@sherwyn.official:

Sherwyn
Sherwyn
Open In TikTok:
Region: VN
Wednesday 11 November 2026 16:00:08 GMT
8745
1620
5
116

Music

Download

Comments

cimochi_oo
🥀 :
vẫn lo nha, lo tiền điện, tiền nước, tiền ăn, tiền đi chơi với trai đủ thứ luôn
2026-11-12 07:01:48
0
vlocc_08
bông :
2026-11-11 16:09:37
0
huhihahehoho
:(? :
2026-11-11 16:32:12
0
ngvuz1
Нгуен Bу :
2026-11-12 08:23:50
0
nguynhong0108
Hoàng Nguyên :
@Tobi Tran
2026-11-12 03:35:46
0
To see more videos from user @sherwyn.official, please go to the Tikwm homepage.

Other Videos

ကျနော် လောင်းကစားဖြတ်လာတာ ၃ လကျော် ရှိလာပါပြီ။ စဖြတ်ခါစတုန်းက “အစမို့လို့ပါ၊ ခဏနေရင် ပြန်ကစားမှာပါ” လို့ ဝေဖန်သူတချို့ရှိခဲ့တယ်။ တစ်လလောက်ကြာတော့ “တစ်လပဲရှိသေးတာ၊ ခွေးမြီးကောက် ကျည်တောက်စွပ်ပါကွာ၊ ပြန်လုပ်မှာပါ” လို့ ပြောကြပြန်တယ်။ ၃ လလောက်ရောက်တော့လည်း “ဘောလုံးပွဲတွေ မစသေးလို့ပါ၊ ဘာညာ…” ဆိုပြီး ပြောကြပြန်တယ်။ ဒါပေမယ့် လောင်းကစားဆိုတာ ဘောလုံးပွဲတစ်ခုတည်းမှ မဟုတ်ပါဘူး။ ပွဲမရှိလည်း တခြားလောင်းကစားတွေ ရှိနေပါတယ်။ ဒါကြောင့် လောင်းကစားဖြတ်တယ်ဆိုတာ ပွဲမရှိလို့ မကစားတာမဟုတ်ပါဘူး။ ပွဲရှိနေပေမယ့်လည်း မကစားတော့ဖို့ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ထားတာပါ။ လောင်းကစားဖြတ်တာဟာ ပြိုင်ပွဲမဟုတ်သလို ၃ လ၊ ၆ လပြည့်ရင် ပြီးသွားမယ့် ပန်းတိုင်မျိုးလည်း မဟုတ်ပါဘူး။ ရှင်သန်နေသရွေ့ လောင်းကစားကင်းရှင်းအောင် နေထိုင်သွားရမယ့် ဘဝတစ်လျှောက်လုံးအတွက် ထား၀ရ ဆုံးဖြတ်ချက်တစ်ခု ပါ။ ကျနော်အတွက်တော့ “ငါ လောင်းကစားလုံးဝဖြတ်နိုင်ပြီ” ဆိုတာထက် “စဖြတ်ခဲ့တဲ့နေ့ကနေ ဒီနေ့အထိ မကစားဘဲ နေရမယ်” ဆိုတာကိုပဲ အရေးကြီးတယ်လို့ သတ်မှတ်ချင်ပါတယ်။ ပြီးတော့ ကျနော့်ကို ဝေဖန်ခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့စကားတွေက တစ်ခါတလေ နာကျင်စေပေမယ့် “ငါ သူတို့ပြောသလို ပြန်မဖြစ်အောင် ဆက်ထိန်းရမယ်” ဆိုတဲ့ အသိစိတ်ကို ပိုခိုင်မာစေခဲ့လို့ပါ။ လောင်းကစားဖြတ်တာကို စကားနဲ့ သက်သေပြစရာမလိုပါဘူး။ အချိန်နဲ့အမျှ ပြောင်းလဲလာတဲ့ ကိုယ့်ဘဝကပဲ အကောင်းဆုံးသက်သေပါ။ အခုဖြတ်ဖို့ရည်ရွယ်ထားသူများအတွက် ဒီနေ့ လောင်းကစားမလုပ်ဖြစ်တာကို ထိန်းပါ။ မနက်ဖြန်လည်း ထပ်မကစားဖို့ ဆက်ရွေးချယ်ပါ။ ဒီလိုနေသွားရင်းကနေ ရက်အနည်းငယ်ရောက်လာရင် နေသာထိုင်သာ ရှိလာပါလိမ့်မယ်။ ပြီးရင် မကစားလဲ ဖြစ်တယ်ဆိုတဲ့ အခြေနေထိ ပိုမိုအားသန်လာပြီး ဖြတ်ဖို့အားအင်ပိုကောင်းလာပါလိမ့်မယ်။ ဒီလိုနဲ့ပဲ.... တစ်နေ့ပြီးတစ်နေ့… ကိုယ့်ဘဝကို ပြန်လည်တည်ဆောက်သွားရမယ်။          ကျေးဇူးပါ

About