@manandar377: "သရုပ်မှန်ပြသွားတဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ" တစ်ခါတလေ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို သိလိုက်ရခြင်းဟာ စိတ်မကောင်းစရာ ဖြစ်နိုင်ပေမယ့် ကိုယ့်အတွက် တန်ဖိုးရှိတဲ့ အသိတစ်ခု ရလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ကိုယ့်ဘက်က ရိုးသားဖြူစင်ပါလျက်နဲ့ ကိုယ့်ကွယ်ရာမှာ ပြောကြတဲ့ အတင်းအဖျင်းစကားတွေကို ယုံကြည်ပြီး ကိုယ့်အပေါ် သံသယဝင်လာသူတွေ၊ ဆက်ဆံရေးပြောင်းလဲသွားသူတွေလည်း ရှိတတ်ပါတယ်။ အဲဒီလိုလူတွေကိုလည်း ကျေးဇူးတင်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့စိတ်ထားနဲ့ အမှန်တရားကို ဆင်ခြင်သုံးသပ်နိုင်စွမ်းကို ပိုပြီး သိမြင်ခွင့်ရလိုက်လို့ပါပဲ။ လူ့ပတ်ဝန်းကျင်မှာ ဖြောင့်မတ်တဲ့သူ၊ သမာသမတ်ကျတဲ့သူတွေ ရှိသလို သူတစ်ပါးကို မနာလိုစိတ်နဲ့ ချောက်တွန်းတတ်သူ၊ ကုန်းချောတတ်သူတွေလည်း ရှိနေကြပါတယ်။ ဒါကြောင့် ဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရားရှိသူတစ်ယောက်ဟာ သူတစ်ပါးပြောတဲ့ စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်အပေါ်ထားတဲ့ သဘောထားကို အလွယ်တကူ မပြောင်းလဲတတ်ပါဘူး။ ကိုယ်တိုင်သိရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ မြင်တွေ့ခဲ့တဲ့ အကျင့်စရိုက်နဲ့ လုပ်ရပ်တွေကို ထည့်သွင်းစဉ်းစားပြီး အမှန်တရားကို မျှမျှတတ စိစစ်တတ်ပါတယ်။ ကြားရသမျှကို အမှန်တရားလို့ လက်ခံပြီး မစိစစ်ဘဲ ဆုံးဖြတ်ခြင်းဟာ ဆင်ခြင်တုံတရား အားနည်းခြင်းပါပဲ။ ဉာဏ်ပညာရှိသူဟာ သူတစ်ပါးရဲ့ ပါးစပ်ဖျားက စကားတွေကြောင့် ကိုယ့်ရဲ့ဆင်ခြင်တုံတရားနဲ့ ကိုယ်ကျင့်တရားကို အဆုံးရှုံးမခံတတ်ပါဘူး။ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို သိလိုက်ရခြင်းဟာ ဆုံးရှုံးမှုတစ်ခုတည်း မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ မရိုးသားမှုကြောင့် ကိုယ့်ရဲ့ရိုးသားမှုကို မစွန့်လွှတ်လိုက်ပါနဲ့။ သူတစ်ပါးရဲ့ မကောင်းတဲ့လုပ်ရပ်တွေကြောင့် ကိုယ့်ရဲ့စိတ်ထားကောင်းကို မပြောင်းလဲလိုက်ပါနဲ့။#မူးရင်းအားcrdပေးပါသည်

🤎🤎🤎
🤎🤎🤎
Open In TikTok:
Region: MM
Wednesday 11 November 2026 04:41:11 GMT
39137
3036
34
131

Music

Download

Comments

sandar6782
🛍️🛒 San Dar♈Online Shop 🛍️ :
စာသားလေးချပေးပါလားရှင့်🥺🙏
2026-11-12 01:42:32
0
marlarkhaing18
mar lar khaing :
စာသားလေးပြန်တင်ပါရစေနော်🙏🥰
2026-11-12 03:39:08
0
lnyein.nyein
Nyein :
ကျေးဇူးတင်ပါတယ်။
2026-11-12 03:50:46
0
user3282512858061
ယိင်းယိင်း :
ပြန်တင်ခွင့်ပြုပါရှင်
2026-11-12 03:49:14
0
naykay117
🤗 :
အမှန်ပဲ
2026-11-12 03:51:30
0
myothuzarhtun5
NangMyoThuzarHtun :
ပြန်တင်ပါရစေနော်🥰
2026-11-12 02:52:29
0
smile5984
smile :
ကျေးဇူးပြု၍ပြန်လည်တင်ခွင့်ပြုပါနော်
2026-11-11 23:26:29
0
dawcholiwnoo
ထားဝယ်သူလေး မဖတ်တီး ❤🤠❤ :
စာသားလေး လိုချင်ပါတယ်
2026-11-12 00:51:13
0
usermyat610
မြတ်ဦး(Lashio) :
သိပ်မှန်တာပေါ့ဗျာ👍🥰
2026-11-12 01:56:22
0
eiphyo.zin4
Eiphyo Zin :
အနိုုင်ကျင့်ခန်ရတဲ့သူတွေးအတွက်တော့ ဒီစာသာလေကအမှန်ပါ🥰🥰🥰 ပြန်တင့်ခွန်ပြုပါရှင့်🥰🥰
2026-11-11 23:22:59
0
seinthtalwah
Nan Deviနန်းဒေဝီJade & Jewelry :
ပြန်တင်ခွင့်ပြုပါရှင့်
2026-11-11 16:29:42
0
user34815180543704
ဝေယံထွန်း :
right
2026-11-12 02:53:06
0
soehtet09640
အိအိမွန် ယောက်ျား :
ကျေးတင်ပါတယ်🥰
2026-11-11 17:29:16
0
kyar.pann38
Yae Hmwae Pann :
ကျေးဇူး တင်ပါတယ်
2026-11-11 23:02:35
0
thar.ngae425
🇯🇵 Kwee Thet 🇯🇵 :
good
2026-11-12 02:29:51
0
14789mg
🤎P🤎T🤎M :
ပြန်တင်ပါရစေနော်
2026-11-12 02:15:37
0
user290460769
พร ช็อป :
2026-11-11 15:58:24
0
aye.mi.san9632
Mi San🩷💛 :
🥰🥰🥰
2026-11-12 03:06:55
0
phoo.phoo2761
phoo.phoo :
ကိုယ်ရန်ကုန်ရုံးတာဝန်ခံရာထူးနဲ့sale.and.marketingနဲ့ကိုယ်စားလှယ်တွေကိုရှင်းပြခြင်းဝန်ထမ်းခန့်ခြင်းလုက်ရပါတယ်အလုပ်တူလုပ်ဖူးတဲ့အမတယောက်ကညီမလေးနဲ့အတူလုပ်ချင်တယ်ကူညီပါနဲ့စားစရာဝယ်ဝယ်ပြီးခဏခဏလာလည်တယ်ယုံကြည်ပြီးအလုပ်ခန့်လိုင်ပါတယ်ညီမလေးနဲ့အလုပ်တူလုပ်ရတာအမအရမ်းပျော်တယ်တဲ့3ရက်မြောက်နေ့မှာဘဲစိတ်ဓာတ်အမှန်သိခဲ့ရလို့6ရက်နေ့မှာဘဲအလုပ်ကနားခဲ့လိုက်ပါတယ်11လပိုင်းခုလပါ
2026-11-12 04:04:12
0
ma.kar707
Ma Kar :
copy ချပေးနော်
2026-11-11 15:41:27
0
immortal.flower3
Zizawar Phyu ♈ :
ယူတင်မယ်ရှင့်
2026-11-12 03:51:53
0
thaesuhlaing870
ThaeSuhlaing :
ကြိုက်လို့copy ယူပါရစေရှင့်🥰
2026-11-12 03:51:25
0
chuechue0757
ChueChue :
copyယူမယ်နော်
2026-11-12 02:21:04
0
htet.angel41
💃🍃Htet Angel❄⛅🍀 :
copyခွင့်ပြုပါရှင့်🥰
2026-11-12 00:46:53
0
mamoelay323
Moe Kabyar :
copy ချပေးနော်
2026-11-11 11:47:10
0
To see more videos from user @manandar377, please go to the Tikwm homepage.

Other Videos


About