@aung.20014: တစ်ခါတလေ လူတစ်ယောက်ကို ချစ်မိသွားဖို့ဆိုတာ ဘာမှမခက်ခဲပါဘူး သူ့ရဲ့အပြုံးလေးတစ်ခုစကားလုံး လေးတစ်ခွန်းနဲ့တင် ကိုယ့်ရဲ့နေ့ရက်တွေကို ပျော်ရွှင်စေ နိုင်ခဲ့တယ်။ သူ့အကြောင်းလေးတွေ တွေးရင်းနဲ့လည်း အချိန်တွေကုန်ဆုံးသွားတတ်ခဲ့တယ် ဒါပေမဲ့ ကိုယ်အဲ့ဒီလောက်တောင် ချစ်ခဲ့ရတဲ့လူတစ်ယောက်ဟာ ကိုယ့်မ ရှိလည်း အဆင်ပြေနေတယ်ဆိုတာ သိလာရတဲ့အခါကျတော့ ရင်ထဲမှာ ဘယ်လိုမှ ဖော်ပြလို့မရတဲ့ ခံစားချက် တစ်ခု ဖြစ်လာတတ်တယ်။ တကယ်တော့ အနာကျင်ရဆုံးက သူ့ကို မပိုင်ဆိုင် ရတာတစ်ခုတည်း မဟုတ်ပါဘူး ကိုယ်နဲ့အတူရှိမှ ပျော်ရွှင်မယ်လို့ ထင်ခဲ့မိတဲ့သူဟာ ကိုယ်မပါဝင်တဲ့ နေ့ရက် တွေမှာလည်း ရယ်မောပျော်ရွှင်နေနိုင်တယ် ဆိုတာကို လက်ခံရတာပါ ကိုယ်ကတော့ သူ့အကြောင်းတွေးရင်း ညတွေကို ဖြတ်သန်းနေရပေမဲ့ သူ့အတွက်တော့ ကိုယ်မ ရှိတဲ့နေ့ရက်တွေက သာမန်နေ့ရက်တွေပါပဲ။ နောက်ဆုံးတော့ ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူ ကို ကိုယ့်အနားမှာပဲ ရှိနေစေချင်တဲ့ ဆန္ဒတစ်ခုတည်း မဟုတ်ဘူးဆိုတာ နားလည်လာရတယ်။ တစ်ခါတလေ ကိုယ်မပါဝင်နိုင်တော့တဲ့ သူ့ဘဝလေးကိုလည်း အဝေး ကနေ တိတ်တိတ်လေး ဆုတောင်းပေးတတ်ဖို့ လိုအပ်တယ် သူပျော်ရွှင် နေတာကို မြင်ရလို့ ကိုယ်နာကျင်နေရင်တောင် သူ့ရဲ့ပျော်ရွှင်မှုကို မဖျက်ဆီးချင်တော့တဲ့ အထိ ချစ်ခဲ့ဖူးတယ်ဆိုရင် အဲ့ဒါဟာလည်း ချစ်ခြင်းရဲ့ နာကျင်စရာအကောင်းဆုံး အဓိပ္ပာယ်တစ်ခုပါပဲ။ #တက္ကသိုလ်ဘုန်းနိုင် #crdစာသား
★彡 𝒜𝓊𝓃ℊ彡★
Region: TH
Tuesday 10 November 2026 12:22:21 GMT
Music
Download
Comments
attachment :
လိုက်လို့မမီတော့ပါ bro..
2026-11-10 13:20:52
0
Me lay :
Right
2026-11-10 13:30:30
0
Sin Thiyar Kyaw :
တကယ်ချစ်တဲ့သူတွေကပဲရှုံးရတာပါ..
2026-11-10 12:58:37
0
myatnoe7 :
🥰🥰🥰
2026-11-10 12:39:28
0
To see more videos from user @aung.20014, please go to the Tikwm
homepage.