@bibicheji: العام يبان من خريفو و القليل ماعندو زهر#foryoupage #PaidPartnership #tiktokindia #trend #fypシ゚viraltiktok☆♡🦋my✌️

Bibiche
Bibiche
Open In TikTok:
Region: DZ
Tuesday 10 November 2026 13:56:21 GMT
12558
543
8
79

Music

Download

Comments

ali_rtimi
baryol officiel 🖕 :
🥰🥰🥰
2026-11-10 18:32:19
1
jigvara
1234 5678 :
💪💪💪
2026-11-10 16:35:02
0
lamin.lamin700
Lamin Lamin :
❤️❤️❤️
2026-11-10 18:54:30
0
user1810872777073
رابح سجاتي :
🥰🥰🥰
2026-11-10 14:18:21
0
qwash358
محثوظ ولد بابكر :
🥰🥰🥰
2026-11-10 14:10:28
0
dyo0r77qigh5
ألترا بيل :
🥰🥰🥰🥰
2026-11-10 19:32:31
0
To see more videos from user @bibicheji, please go to the Tikwm homepage.

Other Videos

စီးပွားရေးပညာရှင်တစ်ယောက်က ပြောတယ်... အခုအချိန်မှာ အဆိုးဆုံး ပြဿနာက ၂၀၀၀ နောက်ပိုင်းမွေးသူတွေ  အိမ်ထောင်မပြုကြတာ၊ ၁၉၉၀ နောက်ပိုင်းမွေးသူတွေ  ကလေးမယူကြတာ မဟုတ်တော့ဘဲ တကယ့်ပြဿနာက  ကလေးယူဖို့၊ ကလေးပြုစုပျိုးထောင်ဖို့  အများဆုံး ကြိုးစားခဲ့ကြတဲ့  ၁၉၈၀ နောက်ပိုင်းမွေးသူတွေက ကိုယ့်ကလေးတွေကို “သားတို့ ... သမီးတို့... နောက်ပိုင်း အိမ်ထောင်မပြုချင်လည်း ရတယ်။ ကလေးမယူချင်လည်း ရတယ်။ ကိုယ့်ဘဝကိုယ် အဆင်ပြေအောင်၊  ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ရင် ရပါပြီ” တဲ့။ ဒီစကားတိုတိုလေးထဲမှာ  ၁၉၈၀ နောက်ပိုင်း မွေးသူတွေရဲ့  ရင်ထဲက အခက်အခဲ၊  ဘဝကို နားလည်သဘောပေါက်လာမှုတွေ ပါတယ်။  ဒါ့အပြင် မျိုးဆက်တစ်ဆက်ရဲ့ စုပေါင်းနိုးကြားလာမှုလည်း ပါတယ်။ ၁၉၈၀ နောက်ပိုင်းမွေးသူတွေဟာ ငယ်ငယ်လေးကတည်းက ရိုးရာအယူအဆတွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။  အသက်အရွယ်တစ်ခုရောက်ရင်  အိမ်ထောင်ပြုရမယ်၊ မိသားစုဘဝ တည်ထောင်ရမယ်၊  အလုပ်အကိုင်နဲ့ ဘဝကို တည်ငြိမ်အောင် ကြိုးစားရမယ်လို့ သင်ကြားခံခဲ့ရတယ်။ အိမ်ထောင်ပြုတာ၊ ကလေးယူတာ၊  သားသမီးတွေကို ပြုစုပျိုးထောင်တာ၊ မိသားစုကို စောင့်ရှောက်တာတွေဟာ လူတိုင်း ဘဝမှာ မဖြစ်မနေ လျှောက်လှမ်းရမယ့် လမ်းကြောင်းဖြစ်ပြီး ဘဝအတွက် စံအဖြေလို့ သတ်မှတ်ခဲ့တယ်။ သူတို့ကို ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ ဘယ်သူမှ မသင်ပေးခဲ့ကြဘူး။ အသက်ရှင်နေသရွေ့ တာဝန်ထမ်းရမယ်၊ အမြဲ ကြိုးစားပေးဆပ်ရမယ်၊ ဘဝကို သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်းသွားရမယ်လို့ပဲ ပြောခဲ့ကြတယ်။ သူတို့ဟာ တစ်သက်လုံး မိသားစုအတွက်၊  သားသမီးတွေအတွက်၊  နေ့စဉ်ဘဝအတွက်  မနားတမ်း ရုန်းကန်ကြရတယ်။  ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့ မရှိခဲ့ကြဘူး။ အရင်ခေတ်က လူကြီးတွေဟာ ကိုယ်တိုင် ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ.. သားသမီးမြေးမြစ်တွေကိုတော့ အိမ်ထောင်ပြုဖို့၊ ကလေးယူဖို့နဲ့ သူတို့လျှောက်ခဲ့တဲ့ လမ်းဟောင်းအတိုင်း လျှောက်ဖို့ပဲ အကြံပေးခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၈၀ နောက်ပိုင်းမွေးသူတွေက မတူတော့ဘူး။ သူတို့ကိုယ်တိုင် ဘဝမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်တွေကို ခံစားခဲ့ရတယ်။  အခက်အခဲပေါင်းစုံကို ကိုယ်တိုင် ဖြတ်သန်းခဲ့ကြရတယ်။ ဒါကြောင့်  ကိုယ့်သားသမီးတွေကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ အခက်အခဲ၊ နာကျင်မှုတွေကို ထပ်ပြီး မကြုံစေချင်တော့ဘူး။ သူတို့က အိမ်ထောင်ပြုတာ၊  ကလေးယူတာ၊ မိသားစုတည်ထောင်တာတွေကို ဘဝမှာ မဖြစ်မနေ လုပ်ရမယ့် အလုပ်တစ်ခုလို မသတ်မှတ်တော့ဘူး။ သားသမီးတွေ အိမ်ထောင်ပြုပြီး အလုပ်အကိုင်အဆင်ပြေဖို့၊  မိသားစုဂုဏ်ကို မျိုးရိုးစဉ်ဆက် ဆက်ထိန်းသိမ်းဖို့ထက် သူတို့ရဲ့ သားသမီးတွေ တစ်သက်လုံး ပေါ့ပေါ့ပါးပါး နေထိုင်သွားဖို့၊  စိတ်ထိခိုက်ဝမ်းနည်းစရာတွေ လျော့ပါးဖို့၊  ပူပင်သောက ကြောင့်ကြမှုတွေနည်းဖို့၊  ဘဝရဲ့ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေကို အတင်း ထမ်းပိုးနေရတာမျိုး မဖြစ်စေဖို့  ပိုမျှော်လင့်ကြတယ်။ သူတို့ရဲ့အမြင်မှာ သားသမီးဆိုတာ အရင်ဦးဆုံး ကိုယ်ပိုင်စိတ်ကူး၊  ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရပ်တည်နိုင်တဲ့  လူတစ်ယောက်ဖြစ်ရမယ်။  ပြီးမှ သားသမီး၊ အိမ်ထောင်ဖက်၊ မိဘဆိုတာတွေက နောက်မှ ဖြစ်လာမှာဖြစ်တယ်။ ဘဝဆိုတာ တသတ်မတ်တည်း သတ်မှတ်ထားတဲ့ ပုံစံခွက်မဟုတ်ပါဘူး။ သူများတွေနဲ့ တစ်ပုံစံတည်းဖြစ်ဖို့ အိမ်ထောင်ပြုစရာ မလိုဘူး။ ရိုးရာအစဉ်အလာကို လိုက်နာဖို့ဆိုပြီး  ကလေးယူစရာလည်း မလိုဘူး။ သူများတွေ ဘယ်လိုမြင်မလဲဆိုတာကို  စိတ်ပူပြီး ကိုယ့်ကိုယ်ကိုယ် တစ်သက်လုံး အနစ်နာခံနေစရာလည်း မလိုဘူး။ အကောင်းဆုံးချစ်ခြင်းမေတ္တာဆိုတာ  သားသမီးတွေကို လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ တာဝန်တွေကို မဖြစ်မနေ ပြီးမြောက်အောင် လုပ်ခိုင်းတာ မဟုတ်ဘဲ  ဘဝရဲ့ ဆင်းရဲဒုက္ခ၊ အခက်အခဲမျိုးစုံကို ကိုယ်တိုင်ကြုံတွေ့ နားလည်လာတဲ့အခါမှာလည်း ကိုယ့်သားသမီးတွေကို သူတို့စိတ်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် နေထိုင်စေတာဖြစ်တယ်။ ဘေးကင်းလုံခြုံပြီး စိတ်ချမ်းသာပျော်ရွှင် နေဖို့၊ ကိုယ့်ဘဝကိုယ် လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ဖြတ်သန်းသွားနိုင်ဖို့ မျှော်လင့်ပေးတာဖြစ်တယ်။ ၈၀နောက်ဖွားတွေက ဒီလောက်နဲ့တင် ကျေနပ်​ေပါတယ်။ -- ဘာသာပြန် မျှဝေပါတယ် 💌 #နိုင်းနိုင်းစနေ

About