@hsu.hsu360: စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဝမ်းနည်းမှတ်တမ်းသီချင်းထဲက မို့မို့ဆိုတဲ့ အပိုဒ်လေးတပိုဒ် သိပ်ကြိုက်တယ်။ "မှားယွင်းတဲ့လမ်းတွေမှာ သွားတုန်းမှာ ငါပျော်ခဲ့ ရုန်းထွက်ဖို့ တကယ်ခက်ခဲ လွဲမှားတဲ့ဘဝကြီးကို သိခဲ့ရနောက်မှာလေ အမှားများပြန်ပြင်တုန်းမှာ အားလုံးနဲ့ ငါကဝေး.." ကျွန်တော်တို့ဘဝတလျှောက် အမှားတွေနဲ့ အများကြီးရင်ဆိုင်လာခဲ့ရတယ်။ ကျော်လွှားနိုင်ခဲ့တဲ့အမှားရှိသလို ကျူးလွန်မိခဲ့တဲ့အမှားတွေကလည်း တပုံကြီးပဲ။ ဘဝတလျှောက်မှာ လမ်းမှားတွေက ကျွန်တော်တို့ကို လှည့်စားရင်း စောင့်ကြိုနေကြတယ်။ ငွေကြေး၊ အာဏာ၊ လောင်းကစား၊ လိင်၊ မူးယစ်၊ အရက် စသဖြင့်ပေါ့။ လမ်းမှားတွေဟာ ဆွဲဆောင်မှု သိပ်ကောင်းတယ်။ လမ်းမှားပေါ်လျှောက်စအချိန်တွေမှာ ပျော်ဖို့သိပ်ကောင်းတယ်လို့ ခံစားရလေ့ရှိတယ်။ ဒီလိုနဲ့ လမ်းမှားပေါ်လျှောက်ရင်းလျှောက်ရင်း အချိန်ကြာလာတဲ့အခါမှာ ရတဲ့ပျော်ရွှင်မှုထက် ပေးဆပ်လိုက်ရတဲ့ အေးချမ်းမှုက ပိုများနေတာကို မြင်လာတယ်။ ဘဝဟာ လမ်းမှားပေါ်မှာ နစ်သထက် နစ်လာတာကို သိလာတယ်။ ရုန်းထွက်ချင်ပေမယ့်လည်း ရုန်းထွက်ရ အရမ်းခက်လာတယ်။ အမှားတွေကို ပြုပြင်ပြီး ရုန်းထွက်လိုက်တဲ့အခါ အရင်က အတူတူလျှောက်ခဲ့ကြသူတွေဟာ ကိုယ့်အနားမှာ မရှိတော့တာကို မြင်လိုက်ရတယ်။ သူတို့ဟာ ရှေ့ကို အများကြီး ရောက်ကုန်ကြပြီ။ လမ်းမှားပေါ် လျှောက်နေချိန်မှာ အားလုံးနဲ့ ကိုယ်က ဝေးသွားခဲ့ရပြီ။ တခဏတာ အပျော်ဟာ ကိုယ့်ရဲ့တဘဝစာ အပျော်ကို ဖျက်ဆီးပစ်လိုက်ကြပြီ။ လမ်းမှားတွေကို ရွေးမိတဲ့အခါ ပထမဆုံး ကိုယ့်ဘဝကို ဆုံးရှုံးပါတယ်။ ပြီးရင် ကိုယ့်ဘဝကိုတန်ဖိုးထားသူတွေကို ဆုံးရှုံးပါမယ်။ နောက်ဆုံးမှာတော့ လူသားဟာ အားလုံးကို ဆုံးရှုံးသွားရပါလိမ့်မယ်။ ဘုန်းလှိုင် (၂၉.၉.၂၀၂၆) #foryoupageofficiall #foryou

Shwe Yati Store
Shwe Yati Store
Open In TikTok:
Region: US
Tuesday 10 November 2026 07:20:33 GMT
422
25
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @hsu.hsu360, please go to the Tikwm homepage.

Other Videos


About