားကောင်းတွေဟာလည်းနားလည်ပေးမယ့်သူ မတွေ့သေးလို့သာ တိတ်ဆိတ်နေတာဖြစ်နိုင်ပါတယ်။ တိတ်ဆိတ်နေခြင်းဟာတန်ဖိုးမရှိခြင်း မဟုတ်သလို၊မတောက်ပသေးခြင်းဟာလည်း တောက်ပနိုင်စွမ်းမရှိခြင်း မဟုတ်ပါဘူး။ လူတစ်ယောက်ကိုအကဲဖြတ်ဖို့ဆိုတာ လွယ်ကူပေမဲ့ သူ့အကြောင်းကိုနားလည်ပေးဖို့တော့ စိတ်ရှည်မှုနဲ့ ကိုယ်ချင်းစာတရား လိုအပ်ပါတယ်။ တစ်ခါတလေ လူတစ်ယောက်ရဲ့တန်ဖိုးကိုမြင်နိုင်ဖို့ဆိုတာ သူ့ကိုအကဲခတ်ရုံသူ့ဆီကဘာတွေထွက်ပေါ်လာသလဲဆိုတာကြည့်ရုံထက်၊သူ့အတွင်းမှာ ဘာတွေရှိနေနိုင်သလဲဆိုတာတွေးပေးတတ်ဖို့လည်းလိုအပ်ပါသေးတယ်။💝 #hlaingeducation #ခွန်အားရှိသောစာတ်ိုများ💙 #ပုံပြင် #လူငယ်များအတွက်ဗဟုသုတစာပေများ #စာပေချစ်သူ
kyaw kyaw
Region: MM
Monday 09 November 2026 09:03:26 GMT
Music
Download
Comments
💗Moe San Dar💗 :
ပြန်တင်ခွင့်ပြုပါရှင့်း[Heartwarming][Twin hearts]
2026-11-20 05:55:10
1
ဦးမောင်းဇော်ဝင်း သမီးအလတ်🍀 :
တန်းဖိုးအရမ်းရှိတယ် စာဖက်ရတာကြိုက်နှစ်သက်သူမို့လို့လား မသိ
2026-11-17 01:50:57
1
カズキ🎀👾🎶 :
အရမ်းကြိုက်တဲ့စာသားလေးဘဲ
2026-11-17 05:10:27
1
Aung Pyae phyo :
Very nice ကူးယူခွင့် ရှယ်ခွင့်ပြုပါဗျ
👍👍👍🥰🥰🥰❤️❤️❤️💯💯💯
2026-11-16 07:40:54
1
Nway :
ပြန်သုံးမယ်နော်
2026-11-10 02:54:56
1
papayasi8 :
vrrrygood
2026-11-09 11:38:57
1
Moe Moe သာစည်သူ :
👍👍👍
2026-11-18 06:57:00
0
NYO GYI :
save မယ်ဗျ
2026-11-16 13:29:50
1
Win :
👌👌👌👌👌👌👌👌👌👌👌👌👌👌👌
2026-11-11 04:05:08
1
chothet :
[Like][Like]
2026-11-19 16:05:09
1
🌷 Khin💞 :
[Like]
2026-11-10 03:32:04
1
小花🌸🌸🌸 :
👍👍👍
2026-11-09 14:38:42
1
shwelin :
🥰🥰🥰🥰
2026-11-09 13:36:12
1
Thukha May May :
😊😊
2026-11-19 15:34:43
0
To see more videos from user @kyaw.kyaw78318, please go to the Tikwm
homepage.