@hnin67872: #တချို့သော လမ်းခွဲရခြင်းတွေက ကိုယ့်ကို ကယ်တင်ခဲ့တာ ဖြစ်တယ် ။ " that broke up saved you " အတွေးခေါ်မတူ ၊ ခံယူချက်မတူ ၊ ကိုယ့်အပေါ် စိတ်မနှစ်ထားတော့တဲ့သူကို လက်မလွှတ်နိုင်ပဲ ဆွဲထားမိခြင်းဟာ ကိုယ့်အသည်းကို ပြန်ခွဲနေတာနဲ့ ဆင်တူတယ် ။ ရှေ့ဆက်လည်း ဘယ်လိုနည်းနဲ့မှ ရာနှုန်းပြည့်မဆင်မပြေတော့မဲ့ ဆက်ဆံရေးကို အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်တာ ၊ အဆုံးသတ်လိုက်ရတာဟာ ပိုကောင်းတဲ့ ဘဝအတွက် ဖြစ်တယ်ဆိုတာ တစ်နေ့မှာ သိလာမှာပါ ။ အမြဲ ပြဿနာတွေ ၊ အမြင်မတူတာတွေကြား မကြည်ဖြူတဲ့သူကို ချစ်ရတာထက် ကိုယ့်ဘဝမှာ ကိုယ်ကြိုက်တာလုပ်ပြီး ပေါ့ပေါ့ပါးပါးနေထိုင်တာက ဘဝကို ပိုအဖိုးတန်စေပါတယ် ။ဘဝတိုတိုမှာ ကိုယ်မလုပ်မိတဲ့ အပြစ်တွေကို ဖြေရှင်းချက်တွေပေးနေဖို့ ၊ မတူတာတွေကို လိုက်ညှိနေဖို့ ၊ မတင်မကျစိတ်တွေနဲ့ အိပ်ရေးပျက်တဲ့ညတွေ ဖြတ်သန်းနေရဖို့ အချိန်မရှိပါဘူး ။ အပေးယူမမျှတဲ့သူ နှင့် နောက်ကျကျန်ခဲ့တဲ့ ဆက်ဆံရေးတွေကို အကြောတင်းတင်း လွှတ်ချလိုက်တာက ပိုအမြော်မြင်ရှိတဲ့လုပ်ရပ်ပါ ။ ဒါကြောင့် လမ်းခွဲခြင်းတွေက ကိုယ့်ကို ကယ်တင်ခဲ့တာ ။ အဲဒီလမ်းခွဲခြင်းနောက်မှ ပိုကောင်းတဲ့ ဘဝ ၊ ပိုသာလွန်တဲ့ ဆက်ဆံရေး နှင့် ပိုအဖိုးတန်တဲ့ နေ့ရက်တွေ ရလာခဲ့တာ ဖြစ်တယ် ။ You didn’t lose them,you found yourself… " တချို့ လမ်းခွဲခြင်းတွေက ကိုယ့်ဆုံးရှုံးမှု မဟုတ်ဘူး ။ အဲဲဒီအရာက ကိုယ့်ကို ကယ်တင်ခဲ့တာ ။ သူတို့ကြောင့် ပျောက်ဆုံးနေခဲ့ရတဲ့ ကိုယ့်ရဲ့ စစ်မှန်မှု ၊ ပျော်ရွှင်မှု ၊ စိတ်ချမ်းသာမှု နှင့် မိမိကိုယ်ကိုလေးစားမှုတွေဟာ ပြန်ရှာတွေ့ခွင့် ရလာခဲ့တာ ဖြစ်တယ် ။ လမ်းခွဲရလို့ Tay တဲ့သူမရှိဘူး … ။ အမှားအယွင်းကြားက ဆက်ဆံရေးကို အတင်းကာရော လိုက်ဆွဲထားသူကသာ စိတ်ရောလူပါ လုံးပါး ပါးလာနိုင်တာဖြစ်တယ် ။စာတို#foryoupageofficiall
Hnin
Region: US
Tuesday 10 November 2026 11:15:28 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @hnin67872, please go to the Tikwm
homepage.