@lorealparis_vn: 11.11 mở hội, thêm serum PDRN vào giỏ ngay! 🛒🌟 #lorealparis_vn #contentzone #sale #serumPDRNloreal #muataitiktokshop #TikTokShop1111 #SaleToVoDoi

L'oreal Paris Việt Nam
L'oreal Paris Việt Nam
Open In TikTok:
Region: VN
Wednesday 11 November 2026 08:00:00 GMT
1808
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @lorealparis_vn, please go to the Tikwm homepage.

Other Videos

🙏 အမေကပဲ ရှိခိုးပါရစေ သားရယ် 🙏 အမေ... သား ပစ္စည်းလေးပါး မပြည့်စုံဘူး အမေ။ သာသနာ့ဝန်ထမ်းရတာ ပင်ပန်းလို့ လူထွက်ပါရစေနော် အမေ။ သား... ဆွမ်းကွမ်း မပြည့်စုံလို့ ဟုတ်လား သား။ သားကို ဟိုးတုန်းက ဆရာတော်ကြီးတွေအကြောင်း ပြောပြမယ် သား။ အခု သားတို့ ငယ်၊ လတ်၊ ကြီး စာပေတွေ သင်နေကြတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာတွေ မဟုတ်လား။ အဲဒီဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးစစ်ဒဏ်နဲ့ ကပ်ဘေးတွေ ကြုံတွေ့နေရတဲ့အချိန်မှာ တစ်နိုင်ငံလုံးက ကိုယ်တော်တွေ အားလုံး လူထွက်ကြပေမဲ့ သူကတော့ အသက်သာ သေပါစေ၊ ယုတ်ညံ့တဲ့ အဝတ်နဲ့ မလဲဘူးဆိုတဲ့ သံဓိဋ္ဌာန်ချပြီး လူမထွက်ခဲ့ဘူး သား။ သင်္ကန်းလှူမယ့်သူ မရှိလို့ နှစ်ထပ်သင်္ကန်းကြီးကို တစ်ခြမ်းခွဲပြီး ဆွမ်းနဲ့ လဲစားခဲ့ရတယ်။ ဖိနပ်လှူမယ့်သူ မရှိလို့ ပေါက်နေတဲ့ ဖိနပ်ကို ဖာပြီး စီးခဲ့ရတယ်။ အချိုပွဲဆိုတာ ဘာမှန်းတောင် မသိခဲ့ဘူး။ လက်ဖက်ခြောက် ပြုတ်ဖတ်တွေကို သုပ်စားခဲ့ရသတဲ့။ လယ်သမားတစ်ယောက် လှူတဲ့ ဘဲဥဆွမ်းဟာ အကောင်းဆုံးဆွမ်းဆိုပြီး မှတ်တမ်းတင်ထားခဲ့တယ် သားရဲ့။ သား၊ ဆွမ်းကွမ်း ပစ္စည်းလေးပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက် ဆိုးနေလို့လား။ ဗုံးကြဲလေယာဉ်တွေ လာလို့ စာမူတွေ ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်း မနည်းဘူး သားရဲ့။ အဲဒီလို အသက်ဘေးကြားထဲကနေ သားတို့ အခုလို ပညာတွေ သင်ယူနိုင်အောင် ကျမ်းပေါင်းမြောက်မြားစွာကို ရေးသားပေးခဲ့တာပါ သားရယ်။ ဆရာတော်ကြီး အသက်နဲ့ရင်းပြီး ရေးသားခဲ့ရတဲ့ ကျမ်းတွေကို သားတို့က လွယ်လင့်တကူ သင်ယူကြရတာပါ။ အဲဒါကို သားတို့က ပစ္စည်းလေးပါး မပြည့်စုံရုံနဲ့ လူထွက်မယ်ဆိုတော့ မရှက်ဘူးလား သားရယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်း စစ်ဘေးစစ်ဒဏ်တွေကြားထဲကပဲ စာတွေချ၊ ကျမ်းတွေပြုစုပြီး အရဟတ္တဖိုလ်ကို ရယူသွားခဲ့တာပါ။ လယ်တီဆရာတော်ဘုရားကြီးတို့ဆိုရင် စာဖတ်စရာ လျှပ်စစ်မီး မရှိခဲ့ပါဘူး။ လေးထောင့်သံဗူးကြီးကို မီးစာတပ်ပြီး စာဖတ်ခဲ့တာပါ။ သင်္ကန်းမှာ ဂျပိုးတွေ စွဲနေတာတောင် အဲဒီဂျပိုးလေးတွေ ရှိနေလို့ တရားအားထုတ်လို့ ရတာဆိုပြီး ဒီအတိုင်းပဲ ထားခဲ့တာ သားရဲ့။ အုန်းသီးကို ခေါင်းအုံးပြီး အိပ်ခဲ့တယ်။ အုန်းသီးပြုတ်ကျလိုက်၊ တရားထထိုင်လိုက်၊ ပြုတ်ကျလိုက်၊ တရားထထိုင်လိုက်နဲ့ပေါ့ သားရယ်။ အဲဒီကြားထဲကပဲ လယ်တီဒီပနီပေါင်း မြောက်မြားစွာကို ပြုစုနိုင်ခဲ့တယ်လေ။ အဲဒီလို အခက်အခဲတွေကြားထဲကနေပဲ အရိယာစခန်းကို တက်လှမ်းနိုင်ခဲ့တာ သားရဲ့။ သားရယ်၊ သီဟိုဠ်ခေတ်က ရဟန်းတွေဆိုရင် အစာရေစာ ရှားပါးတဲ့ ကပ်ကြီးနဲ့ ကြုံခဲ့ရတာပါ။ ဆွမ်းလှူမယ့်သူ မရှိလို့ ရရှိထားတဲ့ စာတွေ မမေ့ပျောက်စေဖို့၊ ပူလောင်နေတဲ့ ဝမ်းကို အေးမြစေဖို့ဆိုပြီး သဲအစိုတွေကို ဝမ်းဗိုက်ပေါ်မှာ တင်ထားရင်း စာတွေကို အလွတ်ကျက်မှတ် ထိန်းသိမ်းခဲ့ရတာတဲ့ သားရဲ့။ သား အခု မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးတွေလို အခက်အခဲ ကြုံနေရလို့လား။ သာသနာပြုနေကြတဲ့သူတွေက ကဲ့ရဲ့ဝေဖန်တာကို ခံနေရလို့ ဝမ်းနည်းနေတာလား။ သားရယ်... ဘုရားရှင်တောင် အဆဲခံခဲ့ရဖူးတယ်။ တံတွေးနဲ့ အထွေးခံခဲ့ရဖူးတယ်။ တစ်ဝါတွင်းလုံး ဆွမ်းမရလို့ မုယောဆွမ်းဆိုတဲ့ ဂျုံဆွမ်းနဲ့ပဲ ဘုန်းပေးခဲ့ရဖူးတယ်။ အလောင်းကောင်တွေဆီက အဝတ်တွေကို ချွတ်ယူပြီး သင်္ကန်းရုံခဲ့ရဖူးတယ်။ အသက်ကိုလည်း ရန်ရှာခံခဲ့ရဖူးတယ်။ ကဲ... ဘုရားရှင်တောင် မလွတ်မြောက်ခဲ့တဲ့ အဆိုးလောကဓံကို သားက ကြောက်နေလို့လား။ သား ရဟန်းဝတ်နဲ့ နေသမျှ ကာလပတ်လုံး အမေ ဂုဏ်ရှိနေပါတယ် သားရယ်။ သားကို အမေ ရှိခိုးနေရတာကိုပဲ အမေ ကျေနပ်နေပါတယ်။ ဘုရားရှင်တောင် ပါရမီဖြည့်ရာ ကာလတွေမှာ ရဟန်းဘဝကို ကိုးကြိမ်ပဲ ရခဲ့တာပါ။ သား အခု ရဟန်းဘဝကို ရရှိနေတာဟာ ဘယ်လောက်အထိ ကံကောင်းလဲဆိုတာ တွေးကြည့်ပေါ့ သားရယ်။ ငါ့သား ရဟန်းရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ့ အမေ ရပ်တည်နေတာပါ။ အမေ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ ကြမ်းတမ်းပါစေ၊ သားကို ရဟန်းဝတ်နဲ့ တွေ့နေရသမျှ အမေ ကျေနပ်နေမှာပါ။ သား လူထွက်သွားရင် အမေ ဘယ်လိုမျက်နှာနဲ့ လူတွေကို ပြရမလဲ သားရယ်။ အမေ့မှာ ရှိသမျှ သားကို လှူတန်းနေမှာပါ။ အမေ မစားရချင်နေပါစေ၊ သားကိုတော့ လှူမှာပါ။ အမေ ရှာသမျှ သားအတွက်ပါပဲ။ တစ်ခုပဲ တောင်းဆိုချင်တာပါ။ ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ၊ သတ္တိမျိုးနဲ့ သာသနာပြုပါ သားရယ်။ အမေ့ကို ရှိခိုးတာ အမေ မကြည်ပါရစေနဲ့။ အမေကပဲ သားကို ရှိခိုးပါရစေနော်။ 🙏🙏🙏 လူ မထွက်ပါနဲ့ သားရယ်... 😢 သာသနာတော်ကြီးဟာ အသက်ငင်နေပြီလို့ပါ။ ဘုရားရှင်ရဲ့ သာသနာတော်ကို အသက်နဲ့လဲပြီး စောင့်ထိန်းနေတဲ့ သားရဟန်းရဲ့ မယ်တော်ပဲ ဖြစ်ပါရစေ သားရယ်။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 #Credit — ဦးမြင့်ခိုင် (Share)

About