@oct23.2005: #နှစ်သိမ့်ပေးပိုင်သူ #ChristianMusic #MyanmarGospel #GodsComfort

ခဲတံ
ခဲတံ
Open In TikTok:
Region: US
Monday 09 November 2026 23:58:30 GMT
7
0
1
0

Music

Download

Comments

oct23.2005
ခဲတံ :
@ခဲတံ: 🎵 နှစ်သိမ့်ပေးပိုင်သူ မိတ်ဆွေ... လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားမှာ သင်ပင်ပန်းနေပြီလား... ဘဝရဲ့အခက်အခဲတွေကို ရင်ဆိုင်ရင်း မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး လက်လျှော့အရှုံးပေးချင်နေပြီလား... ဒါမှမဟုတ် ကိုယ်မဖန်တီးခဲ့တဲ့ ပြဿနာတွေကြားမှာ မြေစာပင်ဖြစ်နေရသူတစ်ယောက်လား... တစ်ခါတလေ ကလေးတစ်ယောက်လို အားရပါးရ အော်ငိုချင်ပေမယ့် ငိုကြွေးခွင့်ရမယ့် ရင်ခွင်တစ်ခုတောင် မရှိသလို ခံစားနေရသလား... ကိုယ့်ရဲ့ခံစားချက်တွေကို တစ်ယောက်ယောက် နားလည်ပေးစေချင်ပေမယ့် နားထောင်ပေးမယ့်သူ မရှိတဲ့အခါ၊ ကိုယ့်ကိုယ်ကိုတောင် အားမလိုအားမရ ဖြစ်နေမိသလား... မိတ်ဆွေ... အမှန်တော့ သင်ဟာ ရင်ခွင်မဲ့နေသူ မဟုတ်ပါဘူး။ သင့်ကို အမြဲလက်ကမ်းကြိုဆိုနေတဲ့ ရင်ခွင်တစ်ခုရှိပါတယ်။ သင်ကသာ အဲဒီရင်ခွင်နဲ့ နီးလျက်သား ဝေးကွာနေမိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း သင်တို့လိုပဲ လူသားထဲက လူသားတစ်ယောက်ပါ။ နာကျင်တတ်တယ်၊ ဝမ်းနည်းတတ်တယ်၊ မျှော်လင့်ချက်တွေ ပျက်စီးသွားတဲ့အခါ မျက်ရည်ကျတတ်တယ်။ တစ်ခါတလေ ကိုယ်အလေးထားဆုံးအရာတွေကပဲ ကိုယ့်နှလုံးသားကို အနာကျင်ဆုံး ဖြစ်စေတတ်ပါတယ်။ လူတွေဆီက နားလည်မှုနဲ့ နှစ်သိမ့်မှုကို မျှော်လင့်ခဲ့ဖူးသလို၊ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ တိတ်တဆိတ် ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သင်ယူခဲ့ရတဲ့ အဖိုးတန်သင်ခန်းစာတစ်ခု ရှိပါတယ်။ လူသားတွေရဲ့ရင်ခွင်က အမြဲတမ်း ခိုလှုံရာဖြစ်မပေးနိုင်ပေမယ့် ဘုရားသခင်ရဲ့ရင်ခွင်ကတော့ ကျွန်တော့်အတွက် အမြဲတမ်း ခိုလှုံရာဖြစ်ခဲ့ပါတယ်။ မထမ်းနိုင်တော့တဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ ဘယ်သူ့ကိုမှ မပြောပြနိုင်တဲ့ နာကျင်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ မျက်ရည်တွေကို ဘုရားရှေ့မှာ ချထားခဲ့တဲ့အခါတိုင်း အလာနဲ့အပြန် မတူတဲ့ ငြိမ်သက်ခြင်းကို ကျွန်တော် ခံစားခဲ့ရပါတယ်။ ပြဿနာအားလုံး ချက်ချင်းပြေလည်သွားလို့ မဟုတ်ပါဘူး။ အခြေအနေတွေ ချက်ချင်းပြောင်းလဲသွားလို့လည်း မဟုတ်ပါဘူး။ အခြေအနေတွေ မပြောင်းလဲသေးပေမယ့် ကျွန်တော့်ရဲ့စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်း ရရှိခဲ့လို့ပါ။ အဲဒီနှစ်သိမ့်ပေးတဲ့သူ၊ ကျွန်တော့်မျက်ရည်တွေကို သိမြင်တဲ့သူ၊ ကျိုးပဲ့နေတဲ့စိတ်နှလုံးကို ပြန်လည်ထူမပေးတဲ့သူကတော့ သခင်ယေရှုခရစ်တော် ဖြစ်ပါတယ်။ မိတ်ဆွေ... သင့်ကို နားလည်ပေးမယ့်သူ မရှိဘူးလို့ ခံစားနေရရင်တောင် သင့်ကို အကြွင်းမဲ့ သိတော်မူတဲ့ ဘုရားသခင် ရှိနေပါတယ်။ သင့်ရဲ့နာကျင်မှုတွေကို လူတွေမမြင်နိုင်ပေမယ့် ဘုရား မြင်တော်မူပါတယ်။ သင့်ရဲ့မျက်ရည်တွေကို လူတွေမသိနိုင်ပေမယ့် ဘုရားက သိတော်မူပါတယ်။ ဒါကြောင့် ဒီနေ့ သင်ပင်ပန်းနေတယ်ဆိုရင်၊ မထမ်းနိုင်တော့တဲ့ ဝန်ထုပ်ဝန်ပိုးတွေ ရှိနေတယ်ဆိုရင် သခင်ယေရှုရဲ့ရင်ခွင်ကို လှမ်းလာခဲ့ပါ…
2026-11-10 00:08:17
0
To see more videos from user @oct23.2005, please go to the Tikwm homepage.

Other Videos


About