@twin.kle386: တကယ်တော့ ကိုယ်လည်း လူပဲလေ ပင်ပန်းရင် နားချင်တယ်၊ စိတ်ညစ်ရင် ရင်ဖွင့်ချင်တယ်၊ အဆင်မပြေတဲ့အခါ ကိုယ့်ဘေးမှာ နားလည်ပေးမယ့်သူတစ်ယောက်လောက် ရှိစေချင်တယ်။ ဒါပေမဲ့ ကိုယ့်ဘဝမှာ ဖြစ်လာသမျှအရာတိုင်းကို ကိုယ်တစ်ယောက်တည်းပဲ ဖြေရှင်းနေရတယ်။ အလုပ်မှာ အဆင်မပြေတဲ့နေ့တွေရှိတယ်၊ လူတွေရဲ့စကားတွေကြောင့် စိတ်ထိခိုက်ရတဲ့နေ့တွေရှိတယ်။ အိမ်ပြန်ရောက်ရင်တော့ စိတ်အေးချမ်းရမယ်ထင်ခဲ့ပေမဲ့ တစ်ခါတလေ အဲဒီနေရာမှာတောင် စိတ်ညစ်စရာတွေက ရှိနေပြန်တယ်။ အပြင်မှာတော့ ဘာမှမဖြစ်သလို နေတတ်အောင် ကြိုးစားနေတယ်။ ရယ်စရာရှိရင် ရယ်လိုက်တယ်၊ စကားပြောစရာရှိရင် ပြောလိုက်တယ်။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်တွေမှာတော့ ရင်ထဲက ပင်ပန်းမှုတွေကို ဘယ်လိုဖုံးကွယ်ရမလဲတောင် မသိတော့ဘူး။ တစ်ခါတလေ ကိုယ်ဘာမှားခဲ့လို့ ဒီလောက်တောင် အဆင်မပြေရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ သူများတွေလို အဆင်ပြေပြေနဲ့ ဘဝကို ဖြတ်သန်းချင်ရုံလေးပါ။ ကိုယ်ကြိုးစားသလောက် အရာရာ အဆင်ပြေလာဖို့ မျှော်လင့်ခဲ့မိတာပါ။ ဒါပေမဲ့ ဘာလို့ ကိုယ်ကြိုးစားနေရင်းနဲ့တောင် ပိုပိုပြီး ပင်ပန်းလာရတာလဲ။ ငွေရှာရတာလည်း ပင်ပန်းတယ်၊ ဘဝကို ရှေ့ဆက်ဖို့လည်း မလွယ်ဘူး။ ကိုယ်စိတ်ညစ်နေတဲ့အချိန်မှာတောင် ရပ်နားလို့မရဘူး။ မနက်ဖြန်အတွက် ဒီနေ့ အလုပ်လုပ်ရဦးမယ်။ ကိုယ်မပျော်နေလည်း ပြုံးပြရဦးမယ်။ ကိုယ်ငိုချင်နေလည်း ဘယ်သူမှမမြင်အောင် မျက်ရည်တွေကို သုတ်ပြီး ရှေ့ဆက်ရဦးမယ်။ အပင်ပန်းဆုံးက ကိုယ်ပင်ပန်းနေတာကို ဘယ်သူမှ သတိမထားမိတာပဲ။ ကိုယ်အဆင်ပြေနေတယ်လို့ ထင်နေကြတဲ့သူတွေကိုလည်း ကိုယ်ဘယ်လောက်တောင် ရုန်းကန်နေရလဲဆိုတာ ရှင်းပြဖို့ အားမရှိတော့ဘူး။ တကယ်ဆို ကိုယ်လည်း တစ်ခါတလေ ကလေးတစ်ယောက်လို ငိုချလိုက်ချင်တယ်။ ဘာမှစဉ်းစားစရာမလိုဘဲ ခဏလောက် နားနေချင်တယ်။ ဘဝကြီးကို အမြဲတမ်း အားတင်းပြီး ရင်ဆိုင်နေရတာတွေကို ခဏလောက်တော့ မေ့ထားချင်တယ်။ တကယ်ကို ပင်ပန်းနေပါပြီ ဘဝကို မုန်းလို့မဟုတ်ဘူး။ ဒီဘဝမှာ အဆင်ပြေဖို့အတွက် ကြိုးစားနေရတာတွေ များလွန်းလို့ပါ။ လူတွေကို စိတ်ကုန်လို့မဟုတ်ဘူး။ နားလည်ပေးမယ့်သူမရှိတဲ့အချိန်တွေမှာ ကိုယ့်စိတ်ကိုယ် ပြန်ဖြေသိမ့်နေရတာ ကြာလာလို့ပါ။ တစ်ခါလောက်တော့ ကိုယ်လည်း ဘာမှစိတ်ပူစရာမရှိဘဲ ပျော်ပျော်ရွှင်ရွှင် နေကြည့်ချင်တယ်။ အိပ်ရာဝင်တဲ့အခါ မနက်ဖြန်အတွက် စိတ်မပူချင်တော့ဘူး။ မျက်ရည်တွေနဲ့ အိပ်ပျော်ရတဲ့ညတွေထက် စိတ်အေးချမ်းစွာ အိပ်ပျော်ရတဲ့ညတွေကို ပိုင်ဆိုင်ချင်တယ်။ ကိုယ်လိုချင်တာတွေက အများကြီးမဟုတ်ပါဘူး။ စိတ်ပင်ပန်းမှုတွေ ခဏလောက်ကင်းဝေးချင်တယ်။ ကိုယ်ကြိုးစားနေတာတွေ တစ်နေ့နေ့မှာ အရာထင်လာတာကို မြင်ချင်တယ်။ ကိုယ်ချစ်တဲ့သူတွေအတွက်လည်း စိတ်ပူစရာနည်းတဲ့ဘဝမျိုး ပိုင်ဆိုင်ချင်တယ်။ အခုတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြောနေရတယ်။ တောင့်ခံထားပါဦး ဒီလောက်အထိတောင် ဖြတ်သန်းလာနိုင်ခဲ့တာပဲ။ နောက်ထပ်တစ်ရက်လောက်တော့ ကြိုးစားကြည့်ပါဦး။ တစ်နေ့နေ့မှာ ကိုယ်မျှော်လင့်ထားတဲ့ အေးချမ်းမှုလေးကို ရလာနိုင်ပါတယ် လို့ပေါ့။ ဒါပေမဲ့ တစ်ခါတလေတော့ အားတင်းထားရတာတောင် ပင်ပန်းလွန်းလှပါတယ်။ #စာသားcrd
Twin kle
Region: MM
Monday 09 November 2026 11:19:18 GMT
Music
Download
Comments
🌻Nage🌻 :
စာသားလေးပို့ပေးပ့လားရှင်😞😞
2026-11-09 15:23:03
1
☪💝💟 :
စာသားလေးကကိုယ်နဲ့တထပ်ထဲဖစ်နေလို့ကူးယူခွင့်ပြုပါရှင့်🙂
2026-11-10 13:07:39
0
user7947117816768 :
ဘဝတခုကို ရလာတဲ့အခါ ဒီလောကဓံတွေနဲ့ပဲရင်ဆိုင်နေကြရတာပါ အဲ့လောကဓံတွေဟာလည်းအကောင်းနဲ့အဆိုးဒွန့်တွဲနေကြပါတယ် အဆိုးနဲ့ကြုံလာရင်လည်းလောကဓံကိုကြံ့ကြံ့့ခံနိုင်ရည်ရှိအောင်တော့နေရမှာပဲလေ အကောင်းဆိုတာဟာလဲတည်မြဲမနေသလို အဆိုးဆုံးဆိုတာတွေဟာလဲ အချိန်တခုလောက်ပဲ ကြာရှည်ခံမယ်လို့တော့ပြောလို့မရပါဘူး ဒါကြောင့် မြတ်စွာသောဘုရားရှင်ကလည်းသံတရာမှလွှတ်မြောက်ဖို့အကြောင်းကိုလည်းနည်းလမ်းပေးထားပါတယ် ကျွန်မလေ သက္ကန်းကပ်လှူရင် ဘုန်းတော်ကြီးက သံသာရ ဝဋ်တဒုက္ခတောဆိုတဲ့အပိုဒ်ကလေးကိုရောက်ရင် ိမိမစိတ်ထားလေးက လှူတဲ့သူလည်းမြဲ အလှူခံပုဂ္ဂိုလ်လဲမမြဲပါလားလို့နှလုံးသွင်းပြီးကပ်လှူမိရင် စိတ်ကရုပ်နာမ်ဓမ္မ သခါရ ကြီးကိုသွားမြင်နေမိတယ် ဘာတခုမှကိုယ်ပိုင်ဆိုင်မှု့တွေကလဲမြဲ မိမိလည်းမမြဲတဲ့သဘောကြီးကိုသွားတွေ့နေမိလို့ သံသာလေကူးမယ်တူပြိုင်ဆိုတဲ့သီချင်းကိုပြေးကြားယောင်နေမိတယ် ဟိုမှာဘက်ကမ်းကို မရောက်ခင်စပ်ကြား ဝဲဩဃနဲ့တွေ့မယ်ရေစီးကြမ်းမယ် ဟိုမှာဘက်ကမ်းဆိုတာကလဲ သံတရာလည်ဖို့အတွက်ဆိုက်ကပ်တာပဲလေ လည်ပေတော့ သုခဓံ ဒုက္ခဓံတွေကို နိဗာန်ကိုမျက် မှောက်မပြုနိုင်သေးရင်တော့လေ ဟိုသီချင်းထဲကလို ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်လုပ်တာကိုယ်ရဆိုသလိုပေါ့ ဖိုက်တင်းးးဖိုက်တင်းးး ဖိုက်တင်းးးးပါ
2026-11-10 19:52:19
0
nyo nyo :
ပြန်တင်မယ်နော်
2026-11-10 12:42:02
0
Tugu Shwe :
ဟုပ်တယ်နော့🥰🥰🥰🥰🥰🥰
2026-11-09 11:59:27
1
💞M💞 :
စာသားလေ ပေးပါလာမမ🥰
2026-11-10 15:11:18
0
🍎nyi🍒mar🍓khaing🍒🇹🇭 :
စာသားလေယူမယ်နော်🥰🥰
2026-11-10 10:18:09
0
H ♥* H *♥M♥ :
စာသားလေးပို့ပေးပါလားရှင့်🫶
2026-11-10 09:39:14
0
🤍S🤍 :
ပြန်တင်ခွင့်ပြုပါ🥰🥰
2026-11-10 09:12:07
0
☾ 𝓐..𝓣 ☽ :
စာသားယူမယ်နော်ရှင့်
2026-11-10 05:50:43
0
👸K :
စာသားလေးကြိုက်လို့ပြန်တင်လို့ရလားရှင် ့😘😘😘
2026-11-10 13:21:06
0
su lay :
စာသားလေးကြိုက်လိုပြန်တင်လိုက်တာမိုခွင်လွတ်ပါနော်[Heartwarming][Heartwarming][Heartwarming]
2026-11-10 11:49:53
0
"အမေ့ရဲ့ သမီးကြီး🥰💞💞💞" :
ကိုယ့်အမေကလွဲပြီဘယ်သူမှမရှိ🥺
2026-11-10 14:05:10
0
Theint Theint :
ပြန်တင်မယ်နော်😊
2026-11-10 10:56:44
0
maylapyae🐰🍒🐰 :
ပြန်တင်ပါ့ရစေ
2026-11-10 11:37:03
0
Soe theingi khaing :
ပြန်တင်ပါရစေ
2026-11-10 03:25:58
0
user2323745581351 :
ပြန်တင်မယ်နော်
2026-11-10 07:01:36
0
Aye aung :
ပြန်တင်ခွင့်ပြုပါ🥰🥰🥰
2026-11-09 13:54:20
0
MK24 :
ပြန်တင်မယ်နော်
2026-11-10 17:48:56
0
Saung Laypay Saung Laypay :
ြပန်တင်မယ်နော်
2026-11-09 14:59:10
0
Htay Htay Myint :
စာသားလေးယူသုံးမယ်နော်
2026-11-09 20:27:01
0
Aye :
စာသားလေး copy ယူမယ်ရှင့်
2026-11-10 15:12:08
0
❤❤❤Nage❤❤❤ :
စာသားလေး copy ယူပါရစေရှင့်
2026-11-10 06:02:10
0
yu ki🌺 :
😢😢😢
2026-11-10 08:22:07
0
yinghom6482 :
😌😌😌
2026-11-09 14:20:27
0
To see more videos from user @twin.kle386, please go to the Tikwm
homepage.