@.d09592:

🍁      Đ     🍂
🍁 Đ 🍂
Open In TikTok:
Region: VN
Wednesday 11 November 2026 23:15:57 GMT
193
16
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @.d09592, please go to the Tikwm homepage.

Other Videos

#မ်ႂႇသုင်ၶႃႈ🇱🇹🇱🇹 #malaysaitiktok🇲🇾🇲🇾 #မြောက်ပိုင်းသားလေးအလွမ်း😊😊😊😊 #မဂ်လာရှိသောညချမ်းလေးပါဗျာ့🙏🙏🙏 #
#မ်ႂႇသုင်ၶႃႈ🇱🇹🇱🇹 #malaysaitiktok🇲🇾🇲🇾 #မြောက်ပိုင်းသားလေးအလွမ်း😊😊😊😊 #မဂ်လာရှိသောညချမ်းလေးပါဗျာ့🙏🙏🙏 #"ဝံပုလွေလို လူတစ်ချို့လောကမှာ သိပ်ပေါတယ်"😌 တစ်ခါတုန်းက ဝံပုလွေ တစ်ကောင်ဟာ သားကောင်ကို အငမ်းမရ စားရင်း လည်ချောင်းထဲမှာ အရိုးတစ်ချောင်း ကန့်လန့်ခံသွားတယ် အရိုးကို အန်ထုတ်လို့လည်းမရ မျိုချလို့လည်း မရတာကြာင့်လည်ချောင်းမှာ နာကျင်တဲ့ဝေဒနာ ခံစားနေရတဲ့အပြင် နောက်ထပ် ဘာအစားအသောက်မှ ထပ်စားလို့မရတော့တဲ့အတွက် ဆာလောင်မှု ဝေဒနာကိုပါခံစားနေရတယ်။ ဒါနဲ့ ဝံပုလွေဟာ သူလည်ချောင်းထဲ ကန့်လန့်ခံနေတဲ့အရိုးကို ထုတ်ပေးနိူင်မယ့် သတ္တဝါကို စဉ်းစားကြည့်လိုက်တော့ ကြိုးကြာငှက်ကို စဉ်းစားမိပါတယ်။ ကြိုးကြာငှက်ဟာ နှုတ်သီးကလည်း ရှည် လည်ပင်းကလည်း ရှည်တာမို့ သူ့လည်ချောင်းထဲကို နှုတ်သီး ထိုးသွင်းပြီး အရိုးကို ဆွဲထုတ်ပေးလို့ ရနိုင်တယ်လို့ တွေးမိလိုက်တယ် ဒါနဲ့ သူဟာ ကြိုးကြာငှက်ရှိရာကို သွားပြီး တောင်းပန်၍ အကူအညီတောင်းတယ်။ အဆွေ ကျွန်ုပ်ကို ကူညီပါ ကျွန်ုပ်ရဲ့ လည်ချောင်းထဲမှာ အရိုးတစ်ရိုး ကန့်လန့်ခံနေတာမို့မစားနိူင်မသောက်နိုင်ဖြစ်နေတာကြာပါပြီ သင့် နှုတ်သီးနဲ့ကိုက်ပြီး ဆွဲထုတ်ပေးရင် ရနိုင်ပါတယ် အဲဒီအရိုးသာ ထွက်သွားရင် ကျွန်ုပ်က သင့်ကို ကျေးဇူးဆပ်ပါ့မယ်။ ဝံပုလွေရဲ့ တောင်းပန်မှုကြောင့် ကြိုးကြာငှက်က ဝံပုလွေကို ပါးစပ်ဟခိုင်းလိုက်ပါတယ် သူ့ရဲ့ ရှည်လျှားတဲ့ နှုတ်သီးနဲ့ သေးသွယ်တဲ့လည်ပင်းကို ဝံပုလွေ ရဲ့ အားခေါင်းကတစ်ဆင့် လည်ချောင်းထဲ ထိုးသွင်းပြီးကန့်လန့်ခံနေတဲ့အရိုးကို ကိုက်ချီဆွဲထုတ်ပေးလိုက်တယ် ဝံပုလွေလည်း ဝေဒနာပျောက်ကင်းသွားတာမို့ ဝမ်းသာအားရ ဖြစ်သွားတယ်။ ကြိုးကြာငှက်ကို ကျေးဇူးတင်စကားပြောပြီး ပြန်လှည့်အထွက် ကြိုးကြာငှက်က နောက်ကနေ လှမ်းမေးတယ်။ အဆွေ အသင်ပြောတော့ အရိုး ထွက်သွားရင် ကျွန်ုပ်ကို ကျေးဇူးဆပ်မယ်ဆို ဘာဖြစ်လို့ လှည့်ထွက်သွားတာလဲ ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်တယ်။ အသင် ကျွန်ုပ် အသင့်ကို ကျေးဇူးဆပ်ခဲ့ပြီးပါပြီ ကျွန်ုပ်ရဲ့ အာခံတွင်းထဲ ရောက်လာတဲ့ သင့်ဦးခေါင်းကို ကိုက်မဖြတ်ဘဲ ထားလိုက်တာ ကျေးဇူးဆပ်တာပဲပေါ့ အသင့် ကို သတ်ဖြတ်မစားသွား တာကိုပဲ ဝမ်းသာပါတော့။ ကိုယ့်အကျိုးသာ ကြည့်ပြီး သူတစ်ပါးအတွက် ထည့်မစဉ်းစားပေးတဲ့ ဝံပုလွေနဲ့ အလားသဏ္ဍာန်တူ လူ့ပတ်ဝန်းကျင်မှာလည်း ထိုဝံပုလွေလို လူတွေ ပေါများပါတယ်။ သူတို့အတွက် မိမိက ဘယ်လိုပဲ ကောင်းတာ ကူညီခဲ့လုပ်ပေးခဲ့စေကာမူ သူတို့အတွက် နောက်ထပ် အခွင့်အရေးသာ ဆာလောင် တောင့်တနေမှာပါ။ မေတ္တာ တရားလည်း မခံစားတတ်။ ကျေးဇူး တရားလည်း မသိတတ်။ ကျွေးသောလက်ကို ပြန်ကိုက်ဖြတ်မဲ့ လူတစ်ချို့လည်း ကြုံကြရမှာပါ။ အဲဒီလိုလူမျိုးတွေ နဲ့ကြုံရင် နောက်ထပ်ဒုက္ခပေး မသွားတာကိုပဲ ကိုယ်ကပြန် ဝမ်းသာရပါလိမ့်မယ် ကျေးဇူးတင်ရမယ်။ နောက်ထပ်အထူး သတိထား ဆက်ဆံရပြီ ဖြစ်ပါတယ်။

About