@mercedeslopezcortez: Magnesium Complex #topluxnutrition #magnesium #complex

M E R C E D E S 🛍️💙🪽💚
M E R C E D E S 🛍️💙🪽💚
Open In TikTok:
Region: US
Tuesday 10 November 2026 19:09:04 GMT
179
0
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @mercedeslopezcortez, please go to the Tikwm homepage.

Other Videos

========={ 🙏 }======== ဘာကြီးပဲ ဘယ်လိုဖြစ်လို့နေနေ ငါ့စိတ်ကိုတော့ ငါမထိခိုက်စေရဘူး။ လောကတော့ ထိခိုက်စရာ အနေအထားတွေနဲ့ သွားနေကြရတာပါ။ ဘယ်လူပဲဖြစ်ဖြစ် ဟုတ်လား။ အဲတော့ ဘုန်းဘုန်းတို့ ဒီခံယူချက်ကလေး ဒီဒေသနာကို အမှီပြုပြီးတော့ မွေးမြူထားမယ်ဆိုရင် မကောင်းဘူးလား။ ဘာကြီးပဲ ဘယ်လိုဖြစ်လို့နေနေ လောကဓံနဲ့ပဲတွေ့တွေ့ အဆင်ပြေတာတွေ ဘယ်လိုပဲဖြစ်ဖြစ်၊ အဆင်မပြေတာတွေ ဘယ်လိုပဲဖြစ်ဖြစ် သူဘာဖြစ်ဖြစ် ဒါပေမဲ့ ငါ့ရဲ့စိတ်ကိုတော့ ငါမထိခိုက်အောင် ကြိုးစားမယ်၊ ကာကွယ်မယ်၊ စေကျန်တဲ့ အဆင်မပြေမှုက စိတ်ကိုပါ အဆင်မပြေမှုဖြစ်အောင် ဆက်ပြီးတော့ ရိုက်ခတ်သွားတာ ကျုပ်တို့က မတားဆီးလိုက်နိုင်ဘူး။ ကျန်တဲ့ အဆင်မပြေမှုကို ကျန်တဲ့နေရာတွေတင် မရပ်လိုက်နိုင်ဘူး။ စိတ်ထိ အကျိုးသက်ရောက်မှု ရောက်မလာအောင် ကျုပ်တို့ မတားဆီးလိုက်နိုင်ဘူး။ာင့်ရှောက်မယ်။ ဒီလိုခံယူချက်မျိုး ဘုန်းဘုန်းတို့ ဒီဒေသနာလေးကို အမှီပြုပြီးတော့ မွေးမြူဖို့ ဘုန်းဘုန်းတို့ ကြိုးစားအားထုတ်မယ်ဆိုရင် အများကြီး အကျိုးရှိမယ်။ ဒါကို ပြောချင်တာ ဟုတ်လား။ အဲဒီလို မြတ်စွာဘုရားက >>" width="135" height="240">
========={ 🙏 }======== ဘာကြီးပဲ ဘယ်လိုဖြစ်လို့နေနေ ငါ့စိတ်ကိုတော့ ငါမထိခိုက်စေရဘူး။ လောကတော့ ထိခိုက်စရာ အနေအထားတွေနဲ့ သွားနေကြရတာပါ။ ဘယ်လူပဲဖြစ်ဖြစ် ဟုတ်လား။ အဲတော့ ဘုန်းဘုန်းတို့ ဒီခံယူချက်ကလေး ဒီဒေသနာကို အမှီပြုပြီးတော့ မွေးမြူထားမယ်ဆိုရင် မကောင်းဘူးလား။ ဘာကြီးပဲ ဘယ်လိုဖြစ်လို့နေနေ လောကဓံနဲ့ပဲတွေ့တွေ့ အဆင်ပြေတာတွေ ဘယ်လိုပဲဖြစ်ဖြစ်၊ အဆင်မပြေတာတွေ ဘယ်လိုပဲဖြစ်ဖြစ် သူဘာဖြစ်ဖြစ် ဒါပေမဲ့ ငါ့ရဲ့စိတ်ကိုတော့ ငါမထိခိုက်အောင် ကြိုးစားမယ်၊ ကာကွယ်မယ်၊ စေကျန်တဲ့ အဆင်မပြေမှုက စိတ်ကိုပါ အဆင်မပြေမှုဖြစ်အောင် ဆက်ပြီးတော့ ရိုက်ခတ်သွားတာ ကျုပ်တို့က မတားဆီးလိုက်နိုင်ဘူး။ ကျန်တဲ့ အဆင်မပြေမှုကို ကျန်တဲ့နေရာတွေတင် မရပ်လိုက်နိုင်ဘူး။ စိတ်ထိ အကျိုးသက်ရောက်မှု ရောက်မလာအောင် ကျုပ်တို့ မတားဆီးလိုက်နိုင်ဘူး။ာင့်ရှောက်မယ်။ ဒီလိုခံယူချက်မျိုး ဘုန်းဘုန်းတို့ ဒီဒေသနာလေးကို အမှီပြုပြီးတော့ မွေးမြူဖို့ ဘုန်းဘုန်းတို့ ကြိုးစားအားထုတ်မယ်ဆိုရင် အများကြီး အကျိုးရှိမယ်။ ဒါကို ပြောချင်တာ ဟုတ်လား။ အဲဒီလို မြတ်စွာဘုရားက "ဒကာကြီး ခန္ဓာကိုယ်ကြီး နာနေသော်လည်းပဲ စိတ်မနာအောင် သင် ဒီလိုကျင့်ရမယ်" လို့ မြတ်စွာဘုရားက အဲလို အမိန့်ရှိတယ်။ ဘာမှ ဆက်ပြီးတော့ မြတ်စွာဘုရား အမိန့်မရှိတော့ဘူး။ အဲတော့ ဒကာကြီးကလည်း သဘောကျတယ်။ ဒီဒေသနာလေး၊ ဒီအဆုံးအမတွေကို အသက်ကြီးတဲ့လူဆိုတော့ ပိုပြီးတော့ ခံစားချက်ကလည်း ရှိနေမယ်ပေါ့နော်။ အမြဲတမ်း ခန္ဓာကိုယ်ကြီးက နာနေတယ်။ အဆင်မပြေမှုတွေက အမြဲတမ်း ကြုံနေတယ်။ ဘယ်လို အဆင်မပြေမှုတွေနဲ့ပဲကြုံကြုံ စိတ်ကိုတော့ မထိခိုက်စေရဘူး။ စိတ်ကိုတော့ အဆင်ပြေအောင် ထားမယ်။ ခန္ဓာကိုယ်ကြီးကတော့ တစ်ခါတစ်လေ ဘုန်းဘုန်းတို့ ဘယ်လိုပဲ ကြိုးစားကြိုးစား အဆင်ပြေအောင် လုပ်လို့မရတဲ့ အပိုင်းတွေက ရှိတယ်။ လုပ်လို့ရတဲ့ အပိုင်းလေးတွေ ရှိသလို လုပ်လို့မရတဲ့ အပိုင်းတွေလည်း အများကြီးရှိတယ်။ နောက်ဆုံး တကယ်နားလည်လာပြီဆိုရင် လုပ်လို့မရတဲ့ အပိုင်းတွေကပဲ ပိုပြီးတော့ များတယ်။ ဒီတိုင်းပဲ လက်ခံနိုင်ဖို့ ကြိုးစားရတာကပဲ လက်တွေ့ စိတ်ကို ငြိမ်းအေးစေတယ်၊ ငြိမ်သက်စေတယ်။ ဟုတ်လား။ စဉ်းစားကြည့်နော် တချို့ဟာတွေကို ဘာမှမတတ်နိုင်ဘူး။ ဒီအတိုင်းကိုပဲ လက်ခံဖို့ ကြိုးစားရတာ။ အဲဒါကိုပဲ ဘုန်းဘုန်းတို့သည် သည်းခံဖို့ ကြိုးစားတယ်လို့ ပြောတာ၊ ဟုတ်လား။ တစ်နေ့က ဒကာမတစ်ယောက် ရောက်လာတယ်။ ကင်ဆာဖြစ်တယ်။ နားရဲ့နောက်မှာ အကြိတ်ရှိလို့ ခွဲလိုက်တာပေါ့။ ခွဲလိုက်တဲ့အခါကျတော့ အကြိတ်က အထဲထဲမှာ ထပ်ပြီးတော့ အကြိတ်တစ်ခုက ထပ်တွေ့ပြန်တယ်။ အဲတော့ ဆရာဝန်က သံသယဖြစ်တဲ့အခါ Biology စစ်လိုက်တဲ့အခါကျတော့ အဲဒါ ကင်ဆာဆဲလ် တွေ့ရတယ်။ တွေ့တဲ့အခါကျတော့ ဒီကင်ဆာဆဲလ်က ဒီနားလေးကနေ စဖြစ်တာမဟုတ်ဘူး။ တစ်နေရာမှာ သူအစပြုနေတဲ့ အစပျိူးနေရာ တစ်ခုရှိတယ်။ အဲဒါကို အကုန်လုံး မျက်နှာတစ်ခုလုံးကို သူတို့ တွေ့အောင် ရှာလိုက်တဲ့အခါမှာ ဒီအတွင်းထဲက နှာခေါင်းရဲ့နောက်မှာ အဲဒီအကြိတ် မူရင်းကင်ဆာက အဲဒီမှာရှိတယ်။ အဲဒီဟာနဲ့ ပွားတာ။ အဲတော့ အဲဒါကို ခဲခဲရင်းရင်း သူတို့ ဘန်ကောက်မှာသွားပြီးတော့ ကုရတယ်။ ပိုက်ဆံတွေလည်း အများကြီးကုန်တယ်။ အဲဒီလို ဖြစ်လာတယ်... စိတ်ကူးလေး ကူးကြည့်လိုက်။ ကျုပ်တို့ ဘာတတ်နိုင်လဲ... ဘာမှမတတ်နိုင်ဘူး။ ပိုက်ဆံရှိ ကုရုံပဲ၊ မရှိရင် အသေခံရုံပဲ ဒါပဲလေ။ နာရင် အော်ရုံပဲလေ။ မနာအောင်၊ မကြေအောင် ထိုက်သလောက် ကြိုးစားမယ်။ ရတဲ့အခါလည်း ရမယ်၊ မရတဲ့အခါလည်း မရဘူး။ အဲဒါကို မကျေမနပ်ဖြစ်နေလို့ "ဒါကြီး ငါဒီလို မဖြစ်ချင်ဘူး၊ မဖြစ်အောင် လုပ်မယ်" ဆိုလို့ ရသလား... မရဘူး။ နော်... ဒါကြောင့်မို့လို့ ဘုန်းဘုန်းတို့ ခန္ဓာကိုယ်ကြီးမှာ အဆင်မပြေမှုတွေကတော့ ရှိနေတယ်၊ ရှိလည်း ရှိနေဦးမယ်။ အမြဲတမ်း ရင်ဆိုင်ရမယ့် အဆင်မပြေမှု၊ အသက်ကြီးလာလေလေ ပိုပြီးတော့ အဆင်မပြေမှုတွေက ခပ်စိမ့်စိမ့် တွေ့ရလေလေ ကြုံရလေလေ ဖြစ်လိမ့်မယ်။ အဲဒီလို ပုဂ္ဂိုလ်တွေအတွက် ဒီဒေသနာက အလွန်မှ တန်ဖိုးကြီးမားတဲ့ ဒေသနာတစ်ပုဒ် မဆိုနိုင်ဘူးလား... ဆိုနိုင်တယ်။ ဘယ်လို အဆင်မပြေမှုတွေပဲ ကြုံကြုံ ငါ့ရဲ့စိတ်ကိုတော့ ငါအဆင်ပြေအောင် ကြိုးစားရမယ်။ ကျန်တာတွေ ဘာပဲ ဘယ်လိုပဲ ဖြစ်လို့နေနေ စိတ်ကိုတော့ မထိခိုက်စေရဘူး။ ဒီမှာ တိုက်ရိုက်သုံးထားတာတော့ စိတ်ကိုတော့ မနာကျင်စေရဘူး။ စိတ်ဆင်းရဲတယ်ဆိုတာ စိတ်နာသွားတာပဲလေ၊ ဟုတ်တယ်မဟုတ်လား။ များသောအားဖြင့် ကျုပ်တို့က စိတ်ဆင်းရဲတယ်၊ စိတ်နာတယ်ဆိုရင် ဒေါသက ရိုက်နှက်မှသာလျှင် စိတ်နာတယ်၊ စိတ်ဆင်းရဲတယ်၊ စိတ်နာချင်တယ်လို့ သိကြတာများတယ်။ လောဘက ရိုက်နှက်လို့ စိတ်နာတာ၊ စိတ်ခံရခက်တာ သိပ်ပြီးတော့ မသိဘူး။ လောဘနဲ့တော့ နေသားကတော် တော် ကျနေတာပဲနော်။ ဆက်ရန်>>>

About