@123ery34: အချစ်ဟာ ကောင်းသလားလို့ မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။ ဒါပေမဲ့ အချစ်ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကို ရနိုင် ပါတယ်တဲ့။ ဒီလိုပြောတော့ စာဖတ်သူက ချက်ချင်း လက်ခံချင် နိုင်မှ လက်ခံနိုင်မှာပါ။ ပဋ္ဌန်း ဥပနိဿယ ပစ္စည်းကို အာရုံပြု ကြည့်လိုက်ပါ။ အကုသလော ဓမ္မော၊ ကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။ အကုသိုလ် တရားက ကုသိုလ် တရားကို ပြန် ကျေးဇူးပြုပါတယ်တဲ့။ အကုသိုလ်က ကုသိုလ်ကို ပြန်ကျေးဇူး ပြုတယ်ဆိုတော့ ဖတ်ရသူတွေ အဖို့ အံ့သြစရာ ဖြစ်နေ ပါလိမ့်မယ်။ အဓိပ္ပါယ် ကတော့ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး၊ ဒါနတွေ ပြုမယ်။ သီလတွေ ဆောက်တည်မယ်။ ရှစ်ပါးသီလ၊ ကိုးပါး သီလ ကိုစောင့်ထိန်းမယ်။ စျာန်ရကြောင်း သမထ ကမ္မဋ္ဌန်း တစ်ခုခုကို ပွားများမယ်။ ၀ိပသနာ တရားကို ပွားများမယ်။ ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်။ အဘိညာဉ်လည်း ရနိုင်ပါတယ်။ သမာတ်လည်း ရနိုင်ပါတယ်တဲ့။ ဒီအတိုင်း ပြောရင် ရှင်းမှာ မဟုတ်ဘူး၊ ပုံ ဝတ္ထုလေးနဲ့ တွဲပြောပြလိုက်ရင် ပိုရှင်း သွားပါလိမ့်မယ်။ ဒါကြောင့် အားလုံးကြားဖူးတဲ့ သုမေဓာ ရှင်ရသေ့ ဝတ္ထုလေးကို ပြန်အာရုံ ပြုကြည့်ရအောင်။ ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမဲ့ လမ်းမှာ ၀ိုင်းပြီး လုပ်အားပေး ကြတော့ သုမေဓာ ရှင်ရသေ့လေး ကလည်း ဝင်ပြီး လုပ်အား ပေးပါတယ်။ နောက် ဒီပင်္ကရာ မြတ်စွာဘုရားရှင် ကြွလာတော့ သူမေဓာ ရှင်ရသေ့လေးက သူတာဝန်ယူ ထားတဲ့ မြေကွက်က မပြီးသေးတာနဲ့ ခန္ဓာကိုယ်ကို တံတား အဖြစ်ခင်းပြီး လှူ လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သုမိတ္တာ ဆိုတဲ့ အမျိုး သမီးလေးက ရသေ့လေးကို မြင်မြင်ခြင်း သံယောဇဉ် ဖြစ်ပြီး ချစ်သွားပါသတဲ့။ သုမိတ္တာ ဆိုတဲ့ အမျိုးသမီး လေးရဲ့ လက်ထဲ မှာ ဒီပင်္ကရာ မြတ်စွာ ဘုရားကို ကပ်လှူဘို. ကြာပန်း ရှစ်ခိုင်ကို ကိုင်ထားပါတယ်။ မြင်မြင်ချင်း ချစ်တဲ့စိတ် ဖြစ်သွားတာ ဆိုတော့ ကိုင်ထားတဲ့ ကြာပန်း ရှစ်ခိုင်ထဲက ငါးခိုင်ကို ခွဲထုတ်ပြီး သုမေဓာ ရှင်ရသေ့လေးကို “ဒီကြာပန်းလေး တွေနဲ့ မြတ်စွာ ဘုရားကို လှူပါနော်” လို. ပြောပြီး ပေးလိုက်ပါတယ်။ သူကတော့ သုံးခိုင်ပဲ ယူထားလိုက်ပါတယ်။ ပြီးတော့ ရှင်ရသေ့ ပါရမီ ဖြည့်ကျင့် နေသမျှ ကာလ အတော အတွင်း “ကျွန်မသည် ရှင်ရသေ့နဲ့ အတူတကွ ပါရမီဖြည့်ဘက် ဖြစ်ရပါလို့၏”လို့ ဆုတောင်း လိုက်ပါတယ်။ဒီဘဝ အတွက် ဆုတောင်းတာ မဟုတ်ပါဘူး၊ နောင်ဘဝ နောင်ဘဝ တွေအတွက် ဆုတောင်းတာပါ။ ရသေ့ဖြစ် နေတာဆိုတော့ ဒီဘဝ အတွက်တော့ မဖြစ်နိုင်တော့ပါဘူး ။ ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကလည်း “သုမေဓာ ရှင်ရသေ့…ဒီ သုမိတ္တာ အမျိုးသမီးလေးဟာ သင်ဘုရား ဖြစ်ဖို့ရန် စိတ်တူ ကံတူ ပါရမီ ဖြည့်ဘက် ဖြစ်လိမ့်မယ်” လို့ တစ်ခါတည်း ဗျာဒိတ် ပေးလိုက်ပါတယ်။ ဘာပဲပြောပြော ချစ်တဲ့ စိတ်ဖြစ်ပြီး ပါရမီ ဆုတောင်း လိုက်တော့ သုမိတ္တာ အတွက် မှန်ကန် အကျိုးရှိတဲ့ ဆုတောင်းတစ်ခု ဖြစ်သွားတာတော့ အမှန်ပါပဲ။ သုမိတ္တာဆိုတဲ့ အမျိုးသမီး လေးဟာ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး သံသရာမှာ ပါရမီ ဖြည့်ဘက် အဖြစ် ကျင်လည်ရင်း ၊ ဒါနတွေပြု၊ သီလတွေ ဆောက်တည်၊ သမထ တွေပွားများ၊ နောက်ဆုံး ဘဝမှာ ၀ိပဿနာ တရားတွေ ပွားများ အားထုတ်ရင်း၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွား ပါတော့တယ်။ ဒါဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားတဲ့ ထင်ရှားတဲ့ သာဓက တစ်ခုပါ။ အချစ်က နိဗ္ဗာန်ရဖို့ ကျေးဇူး ပြုလိုက်တာပါ။ ဇနီး မောင်နှံ နှစ်ယောက် အိမ်ထောင်ပြု ကြတယ်ဆိုတာ ရာဂကို အမှီပြု ပြီးပြုကြ ရတာပါ။ ဒါပေမဲ့ ကိုယ်က ဒီရာဂ ကို အမှီပြု ပြီး ဒါနတွေ ပြုဖြစ်အောင်၊ သီလတွေ ဆောက်တည်ဖြစ်အောင်၊ ၀ိပဿနာတွေ ပွားများဖြစ်အောင် သုမေဓာ ရှင် ရသေ့နဲ့ သုမိတ္တာ အမျိုးသမီး လေးတို့ကို အာရုံပြုပြီး ကြိုးစား ရပါမယ်။ ဥပမာ- ကိုယ့်ခင်ပွန်းက အပြင်ထွက်ပြီး စီးပွားရှာ နေမယ်၊ ရှာလို့ ရလာတဲ့ ငွေကြေးတွေကို ဒါနတွေ ပြုပေးမယ်။ ခင်ပွန်း မွေးနေ.မှာ ကုသိုလ် ကောင်းမှု. တစ်ခုခု ပြုပေးမယ်၊ မွေးနေ. မှာ နှစ်ယောက်အတူ ဘုရားသွားမယ်၊ တရားပွဲတွေ အတူတူ သွားမယ်၊ မင်္ဂလာ ဆယ်နှစ်မြောက်၊ ဆယ့်ငါးနှစ်မြောက်၊ အထိန်းအမှတ် အဖြစ် ဒါနတွေ ပြုမယ်။ အားတဲ့ ရက်တွေမှာ ရိပ်သာကို တလှည့်စီ ဒါမှမဟုတ် နှစ်ယောက် အတူတူ ရိပ်သာဝင် တရား အားထုတ်မယ် ၊ ဒါတွေဟာ အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။ နောက်တစ်ခုက ကိုယ့်ခင်ပွန်း အပြင်သွားပြီး အလုပ်လုပ် နေတဲ့ အချိန်မှာ ကိုယ့်ခင်ပွန်း အတွက် ဘုရားမှာ ပန်းကပ်၊ ရေကပ်ပေးမယ်။ ပြီးတော့ ဤရေ အေးမြသလို ကိုကိုလည်း စိတ်ကော ရုပ်ကော အေးမြပါစေလို့ မေတ္တာပို့ ပေး နေမယ်ဆိုရင် အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။ ပဋ္ဌန်း စကားနဲ့ ပြောရင် ဥပနိဿယ ပစ္စည်းနဲ့ အပြန်အလှန် ကျေးဇူးပြု နေကြတာပါ။ ကုသိုလ် ကောင်းမှု. တွေကို အတူတူ ပြုနေတဲ့ အတွက် နောင်ဘဝ နောင်ဘဝ တွေအတွက်လည်း ရေစက်ဆုံ ကြရဦးမှာပါ။🙏🙏🙏 ဖတ်လို့ကောင်းလို့ ဆတ်ဖတ်ချင်စိတ်ရှိသေးရင် အဆတ်လေးကွန်မန့်ထဲမှာတင်ပေးထား တယ်နော်🌹🙏🙏🙏 #Credit #ပြန်လည်မျှဝေပါသည်။ #tiktokmyanmar #fypシ゚viral #ဓမ္မဒါန

☸Dhamma Padeša☸
☸Dhamma Padeša☸
Open In TikTok:
Region: MM
Wednesday 11 November 2026 15:30:44 GMT
42383
6050
98
904

Music

Download

Comments

thaemoezonhlaing
🤎ခင်သဲ🤎 :
အရှင်ဘုရားရေးထားတဲ့စာလေးက တပည့်တော်ဖြစ်ချင်တဲ့ဘဝနဲ့တိုက်ဆိုင်လိုက်တာ တပည့်တော်ကမိန်းမသားဘဝကိုမြတ်နိုးပါတယ် သံသရာကျင်လည်ရာမှာလောကီလူ့ဘောင်ကနေပဲ သာသနာကိုထောက်ပံ့ရင်း ပါရမီဖြည့်ဖက်ကောင်းတစ်ဦးနဲ့သာ နိဗ္ဗာန်ရောက်တဲ့အထိ လက်တွဲသွားချင်သူပါ ရှေးက ဝိသာခါကျောင်းအမကြီးတွေလိုပေါ့ဘုရား ဒီလိုလောကီလူ့ဘောင်ကနေပဲ သာသနာကိုထောက်ပံ့ရင်း အကျွတ်တန်းဝင်ချင်ပါတယ်
2026-11-12 12:50:51
7
aye125876
Aye :
သံသရာလည်း ရှည်လှပြီ ဒီဘဝနဲ့တင် ကျွတ်တန်းဝင်ချင်ပြီ 🙏🙏🙏
2026-11-13 02:36:23
3
user4667650720166
ℬℴ ℬℴ :
ပြန်လည်တင်ခွင့်ပြုပေးပါ
2026-11-13 05:35:29
1
green.boy.9
By 1 :
နိဗ္ဗာန်သွားတဲ့လမ်းမှာ အချစ်ကကပ်ငြိလို့ပါခဲ့သော်လည်း အချစ်ကိုစွန့်မှသာနိဗ္ဗာန်ကို ဝင်နိုင်လိမ့်မယ် မိတ်ဆွေ။ ကံ ဟူသည် သံသရာလည် ေကြာင်းတရားဖြစ်ပြီး ကံဖြတ်ခြင်းက နိဗ္ဗာန်ရောက်ကြောင်းဖြစ်တယ်။ သာသနာနဲ့ကြုံလို့ အားထုတ်လို့ရပါလျက်နဲ့ နောက်ဘုရားကိုမျှော်သလိုဖြစ်လိမ့်မယ်။ ကံ နဲ့ ဉာဏ် ဘယ်အရာက ပိုအကျိုးကျေးဇူးများလဲဗျာ🥰🥰🥰
2026-11-12 08:52:55
5
teslasstephenmike79
Tesla Stephen Mike 9369 :
ကျေးဇူပါ ခင်ဗျား
2026-11-13 02:54:32
1
hnin.htet6686
ROSE🌷💚K💚☕ :
အရှင်ဘုရားရဲ့ကျေးဇူးတော် ကြောင့်ခုလိုတန်ဖိုးရှိတဲ့အကြောင်းရာလေးကိုဖတ်ခွင့်ရခဲ့ပြီ တပည့်တော်မလည်းသုမိတ္တာလိုအမျိုးသမီးလေးဖြစ်ချင်တာပါဘုရား ချစ်ရဲ့တဲ့အမျိုးသားလေးနားမှာ ပါရမီဖြည့်ရင်းကုသိုလ်တွေပြုရင်းဘဝအဆက်ဆက် သူနဲ့သာလျှင်ပေါင်းဖက်ချင်မိတာတော့အမှန်ပါပဲဘုရား 🙏😔
2026-11-12 15:01:18
1
ma.khing4969
တိမ်တွေ ထက်က လမင်းလေး :
ဖတ်ချင်ပါသေးတယ်
2026-11-13 11:35:19
0
stella92629
KhinThatdarchaitခင်သဒ္ဓါခြိမ့် :
🙏🏻🙏🏻🙏🏻ပဠာန်းဥပနိဿယပစ္စည်းကုသိုလ်အကျိုးအားကြောင့် ဘဝဘဝတွေဆက်ဖို့နည်းနိုင်ပြီး။ ဝိပဿသနာတရားများအားထုတ်၍သံသယာတိုတိုနဲ့တရားထူးများရကာမာဂဉာဏ်ဖိုလ်ဉာဏ်များစိုက်ရောက်၍နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏ဘုရား🙏🏻🙏🏻🙏🏻သာဓုသာဓုသာဓုပါဘုရား🙏🏻🙏🏻🙏🏻
2026-11-12 17:41:33
0
phone.ko.ko.kyaw
Phone Ko Ko Kyaw :
🤍 ဖြူစင်မေတ္တာ အောင်ကြောင်းဖြာ
2026-11-12 11:13:45
1
lin.lin57602
Lin Lin :
🙏🙏🙏🙏🙏 နိဗ္ဗာန်ကိုမျက်မှော က်ပြုရပါလို၏။ သံသရာဝဋ်ဆင်းရဲမှကင်းလွတ်ရပါလို၏။ ဝဋ်ကြွေးရှိများလည်းဒီဘဝမှာဘဲအကုန်ကျေရပါလို၏။
2026-11-12 15:31:22
1
tin.htut.hlaing74
Tin Htut Hlaing :
အချစ်ဆိုတဲ့ နောက်က ဒေါသမီး နားလေးတာအကြောင်းပြုပြီး ခလေးတွေအော်ဟစ် ယောကျ်ားကိုအော်ဟစ် ရင်းက အကျင့်ပါပြီး စကားပြောရင် အော်နေတော့တာပဲ နောက်က ဒေါသမီး ကပ်လာတော့ ကိုယ်ကပဲ အသိသတိ ကပ်ပြီး စိတ်လျော့ အလျော့ ပေးရင်း တရားဓမ္မဖက် လှည့်ဖြစ်တာပေါ့
2026-11-13 08:49:41
0
san.htar.may2
San Htar May May kk :
သာဓုသာဓုသာဓုပါဘုရား
2026-11-13 07:27:04
0
mainggein.maingge
ငါအတွက်ငါရှိတယ် :
ကုသိုလ်ယူပါ၏🙂🙂🙏🙏🙏
2026-11-13 07:59:12
0
win.htut049
Win Htut :
မှန်ပါ့ဘုရား
2026-11-12 01:56:00
1
zorrchit777
Zorrchit777 :
ကျေးဇူးပါ 🙏🙏🙏
2026-11-12 11:25:25
1
lily327410
💞💞💞Lily💞💞💞 :
အဆက်
2026-11-13 08:53:43
0
htun.lin.sai
Htun lin Sai :
မှန်ကန်သင့်လှပါတယ် အဆက်လေးဖတ်ချင်ပါတယ်
2026-11-13 06:57:59
0
thein.kha61
Thein Kha :
သာဓု သာဓု သာဓု ပါဘုရား 🙏🙏🙏
2026-11-12 04:20:33
0
khainwwsmn3
🇯🇵 Khaing🇯🇵 :
နေ့စဥ်အမှု့..ဤအစုစု..တို့ကို. ကုသိုလ်ယူပြုပါ၏🙏..
2026-11-13 03:00:34
0
mimikoko427
Mi Mi ko 💜💚💗444 :
အကုသိုလ်က ကုသိုလ်ဖြင့်စေတယ်ဆိုတဲ့စကားကိုလက်ခံပါသည် အရင်က ဘုရားတရားသံဃာ ဝိပဿနာ တရားတွေသိရကြားရ အားထုတ်ခဲ့ပေမဲ့ ငါ ဆိုတဲ့ အတ္တရှိနေသေးတယ် (အခုလညိးလုံးဝမရှိတော့တာမဟုတ်ပါ သတိလေးနဲနဲဦးနိုင်နေခဲ့တယ်) နောက်တော့ လူတယောက်ကိုမချစ်သင့်မှန်းသိရဲ့သားနဲ့ချစ်မိရာကနေ ဒါက အကုသိုလ်တွေကျူးလွန်နေမိပြီဆိုပြီး တရားတွေအကြိမ်ကြိမ်နာ တယ် တရားတွေအကြိမ်းကြိမ်အားထုတ်နေမိတယ် ဥပုဒ်သီလတွေစောင့် လာမိတယ် သူ့နဲ့ဝေးကွားရက်တွေမှာ ငါးပါးသီလတွေလုံလာခဲ့တယ် ဝိပဿနာ တရားတွေအကြိမ်ကြိမ်အားထုတ်လာတော့ ဖြင့်ပျက်သဘောကို ခဏခဏမြင်လာရတယ် ရုပ်ရောနာမ်ပါ တခါတည်း ဖြင့်ပြီးပျက်နေတဲ့သဘောပါတွေ့ခဲ့ရပါတယ် ဒါကြောင့် အဲ့ဒီ အကုသိုလ်ထဲကနေ ကုသိုလ်ရလာခဲ့တယ်လို့သိလိုက်ရပါတယ်ဘုရား
2026-11-13 04:05:04
0
shwehninsi622
T1 :
ပြန်တင်ပါရစေ🥰
2026-11-13 13:14:41
0
thuya123456gmail.com
Uthuya :
2026-11-13 03:06:15
0
u.lee.tar
U Lee Tar :
အဆက်လေး
2026-11-13 05:57:48
0
thet.hnin.nwe4
နှင်းနွယ် ☘️ ♐ :
တန်ဖိုးရှိတဲ့စာလေးတွေထပ်တင်ပါ ကျေးဇူးတင်ပါတယ် ....
2026-11-13 05:17:08
0
cho.aye.naing5
Cho Aye Naing :
၊🙏🙏🙏
2026-11-12 04:25:04
0
To see more videos from user @123ery34, please go to the Tikwm homepage.

Other Videos


About