@mamaaye312: လူတစ်ယောက်ကို မေ့ဖို့ဆိုတာ အချိန်ဘယ်လောက်ကြာတတ်လဲဟင်… တစ်လလောက်လား၊ တစ်နှစ်လောက်လား၊ ဒါမှမဟုတ် တစ်သက်လုံးများလား။ တစ်ချိန်က ကိုယ့်နေ့ရက်တိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တဲ့သူကို အခုတော့ မသိသလို၊ မရင်းနှီးသလို နေနေရတာ တကယ်ကို ခက်ခဲလွန်းပါတယ်။ အရင်ကဆို သူ့အသံလေးကြားရရင် ပျော်ခဲ့ရတယ်။ သူ့ဆီက စာလေးတစ်ကြောင်းရရင် တစ်နေ့လုံး ကြည်နူးခဲ့ရတယ်။ အခုတော့ အဲ့ဒီအရာလေးတွေကို ပြန်တွေးမိတိုင်း မျက်ရည်ဝဲရတယ်။ အဆိုးဆုံးက သူမရှိတော့တဲ့ဘဝကို နေသားကျအောင် ကြိုးစားနေရပေမယ့် စိတ်ထဲမှာတော့ သူပြန်လာမယ့်နေ့လေးကို မျှော်လင့်နေမိသေးတာပါပဲ။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် သနားမိတယ်။ မရှိတော့တဲ့သူတစ်ယောက်အတွက် ဒီလောက်ထိ လွမ်းနေမိရသလားလို့ပေါ့။ သူကတော့ ကိုယ့်ကို မေ့သွားလောက်ပြီထင်ပါရဲ့။ ကိုယ်ကတော့ သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ အမှတ်တရလေးတွေကိုတောင် မဖျက်ရက်သေးဘူး။ တကယ်တော့ မေ့ဖို့ဆိုတာ မချစ်တော့တဲ့အချိန်မှ ဖြစ်နိုင်တာလားမသိဘူး။ ကိုယ်ကတော့ မေ့ဖို့ကြိုးစားနေရင်းနဲ့တောင် အရင်ကထက် ပိုသတိရနေမိတုန်းပဲ။ သူ့အတွက်တော့ ကိုယ်ဟာ အတိတ်တစ်ခုဖြစ်သွားခဲ့ပေမယ့် ကိုယ့်အတွက်တော့ သူဟာ မျက်ရည်ကျတိုင်း ပြန်သတိရနေမိတဲ့ အတိတ်တစ်ခု ဖြစ်နေတုန်းပါပဲ။ #foryou

Noie 🍀
Noie 🍀
Open In TikTok:
Region: TH
Monday 09 November 2026 09:04:43 GMT
4272
304
0
9

Music

Download

Comments

There are no more comments for this video.
To see more videos from user @mamaaye312, please go to the Tikwm homepage.

Other Videos


About