@namgdidi521998pan777081g: ဒီခေတ်မှာ ကလေးငယ်တွေက ဖုန်းထဲက ကာတွန်းတွေ၊ သီချင်းတွေကိုပဲ အာရုံစိုက်နေကြချိန်မှာ အသက် (၂) နှစ်နဲ့ (၁) လသာ ရှိသေးတဲ့ သမီးငယ်လေး တစ်ယောက်ကတော့ လူကြီးတွေတောင် အလွတ်မဖြေနိုင်တဲ့ ဗုဒ္ဓဝင်သမိုင်းကြောင်းတွေကို တိတိကျကျ ရွတ်ပြနေလို့ လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။ "မအိမ့်ခြူးဟေသာပို" လို့ ခေါ်တဲ့ အဆိုပါ သမီးငယ်လေးဟာ အရွယ်နဲ့မလိုက်အောင် မြတ်စွာဘုရားရှင်ရဲ့ ဖြစ်တော်စဉ်တွေ၊ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအကြောင်းတွေကို မပီကလာ ပီကလာ အသံလေးနဲ့ တစ်ချက်မှ မမှားတမ်း အလွတ် ရွတ်ပြနိုင်နေတာ တကယ့်ကို အံ့ဩစရာပါပဲ။ ဗီဒီယိုဖိုင်ထဲမှာဆိုရင် "ဒီကမ္ဘာကို ဘာလို့ခေါ်လဲ" လို့ မေးလိုက်တာနဲ့ "ဘဒ္ဒကမ္ဘာ" လို့ ချက်ချင်း တုံ့ပြန်ဖြေဆိုနိုင်သလို၊ ပွင့်တော်မူပြီးတဲ့ ဘုရား (၄) ဆူနဲ့ နောင်ပွင့်တော်မူမယ့် အရိမေတ္တယျ ဘုရားရှင်တို့ရဲ့ ဘွဲ့တော်တွေကိုပါ အစဥ်လိုက် အလွတ် ရွတ်ပြသွားတာကို တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး... ဘုရားလောင်း သိဒ္ဓတ္ထမင်းသားရဲ့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၊ မယ်တော်မာယာ၊ ကြင်ယာတော် ယသော်ဓရာ စတဲ့ အမည်တွေအပြင် မြေမြိုခံခဲ့ရတဲ့ ရှင်ဒေဝဒတ်နဲ့ စိဉ္စမာဏဝိကာတို့အကြောင်းကိုပါ တစ်ခွန်းမကျန် တိတိကျကျ ဖြေဆိုနိုင်တာကြောင့် ကြည့်ရှုသူတွေမှာ ကြက်သီးထရလောက်အောင် ဖြစ်ေစခဲ့ပါတယ်။ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ယောက်အနေနဲ့ ဒီလို ခက်ခဲနက်နဲတဲ့ ဗုဒ္ဓဝင်သမိုင်းကြောင်းတွေကို ဘယ်လိုလုပ်ပြီး အလွတ်မှတ်မိနေတာလဲဆိုတာ လူတိုင်းအတွက် စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက သာမန်ကလေးငယ်တစ်ယောက် မဟုတ်ဘဲ ဘဝဟောင်းက ပါရမီဓာတ်ခံတွေ ပါလာတဲ့ လူဝင်စားလေး တစ်ပါးဖြစ်နိုင်တယ်လို့ သုံးသပ်ကာ မုဒိတာပွား အံ့ဩနေကြတာ ဖြစ်ပါတယ်။ သမီးငယ်လေး မအိမ့်ခြူးဟေသာပို တစ်ယောက် နောင်အနာဂတ်မှာ သာသနာ့အကျိုးကို ပိုမိုသယ်ပိုးနိုင်တဲ့ သူတော်စင်လူကောင်းလေး ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်ဗျာ... 🙏🙏🙏
Namg Di Di👉𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢👈
Region: US
Tuesday 10 November 2026 09:38:07 GMT
Music
Download
Comments
Lan Po Po Aung :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-11-10 10:55:29
0
lerana :
😳😳😳
2026-11-10 13:39:33
0
To see more videos from user @namgdidi521998pan777081g, please go to the Tikwm
homepage.