@homeland.news.mm: ဟုမ္မလင်း၊ နမ့်တော-သက္ကယ်တောင်ရှိ KTV တစ်ခု မီးလောင် Homeland News Agency၊ နိုဝင်ဘာ ၁၀၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တော-သက္ကယ်တောင်ကျေးရွာမှာရှိတဲ့ KTV ရုံတစ်ခု ဒီကနေ့ ညနေ ၆ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒေသခံတစ်ဦးက “KTV မီးလောင်တာတဲ့၊ ဦးကျော်လင်း KTV ရုံလို့ ပြောတယ်။ ဘယ်ကနေ စလောင်တာလဲဆိုတာတော့ မသိရသေးဘူး။ မီးကြိုးကနေ ရှော့ဖြစ်ပြီး လောင်တာလို့ ပြောကြတာပဲ။ အတိအကျတော့ မသိရသေးဘူး။ မီးတော့ ငြိမ်းနိုင်ပြီ” လို့ ပြောပါတယ်။ အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဆုံးရှုံးမှုအခြေအနေတွေကိုတော့ မသိရှိရသေးသလို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ #ဟုမ္မလင်းမြို့ #နမ့်တောမြို့ #သက္ကယ်တောင်ရွာ #မီးလောင်မှု
Homeland News Agency
Region: TH
Tuesday 10 November 2026 13:38:48 GMT
Music
Download
Comments
Ú ŚÁÏ ပီစိုင်း :
ဘယ်ktvလည်းပျ
2026-11-10 14:32:53
0
🐻🎀နန်း🎀🐻 :
ဘယ်နေ့ကလဲ
2026-11-11 11:14:35
0
Cyrus :
🥰🥰🥰🥰🥰
2026-11-11 05:57:41
0
To see more videos from user @homeland.news.mm, please go to the Tikwm
homepage.