@dui529: #RoVเป็นเกมตลก #RoV #RoVThailand #RoVพระรามยอร์น #RoVแพ้แต่สนุก

Dui
Dui
Open In TikTok:
Region: TH
Tuesday 10 November 2026 11:25:23 GMT
16333
0
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @dui529, please go to the Tikwm homepage.

Other Videos


"မင်းသိလာလိမ့်မယ် " 🍀🍀🍀🍀🍀🍀🍀🍀 မင်းကို သိပ်ခင်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေ အများကြီးထဲမှာ ဘယ်သူတွေက သူငယ်ချင်းအစစ်အမှန် တွေလဲဆိုတာ မင်းဒုက္ခရောက်တဲ့အချိန်မှာ သိလာလိမ့်မယ်။ မင်းဒုက္ခရောက်နေတဲ့အချိန်မှာ မင်းအောင်မြင်တုန်းက ဆွဲပြီးနှုတ်ဆက်ခဲ့တဲ့ လက်တွေဟာ မသိမသာ နောက်ဆုတ်သွားကြလိမ့်မယ်။ စစ်မှန်တဲ့ သူငယ်ချင်းတွေကသာ မင်းကို လက်တွဲပြီး ကူညီကြလိမ့်မယ်။ အောင်မြင်တဲ့အချိန်မှာ ဆွဲပြီးနှုတ်ဆက်တဲ့ လက်တွေထက် ကျရှုံးချိန်မှာ တွဲထူပေးတဲ့ လက်တွေကသာ ပိုပြီးတန်ဖိုးရှိပါတယ်။ မင်းအဆင်မပြေဖြစ်တဲ့ အချိန်မှာ လက်အတု ပိုင်ဆိုင်ထားတဲ့ သူငယ်ချင်းတွေက မင်းအနားက ထွက်ခွာသွားကြလိမ့်မယ်။ စစ်မှန်တဲ့ လက်ပိုင်ရှင်တွေကသာ မင်းအနားမှာ ကူညီဖို့ စောင့်ဆိုင်းနေကြမှာပါ။ လောကမှာ လက်ပါတဲ့လူတိုင်း မကူညီတတ်ကြပါဘူး။ တစ်ချို့လက်တွေဟာ ကူညီဖို့အတွက်ဆို ပျောက်ဆုံးနေကြပြီး ရယူဖို့ကျမှ ပေါ်ပေါက်လာတတ်ကြပါတယ်။ မင်းကူညီခဲ့တဲ့ သူတိုင်း မင်းကိုပြန်ပြီး မကူညီကြဘူးဆိုတာ မင်းလိုအပ်တဲ့အချိန် သိလာလိမ့်မယ်။ တစ်ချို့တွေက သူတို့လိုအပ်ချက်အတွက် တစ်ခဏတာ လာရောက်ပေါင်းသင်းတဲ့ မိတ်ဆွေတု၊မိတ်ဆွေယုတ်တွေပါ။ မင်းအောင်မြင်ပြီး အဆင်ပြေနေတဲ့အချိန် မင်း အကြိုက်လိုက်ပြီး ပေါင်းလို့သင်းလို့ကောင်းတဲ့ သူငယ်ချင်းတွေ မင်းအရောင်အဝါ ကင်းမဲ့လာချိန်မှာ ပေါင်းရသင်းရ ကြပ်လာလိမ့်မယ်။ တစ်ချို့အရာတွေက အမြင့်က တက်ကြည့်မှ အရာအားလုံးကို မြင်တွေ့ရတာပါ။ လူမှုပေါင်းသင်း ဆက်ဆံရေးမှာလည်း ဒီလိုပါပဲ။ ကိုယ်အဆင်ပြေနေချိန်မှာ ဘယ်သူက မိတ်ဆွေစစ်၊ ဘယ်သူက မိတ်ဆွေတုဆိုတာ ခွဲခြားရခက်ပါတယ်။ ကိုယ်အဆင်မပြေဖြစ်မှသာ ခွဲခွဲခြားခြား သိနိုင်တာမျိုးပါ။ အပေါင်းအသင်းတိုင်းကို ကိုယ့်လိုထင်ပြီး မျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့။ ကိုယ်ကျိုးအတွက် တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တသမားတွေလည်း ရှိနေပါတယ်။ လိမ္မာပါးနပ်စွာနဲ့ လူတစ်ယောက်ရဲ့အပြုအမူ၊ အပြောအဆိုနဲ့ သူအကြောင်းကို ထဲထဲဝင်ဝင် လေ့လာပြီးမှသာ သူငယ်ချင်းအဖြစ် လက်ခံသင့်ပါတယ်။ တစ်နေ့ကြရင် ဒါတွေကို မင်းသိလာမှာပါ။ #ဆရာအောင်သင်း #crd #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙 #foryoupageシforyou

About