@eihtun23: ဘာကိုကြောက်မိသလဲ မေးရင် ကံပါမလာတဲ့အရာတွေ အပေါ် ဇွဲရှိနေမိမှာ ကြောက်တာပဲ ။ လွယ်လွယ်လက်မလျော့ပဲ ခေါင်းမာတတ်တဲ့ကိုယ်က မြတ်နိုးမိတဲ့အရာတစ်ခုကို အမှားအမှန်မသိပဲ စိတ်အား ထက်သန်နေခဲ့မှာကို ကြောက်မိပါတယ် ။ လက်လျော့တာက မကောင်းပေမဲ့ … ကိုယ့်အတွက် ဖြစ် မလာမဲ့အရာအပေါ် ခွန်အားတွေသုံးမိနေတာကို ရပ်တန့် ဖို့လိုမယ် ။ မချစ်ချင်သူက ဘယ်လိုဖြစ်ဖြစ် မချစ်လာမှာမို့ စိတ်ဝင်စားမှုလျော့နည်းသွားသူက ဘယ်လောက် ကြိုးစားပေးပေး စိတ်မလည်လာနိုင်တော့တာမို့ … သဘောမကျသူက မကျမှာပဲမို့ … အလိုက်တသိပဲ ငြိမ် သက်လိုက်တာက ကိုယ့်အတွက် ပို ကောင်းမှာပါ ။ ပြန်မလာချင်သူက ဘယ်လောက်ခေါ်ခေါ်ပြန်မလာ တောမာမိတော့မှာမို့ .. ဆက်မစောင့်တော့ပဲ ကိုယ်တိုင်သာ အနေ ထိုင်တတ်ဖို့ ကြိုးစားရမှာပါ ။ ကိုယ်ဘယ်လောက်ပဲ လိုက်လျောသည်းခံပါစေ .. တချို့ အတွက်က ဘယ်တောမှ မလုံလောက်နိုင်တာမို့ … သူ့ အတွက် Energy တွေ အကုန်မခံတော့ပဲ အရှုံးပေးလိုက် တာက စိတ်အေးချမ်းရမှာပါ ။သေချာပေါက် ဖြစ်မလာ နိုင်မဲ့ … ကြိုးစားသမျှ အရာမထင်မဲ့ ကိုယ့်အတွက် ကံပါ မလာတဲ့ လူ ၊ အလုပ်ကိုင် ၊ ဝါသနာ ၊ နေရာ ၊ ရာထူး စ တာတွေကို ၊ နာကျင်စရာတွေပိုများမလာခင် ရပ်တန်းက ရပ်ပြီး အိမ် ပြန်လိုက်တာက ပိုကောင်းပါတယ် ။ လွန်လေပြီးတဲ့ အချစ် ၊ သံယောဇဉ် နှင့် effort တွေကို သင်ခန်းစာလို့ မှတ်ယူပြီး … ပိုကောင်းမဲ့အရာတစ်ခုကို သာ ထပ်ရွေးချယ်ရမှာပါ ။ ခေါင်းမာတဲ့ ကိုယ်က ကိုယ့်ဘက်မရှိတဲ့သူကို ဆွဲထားခဲ့ဖူးတယ် ။ ကိုယ် လက်လှမ်းမမှီတဲ့အရာကို လိုချင်ခဲ့ဖူးတယ် ။ ကိုယ်နဲ့ကံ မစပ်တဲ့အရာကို စွဲလမ်းခဲ့ဖူးတယ် ။ လက်မလျော့နိုင်ခဲ့ တဲ့ အရာရာအတွက် ကိုယ်ပြန်ရတာ အရှုံးတွေချည်းပါပဲ ဒီနေ့ ဒီအချိန်မှာတော့ … ရင့်ကျက်လာတဲ့စိတ်ကြောင့် ကြောက်တတ်လာတဲ့အရာတစ်ခုကလေ … ကိုယ့် အတွက် ကံပါမလာတဲ့အရာတွေအပေါ် ဇွဲရှိနေမိမှာကိုပဲ။🥀🍂 #စာသားcrd #fyp #viralvideo #view #tiktok

𝗘
𝗘
Open In TikTok:
Region: MM
Tuesday 10 November 2026 06:06:55 GMT
90412
5927
39
446

Music

Download

Comments

bt10802
🏆✎ ဆောင်းအိမ်မက်မေ 👻🌹🌹🌹 :
စာလေးချပေးပါရှင်
2026-11-10 11:48:32
2
phyu53793
🤍𝓟𝓱𝔂𝓾🤍🌸👦👧👧(𝓣𝓰𝓲) :
ပုံလေးယူသုံးမယ်နော်တိုက်ဆိုင်လို့ပါ☺
2026-11-10 10:36:06
1
htar.htar.mon01
HTAR♌ :
စောင့်နေမယ်ပြောတာတောင် ငါတွဲချင်ရင် ကြာပီ ပြန်တွဲတာပေါ့လို့ ပြောခံရတဲ့ဘဝကြီးပါဟာ💔😔
2026-11-10 15:59:34
0
lyah.pakow
💍 :
စာသားလေယူသုံးခွင့်ပြုပါ💔🥹
2026-11-10 12:25:50
1
phway536
😍Phway😍 :
ပုံလေးယူသုံးပါရစေ
2026-11-10 19:12:20
0
nweni15222
သစ်လေးမေမေ :
ကူးယူပါရစေ
2026-11-10 16:59:14
0
pa.270694
Pa Pa 👸 :
ငါလေးဟာ ကံပါမလာတဲ့ အရာပေါ် ဇွဲရှိနေတာပါလားကွယ်......🥺🥺😭😭😭
2026-11-10 16:32:51
0
user14105880884288
ဖားကန့်မြို့။ ဆိုင်းတောင်သူလေး :
ကော်ပိလေးယူပ့ရစေ
2026-11-10 15:55:48
0
khin.hnin.si10
🫶💗Ah Hnin💗🫶 :
တကယ်ကြောက်နေခဲ့တာ💔😭💔
2026-11-10 17:56:56
0
maayemaw080
🫧Ⓜ️🦋 :
စာသားလေးယူသုံးချင်ပါတယ်
2026-11-10 16:20:30
0
khinesweswelwin232
Khine Swe :
တဂယ်ကြောက်နေပါပီ
2026-11-10 14:00:49
0
aye.myat.mon1147
Aye Myat Mon♋ :
ဇွဲရှိနေမိတာပဲ
2026-11-10 14:26:10
0
aye.myat.kyaw858
👑 Myat 👑 :
ပုံနဲ့စာသားလေး ယူသုံးခွင့်ပြုပါရှင့်
2026-11-10 16:43:22
0
kyawtzxujtt
Aslan :
huu
2026-11-10 17:01:20
0
nayminphyoe7
♪ℕ𝕒𝕪 𝕄𝕚𝕟 ℙ𝕙𝕪𝕠𝕖☂ :
ဇွဲရှိနေမိပြီး သံယောဇဉ်တွေပိုမိနေမှတစ်ဖက်လူက ပုံစံတွေပြောင်းလဲပြီး သူ့ဘဝအတွက်ရွေးချယ်ဖို့အစီစဉ်မရှိခဲ့ဘူးတဲ့😔😥💔
2026-11-10 14:31:02
0
popothin1462026
冰淇淋🍨🍫🍓 :
စားသားလေးယူသုံးချင်ပါတယ်
2026-11-10 15:11:31
0
tulip22770
💢💫 :
ပုံနဲ့ စာသားလေးယူသုံးပါရစေရှင်ြ
2026-11-10 15:29:58
0
ziyu292
りん :
ဇွဲရှိနေမိခဲ့တယ်
2026-11-10 06:39:35
0
thae.su7307
HSU☃️ :
ရွေးချယ်မူ့တွေအပေါ်ကျမနောင်တမရချင်ဝူး🥺
2026-11-10 11:49:17
0
uthant273624
S I L E NT :
မျှော်လင့်ရင်းပေါ့ အချိန်တန်ရင်တော့ပျောက်ကွယ်သွားမှာပါလေ[Innocent]
2026-11-10 10:26:35
0
merryhinnu
🌿မတူပီ🌿💓ချင်းမလေး💗 :
စာသားလေးကထိတယ်ရှင့်🥺
2026-11-10 19:26:42
0
98thulay
Than Dar🩷(တောင်ငူသူလေး🌹) :
စာလေးယူသုံးခွင့်ပြုပါလားရှင့်
2026-11-10 13:42:08
0
thazinhtun403
THAZINHTUN :
ဇွဲရှိနေမိပြီ
2026-11-10 11:40:37
0
.bb60631
💚Μâñŝûřâĥ💚 Ĥâ£â£fôôđ mýâñmâř :
အဟုတ်ပဲပေါ့ရှင်🙂
2026-11-10 13:47:07
0
user784942504
win win :
ဟုတ်တယ်
2026-11-10 08:29:17
0
To see more videos from user @eihtun23, please go to the Tikwm homepage.

Other Videos


About