@ivnanggra: Semangat 🙌 #foryoupage #viraluk #work

Ivan Anggara
Ivan Anggara
Open In TikTok:
Region: US
Wednesday 11 November 2026 03:28:10 GMT
4
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @ivnanggra, please go to the Tikwm homepage.

Other Videos

အရင်က ကျွန်တော်ဟာ သံယောဇဉ်ကို အလေး အနက်ထားလွန်းတဲ့ ယောက်ျားတစ်ယောက်ပါ။ လူတစ်ယောက်ကို ခင်တွယ်ပြီဆိုရင် ကိုယ့်ဘက် က ရာနှုန်းပြည့် ပုံအောပေးတတ်တာ ကျွန်တော့်ရဲ့ အကျင့်ပေါ့။ အချစ်မှာပဲဖြစ်ဖြစ်၊ ခင်မင်မှုမှာပဲဖြစ်ဖြစ်
အရင်က ကျွန်တော်ဟာ သံယောဇဉ်ကို အလေး အနက်ထားလွန်းတဲ့ ယောက်ျားတစ်ယောက်ပါ။ လူတစ်ယောက်ကို ခင်တွယ်ပြီဆိုရင် ကိုယ့်ဘက် က ရာနှုန်းပြည့် ပုံအောပေးတတ်တာ ကျွန်တော့်ရဲ့ အကျင့်ပေါ့။ အချစ်မှာပဲဖြစ်ဖြစ်၊ ခင်မင်မှုမှာပဲဖြစ်ဖြစ် "ဦးစားပေး" ရမယ်ဆိုရင် ကျွန်တော်က အမြဲတမ်း နောက်ဆုံးမှာပဲ နေခဲ့ပြီး သူတပါးကိုပဲ ရှေ့တန်းတင်ခဲ့တာ။ ဒါပေမဲ့ အဲဒီလို သံယောဇဉ်ကြီးတာကပဲ ကိုယ့်ကိုကိုယ် ပြန်သတ်နေတဲ့ လက်နက်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ ဘူး။ တစ်ဖက်လူရဲ့ စာတစ်ကြောင်းကို မျှော်နေရတာ၊ ကိုယ်က ဂရုတစိုက် မေးမြန်းသမျှကို သူက အဖတ် မလုပ်သလို နေတာ၊ ကိုယ့်ရဲ့ စေတနာတွေကို အပိုတွေလို့ သတ်မှတ်ခံရတာတွေက ကြာလာတော့ နှလုံးသား ကို ညောင်းညာစေပါတယ်။ အချိန်တိုင်း တစ်ဖက်လူရဲ့ အလိုကျ လိုက် ဖြည့်ဆည်းပေးနေရတဲ့ ဘဝက "သက်တောင့် သက်သာ" မရှိမှန်း ကျွန်တော် သိလာရတယ်။ အခုတော့ ကျွန်တော် ပြောင်းလဲသွားပါပြီ။ လူတွေကတော့ ကျွန်တော့်ကို အရင်လို မဟုတ် တော့ဘူး၊ "အေးစက်သွားတယ်" လို့ ပြောကြ တယ်။ ဟုတ်ပါတယ် ကျွန်တော် အေးစက်သွားတာပါ၊ ဒါပေမဲ့ အဲဒါဟာ တစ်ဖက်လူကို မုန်းလို့ မဟုတ် ဘူး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့ အချိန်ပေးလိုက် တာပါ။ အရင်လို ဖုန်း Notification လေးတက်လာဖို့ မျှော်မနေတော့ဘူး။ သူ ဘာဖြစ်နေလဲ၊ ဘယ်သူနဲ့ ရှိ နေမလဲဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ခေါင်းကို အပူမ ပေးတော့ဘူး။ တစ်ဖက်လူက အကြောင်းမပြန်ရင်လည်း "အင်း... သူ အလုပ်ရှုပ်နေလို့ ဖြစ်မှာပါ" လို့ ရိုးရိုးလေး ပဲ တွေးပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်လိုက် တယ်။ ဒီလို အေးစက်စက် နေလိုက်ရတာက ပိုပြီး သက်တောင့်သက်သာ ရှိပါတယ်။ သံယောဇဉ်တွေ တနင့်တပိုးနဲ့ တစ်ဖက်လူနောက် ကို အပြေးလိုက်နေရတဲ့ အလုပ်က တကယ်တော့ ပင်ပန်းလွန်းပါတယ်။ အခုလို ဘာမှ မျှော်လင့်မထားတဲ့ "ဥပေက္ခာ" စိတ်လေးနဲ့ နေလိုက်တဲ့အခါမှပဲ ကျွန်တော့်ကမ္ဘာ လေးက ပိုပြီး ငြိမ်သက်သွားတော့တယ်။ အေးစက်သွားတယ်ဆိုတာ.. နှလုံးသားက သေဆုံးသွားတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ခံစားချက်တွေကို မထိုက်တန်တဲ့နေရာမှာ မဖြုန်းတီးတော့ဖို့ "Safe Zone" တစ်ခု တည်ဆောက်လိုက်တာပါ။ အခု ကျွန်တော် အေးချမ်းပါတယ်... ဘယ်သူ့အပေါ်မှ အငြိုးအတေးမရှိသလို၊ ဘယ် သူ့ဆီကမှလည်း အထူးတလည် ဂရုစိုက်မှုကို မတောင်းခံတော့ဘူး။ ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ ရင့်ကျက်တဲ့ အေးစက်ခြင်းပေါ့…..။ #motivation #disipline #fouryourpage #future #alonelife

About