@khun.lay0082: အောင်ဇမ္ဗူဇတ်ကို နားကပ်ပေါင်ပြီး ကြည့်ခဲ့လို့ အိမ်ပေါ်က ဆင်းရတော့မယ့် အောင်ဇမ္ဗူအမာခံဖန် ဆာကူရာလေး လက်ရှိမှာ မင်းသား အောင်ဇမ္ဗူဟာ မြန်မာနိုင်ငံရဲ့ အမျိုးသမီး ပရိသတ်တွေကြားမှာ အသည်းစွဲ ဇာတ်မင်းသားတစ်ယောက်အဖြစ် ရေပန်းစား လူကြိုက်များနေတာ ဖြစ်ပါတယ်။ အောင်ဇမ္ဗူရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာပေးနဲ့ အပြုံးချိုချိုလေးတွေကြောင့် မိန်းကလေး ပရိသတ်အများအပြားဟာ ပွဲတိုင်းလိုလိုမှာ အားကြိုးမာန်တက် သွားရောက် အားပေးလေ့ရှိကြတာပါ။ ဒီအထဲမှာမှ အောင်ဇမ္ဗူရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်တဲ့ "ဆာကူရာလေး" ဆိုတဲ့ ကောင်မလေးကတော့ အောင်ဇမ္ဗူဇတ်ပွဲကို သွားရောက်ကြည့်ရှုဖို့အတွက် သူမရဲ့ အမေဖြစ်သူ မွေးနေ့လက်ဆောင် ပေးထားတဲ့ ရွှေနားကပ်လေးကို ရောင်းချခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဆာကူရာလေးဟာ ပွဲခင်းထဲမှာ အားကြိုးမာန်တက် အားပေးခဲ့ရုံသာမက မင်းသားအနား ရောက်ရှိဖို့အတွက် ခြံစည်းရိုးတွေကိုပါ အတင်းကျော်တက်ပြီး ပွဲကြည့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူမ ချစ်မြတ်နိုးရတဲ့ ဇာတ်မင်းသားဆီကို ပန်းကုံးစွပ်ပေးခွင့်နဲ့ အမှတ်တရ ဆဲလ်ဖီ တွဲရိုက်ခွင့်တွေ ရရှိခဲ့တာကြောင့် အောင်ဇမ္ဗူရဲ့ ဖန်တွေကြားမှာ အားကျခံနေရတာပါ။ ဒါပေမဲ့လည်း အမေပေးထားတဲ့ ရွှေနားကပ်ကို ခိုးရောင်းပြီး ပွဲသွားကြည့်ခဲ့တာဖြစ်လို့ လက်ရှိမှာတော့ အိမ်ပေါ်က ဆင်းရတော့မယ့် ကိန်းဆိုက်နေပြီလို့ သိရပါတယ်။ ပရိသတ်ကြီးထဲမှာရော အောင်ဇမ္ဗူအတွက်ဆိုရင် ဒီလိုမျိုး အနစ်နာခံ ရဲတဲ့ အမာခံဖန်တွေ ရှိကြသေးလားဆိုတာ ကွန်းမန့်မှာ ရေးသွားကြပါဦးနော်။ #အောင်ဇမ္ဗူ #ဆာကူရာ #မင်းသားအောင်ဇမ္ဗူ #AungZambu #moezawthuvlog
khun lay👌👌👌👆👆🧔🧔
Region: MM
Tuesday 10 November 2026 08:51:39 GMT
Music
Download
Comments
user3935570537035 :
တကယ်လား
2026-11-10 14:21:54
0
ဒေါ်သပြေဦး :
ပေါက်ကရတွေ
2026-11-10 12:35:07
0
T.M.H :
သမီးမိုက်
2026-11-10 15:48:35
0
To see more videos from user @khun.lay0082, please go to the Tikwm
homepage.