@sarto8526: အိန္ဒိယနိုင်ငံ၊ ဥတ္တရာပဒေသ်ပြည်နယ်၊ ဘာ့ဂ်ဖတ်က ဗီဂျေး ကူမား ရှာမာ ဟာ ၁၉၉၉ ခုနှစ်ကတည်းက ဖခင်ဖြစ်သူလိုပါပဲ အစိုးရကျောင်းဆရာတစ်ဦး ဖြစ်လာဖို့ အိမ်မက်မက်ခဲ့သူ ဖြစ်ပါတယ် သူဟာ ပုဂ္ဂလိကကျောင်းတွေမှာ နေ့ဘက် ဟိန္ဒီစာပေ သင်ကြားပေးရင်း ညဘက်ရောက်ရင် အစိုးရဆရာဖြစ် စာမေးပွဲတွေအတွက် ကြိုးစားလေ့လာခဲ့ပါတယ် သူဟာ TGT စာမေးပွဲကို ၆ ကြိမ်၊ PGT စာမေးပွဲကို ၄ ကြိမ် အောင်မြင်ခဲ့ပြီး အင်တာဗျူး ၈ ကြိမ်အထိ ခေါ်ယူခံခဲ့ရပေမဲ့ နောက်ဆုံးရွေးချယ်ခံရတဲ့ စာရင်းထဲမှာတော့ တစ်ခါမှ ပါဝင်ခွင့် မရခဲ့ပါဘူး။ အဲ့လိုနဲ့အကြိမ် ၂၀ ကျော်အထိ လွဲချော်ခဲ့ရပေမဲ့ သူကတော့ ဇွဲမလျှော့ခဲ့ပါဘူး နောက်ဆုံး ၂၀၂၆ ခုနှစ်၊ အသက် ၅၉ နှစ်အရွယ်ကို ရောက်လာတဲ့အခါမှာတော့ ရှမ်လီခရိုင်က အစိုးရအထောက်အပံ့ခံ ကျောင်းတစ်ခုမှာ TGT သက္ကတဘာသာသင်တဲ့ ဆရာရာထူးကို အောင်မြင်စွာ ရရှိခဲ့ပြီး စက်တင်ဘာ ၂၂ ရက်နေ့မှာ ခန့်အပ်လွှာ လက်ခံရရှိခဲ့ပါတယ် အခုဆို အနားယူဖို့ ၂ နှစ်ကျော်ပဲ ကျန်တော့ပေမဲ့ နှစ်ပေါင်း ၂၇ နှစ်ကြာ မဆုတ်မနစ် ကြိုးစားခဲ့တဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် တကယ်ကို လေးစားစရာ စံနမူနာပါပဲ

ဗီလိန်
ဗီလိန်
Open In TikTok:
Region: TH
Monday 09 November 2026 14:45:21 GMT
897
22
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @sarto8526, please go to the Tikwm homepage.

Other Videos


About