@yangsiqi03: ဘဝမှာ..တချို့သော လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းတွေဟာ ပိုမိုကောင်းမွန်တဲ့အရာတွေကို လက်ခံရယူနိုင်ဖို့အတွက် လမ်းရှင်းပေးလိုက်ရတာဖြစ်ပါတယ်..။ အချစ်ရေးမှာဖြစ်စေ..ပေါင်းသင်းဆက်ဆံရေးမှာဖြစ်စေ… ကိုယ်သိပ်ခင်တွယ်မက်မောရတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခိုက်အတန့်မျိုးတွေရှိတတ်ပါတယ်..။ သူဟာ ကိုယ့်ဘဝအတွက်တော့ သိပ်ကို တန်ဖိုးထားတွယ်တာစရာ လူတစ်ယောက်ပါပဲ..။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရေစက်ကုန်သွားလို့ သူ့ဖက်ကဖြစ်စေ.. ကိုယ့်ဖက်ကဖြစ်စေ… တွဲထားတဲ့လက်ကိုဖြုတ်လိုက်ရတဲ့အခါ…သိပ်ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုကြီးတစ်ခုလို ခံစားရပါလိမ့်မယ်..။ အသည်းတွေကွဲပြီး နာနာကျင်ကျင် ထိခိုက်ခံစားရပါလိမ့်မယ်..။ ဒါပေမယ့် အချိန်တစ်ခုကြာလာတဲ့အခါ… ကိုယ့်ဘဝအတွက် ပိုပြီးထိုက်တန်ကောင်းမွန်တဲ့လူတစ်ယောက်ဟာ ကိုယ့်နံဘေးနားရောက်လာတာကို သတိပြုမိပါလိမ့်မယ်..။ ကိုယ်သိပ်လိုချင်နေတဲ့ အခွင့်အလမ်းတချို့ ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာဘဲ လွဲချော်လက်လွှတ်လိုက်ရတဲ့ အချိန်အခါမျိုးတွေနဲ့လည်း ကြုံတွေ့ရတဲ့အခါ…ဘဝရဲ့အဆုံးသတ်တစ်ခုလို ခါးခါးသည်းသည်း နာကျင်ခံစားမနေပါနဲ့..။ သူ့ထက်ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုက ပုံစံတစ်မျိုးနဲ့ တခြားတစ်နေရာကနေ ပေါ်ပေါက်လာတတ်ပါသေးတယ်…။ သေချာတာတစ်ခုက ကိုယ့်ရဲ့စိတ်တွေဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ လူတွေ.. အခွင့်အလမ်းတွေအပေါ်မှာ နာကျင်စိတ်တွေနဲ့မက်မောဆုပ်တွယ်မထားဘဲ ပိုမိုကောင်းမွန်တဲ့ လူတွေ.. အခွင့်အလမ်းတွေ ရောက်လာဖို့ လမ်းရှင်းပေးလိုက်ရတာလို့ ခံယူပြီး ပေါ့ပေါ့ပါးပါး ကျေကျေနပ်နပ် လက်လွှတ်တတ်ဖို့လိုပါတယ်…။ ဘဝဟာ ညီမျှခြင်းကျကျပဲ ကိုယ်နဲ့ထိုက်တန်တာကို ပေးတတ်ပါတယ်..။ ဘာပဲလုပ်လုပ် ကိုယ့်ဖက်က ကောင်းမွန်မှန်ကန်တဲ့ စိတ်စေတနာကောင်းလေးသာ ထည့်ပေးလိုက်ပါ..။ ဘာကိုမှမျှော်လင့်တကြီးဆုတောင်းနေစရာမလိုဘဲ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကိုပဲ ပြန်ပြီးလက်ခံရမှာဖြစ်ပါတယ်…။ ဒါကြောင့် ကိုယ်ကစိတ်ကောင်းလေးသာ ထားပေးပါ..။ ကျောခိုင်းနှုတ်ဆက်သွားသူတွေကို နာကျင်စွာ တမ်းတမ်းစွဲမက်မောမနေပါနဲ့..။ ပေါ့ပေါ့ပါးပါးလေး လက်လွှတ်လိုက်ပါ..။ သူ့ထက်ပိုမိုကောင်းမွန်တဲ့သူရောက်လာဖို့အတွက် သူက လမ်းဖယ်ပေးရတာဖြစ်ပါတယ်..။ အလားတူပါပဲ..အလုပ်အကိုင်အခွင့်အလမ်းတစ်ချို့ လက်လွှတ်ဆုံးရှုံးလိုက်ရလို့ ကိုယ့်ဘဝတစ်ခုလုံး ပြီးဆုံးသွားသလို နာကျင်ခံစားမနေပါနဲ့..။ ကိုယ့်အရည်အသွေးနဲ့ ထိုက်တန်တဲ့ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းလာဦးမှာ သေချာပါတယ်..။ ကိုယ့်ရဲ့စိတ်စေတနာမှန်ကန်နေဖို့ပဲ လိုပါတယ်..။ #creatorsearchinsights #foryou #fyp #myanmartiktok🇲🇲🇲🇲 #crd

•𝄟✮͢🦋⃟≛⃝ Yang𝄟✮⃝:Siqi:°
•𝄟✮͢🦋⃟≛⃝ Yang𝄟✮⃝:Siqi:°
Open In TikTok:
Region: MM
Tuesday 10 November 2026 08:45:32 GMT
23585
1619
26
103

Music

Download

Comments

ei.nwe243
Ei Nwe :
အရာရာဟာပိုကောင်းဖို့ဖြစ်လာတာမို့
2026-11-10 08:52:57
3
m.m.m6580
🥰May🥰👩‍❤️‍💋‍👩👩‍❤️‍💋‍👩 :
ပြန်တင်ပါရစေရှင့်
2026-11-10 11:23:03
1
saiko2713
လေဆန်ငှက် :
ပြန်တင်ပါရစေ
2026-11-10 12:26:56
1
zin.lay3455
𝓩𝓲𝓷. 𝓵𝓪𝔂 :
အရာအားလုံးကကောင်းဖို့ဖြစ်လာတာပါအချိန်တခုကခဏတာပါ
2026-11-10 14:05:32
1
mamax6282
Thu zar :
😏😏😏ငါအတွက်အမှိုက်ရှင်းပေးသလိုဘဲ❤️❤️❤️
2026-11-10 13:53:08
1
b.month10
Lwin :
အရာရာဟာကောင်းဖို့ဖြစ်လာတာဆိုတာအမှန်ပဲ🥰
2026-11-10 15:20:02
1
s422791
sóē✨💦 :
ပိုကောင်းဖို့ဖြစ်လာတယ်လို့ပဲတွေးတော့မယ်
2026-11-10 10:50:15
1
uba.soe
@maw 68912 :
💖🩵🤍🩷
2026-11-10 14:24:43
1
phyu69884
"phyu" :
အရာရာဟာခနပါဘဲဖြစ်ပြီးပျတ်နေတဲ့သဘာဝ
2026-11-10 16:17:57
0
mimisoe.94
MimiSoe 94 :
စာသားလေးအတိုင်းပါပဲမှန်ပါတရ်🌹🌹🌹
2026-11-10 10:54:02
0
thetzin761
⚽️txet&in⚽️ :
😢👍
2026-11-10 15:21:06
0
suhtwe2621
Nang Su Su Htwe :
ပြန်တင်ပါရစေရှင့်
2026-11-10 23:43:07
0
user7203743812902
ဘုန်းလေးမဲရီး :
2026-11-11 03:25:55
0
hirasarange.369
🩷ℎ𝑖𝑟𝑎𝑠𝑎𝑟𝑎𝑛𝑔𝑒369🩷 :
copy ယူပါရစေရှင့်
2026-11-10 14:35:43
1
user3870425537262
user3870425537262 :
copy please
2026-11-11 01:24:03
0
than.than.htwe685
J :
2027 အတွင်းမှာငါမင်ဂါဆောင်မှာနင်တို့ဆောင်ဆောင်မဆောင်ဆောင်စိတ်မဝင်စား[Tears of joy][Tears of joy]
2026-11-10 13:11:45
0
nuyeewin947
Arrchit MayMay :
[Red heart][Red heart][Red heart]
2026-11-10 14:09:41
1
wah7970
❣️Lwin❣️ :
[Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-11-10 11:19:53
1
noe.noe78903
Noe Noe :
🥰🥰🥰
2026-11-10 09:27:15
1
gjjgjjj
May🌟🌟🌟🌟🌟 :
🥰🥰🥰
2026-11-10 10:37:28
1
may.thu1525
May Thu Han :
🥰🥰🥰🥰🥰🥰🥰🥰
2026-11-10 11:25:25
1
minnamymar
နန်းခင်ဇေယျာ :
[စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ][စိတ်ကြည်နူးမိ]
2026-11-10 09:20:46
1
naw.naw.aye38
Naw Naw Aye :
🥰🥰🥰
2026-11-10 17:40:43
0
wint.wint.kyaw492
Wint Wint Kyaw :
😘😘😘
2026-11-11 00:46:42
0
To see more videos from user @yangsiqi03, please go to the Tikwm homepage.

Other Videos


About