@sayaraungbhonemin: ဆရာတော်ရဲ့ တပည့်တွေကတော့ ဉီးသက်ရှည် ဖိုးခွေး ဆရာချန် ဆရာဆိုင် ဆရာဉီးရဲသူ ဆရာလှိုင် ဓမ္မဝိဇ္ဇာ အဖေရှင် တို့ပါ သူတို့အကြောင်းသိချင်ရင်တော့ Cbလာမေးပါ လူဝတ်နဲ့ (၃) နှစ် နေခဲ့ မိုးတားမြို့ရဲ့အနောက်၊ မြေနုရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း၊ ဧရာဝတီမြစ် ကမ်းပါးထိပ်၊ ကုန်းမြင့်ပေါ်ကသူ့ တဲကလေးမှာနေပြီး ဓာတ်စခန်းဖွင့်တာ (၃)နှစ် ခန့်ကြာသွားပါတယ်။ လူဝတ်ဖြင့် နေသွားပါတယ်။ ရဟန်းဝတ်နဲ့မဟုတ်ကြောင်း ဦးထွန်းရှိန်က ပြောကြားခဲ့ပါသည်။ ဦးထွန်းရှိန်၏ ပြောကြားချက်အရ အထူး အဆန်း ကြားရပါသေးသည်။ ဦးသက်ရှည်ကို သိဒ္ဓိပေးသော နည်း အန္တေဝါသိက တပည့်အဖြစ်မြေနုရွာသားဦးသက်ရှည်ကို လဲလျောင်းစေပြီးမှ သူ့ ဆေးကြိမ်လုံးနဲ့တအား ဖိရိုက်တော့တာပဲတဲ့။ ဦးသက်ရှည်ခမျာ နာလွန်းလို့ အော်ပါ တယ်။ ဘယ်လိုပဲအော်အော်ရိုက်မြဲတိုင်းဆက်ရိုက်တာ အမယ်လေး အလိုလေးနဲ့ ပက်လက်မှောက်ခုံလှိမ့်ခံရတယ်။ တစ်ကိုယ်လုံးမှာလဲ ကြိမ်ရာအရှိုးထင်ကုန်တာ ပေါ့။ ဒါပေမယ့်ဘိုးဩဘာကို ဘယ်သူမှ မတားဝံ့ဘူး။ ကြိမ်ကိုမရိုက်ဘဲ ရပ်လိုက်တာ နဲ့တစ်ပြိုင်နက် ဦးသက်ရှည်မှာ လုံးဝမနာတော့ဘဲ အရှိုးတွေလဲပျောက်သွားတယ် ဟူ၍ မိုးတားဦးထွန်းရှိန်က ပြောကြားခဲ့ပါသည်။ ဘိုးဩဘာထံမှ ပညာအမွေရခဲ့သော ဖိုးခွေး မြေနုရွာသား ဖိုးခွေးဟာ ဘိုးဩဘာရဲ့ ဝေယျာဝစ္စတွေကို အနီးကပ်လာလုပ်ပေး လေ့ရှိတဲ့ ဆင်းရဲသားတပည့် တစ်ယောက်ပါ။ ဘိုးဩဘာဟာ မြေနုရွာမှာ သူ ကျင့်ကြံအားထုတ်တဲ့ အဓိဋ္ဌာန်(၃)နှစ်ပြည့်လို့ ဓာတ်စခန်းသိမ်းပြီး၊ မိုးတားက ထွက်တော့မယ့်အချိန်မှာ ဖိုးခွေးကိုအခေါ်လွှတ်တယ်။ ဖိုးခွေးရောက်လာတော့ ဘိုးဩဘာက ငါ့တပည့်နဲ့တန်တဲ့ ထမင်းစားပညာပေးခဲ့မယ်။ မင်းလက်ဖဝါးမှာ ဆားသွားထည့်ခဲ့လို့ ခိုင်းပါတယ်။ ဖိုးခွေးဟာ ခိုင်းတဲ့အတိုင်း သူ့လက်ဖဝါးထဲမှာ ဆားပုံပြီးလာပြပါတယ်။ ဘိုးဩဘာက ဖိုးခွေးကို ဒူးတုပ်ထိုင်ခိုင်းတယ်။ ပြီးတော့ ဖိုးခွေးရဲ့လက်ကို သူ့လက်နဲ့အုပ်ပြီး ငါဆရာအမိန့်အာဏာထား ပြီးအပ်ခဲ့သည်။ ဖိုးခွေးဟာ ဆားပုံတဲ့လက်နဲ့ ဘယ်ကျွဲရိုင်းကိုပြပြ၊ ကျွဲရိုင်းဟာ ချက်ချင်းယဉ်သွား ရမယ်။ ဖိုးခွေးဆီလာပြီး လက်ထဲက ဆားကို လာစားစေ။ ဒီအခါမှာ ဖိုးခွေးဟာ နဖားကြိုး ထိုးပြီးဖမ်းခေါ် တာကို လိုက်သွားစေလို့ အမိန့်တော်ပြန်တယ်။ ဘိုးဩဘာ က ဖိုးခွေး ဒီနည်းနဲ့ ရိုင်းလို့ ဖမ်းမရတဲ့ ကျွဲရိုင်းတွေကိုဖမ်း၊ သူ့သခင်ဆီ သွားအပ် ပေး၊ ကျွဲရှင်ကပေးတဲ့ သဒ္ဓါကြေးကိုယူ။ ထမင်းတော့ ဝမှာပေါ့ ငါ့တပည့်ရာလို့ မှာကြားသွားပါတယ်။ မှာတဲ့အတိုင်း ဖိုးခွေးဟာလိုက်နာပါတယ်။ ထမင်းစား ပညာ က သူ့တစ်သက်ထမင်းကျွေးပါတယ်ဟူ၍ မိုးတားဦးထွန်းရှိန်က မိမိ၏ မျက်မြင် ကိုယ်တွေ့ကိစ္စကို ပြန်လည်မှတ်တမ်းတင် ပြောဆိုခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ တစ်ဆင့် သိရှိရခြင်း ဖြစ်ပါသည်။ များစွာကျေးဇူးတင်စရာ ဖြစ်ပါသည်။ ရက်ကန်းစင်တောင် ဘိုးဩဘာသသည် တပည့်များကို မည်သို့မည်ပုံ မစ စောင့်ရှောက်သည်ဟူသော အဖြေကို ရှာလျှင် အဖြေကောင်းတစ်ခု ရှိပါသည်။ ဝိဇ္ဇာမ,မည်ဟူသော စကားအတိုင်း အလွယ်တကူမ,သည် မဟုတ်ကြောင်း သက်သေအဖြစ် အောက်ပါဖြစ်ရပ်မှန်ကို ဖတ်ရှုနိုင်ပါသည်။ ထိုဖြစ်ရပ်မှန်ကို ပထမ ကျော် ဦးစိန်ခန့် ထုတ်ဝေသော ပထမံတရားမဂ္ဂဇင်းတွင် ဖတ်ရှုနိုင်ပါသည်။ ပြန်လည်ကုသိုလ်ယူမည် ဖြစ်ပါသည်။ အောက်တွင် ဖတ်ရှုကြည့်ပါ။ ဒီဖြစ်ရပ်မှန်ကရှည်လို့ နောက်တပိုင်းမှာတင်ပါ့မယ် ခရစ် ၁၉၆၂ ဘိုးသြဘာ ဇမွေးများကို ထမင်းကျွေးခြင်း ဤကိစ္စသည်လည်း ထူးခြားဆန်းကြယ်အံ့ဩဖွယ် ဖြစ်ပါသည်။ ဘိုးဩဘာသည် ညဦးကတည်းက ခွေးတွေကို စိတ်မနောအားဖြင့် ဖိတ်ကြားထားခဲ့ကြောင်း၊ ခွေးအပေါင်းတို့သည် ညီညာဖျဖျ ရောက်လာကြကြောင်း၊ လမ်းဘေးမှာ ဖျာတွေနှင့် ခင်းပြီး ကျွေးသော ထမနဲများကို ငြိမ်သက်စွာ၊ စည်းကမ်းရှိစွာ စားကြကြောင်း၊တစ်ကောင်နဲ့တစ်ကောင် ရန်မစောင်ဘဲ ချစ်ကြည်စွာ စားခဲ့ကြပြီး လာရာလမ်းကို ပြန်သွားကြကြောင်း၊ စနစ်တကျတန်းစီပြီး သွားကြကြောင်း ပြန်လည် သိရှိရပါသည်။ ထိုအချက်ကို ဒေါ်လှဝိုင်းက ပြောပြကြောင်း၊ ဒေါ်လှဝိုင်းသည် ဆရာချန်၏ ဇနီး ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်အမည်မှာ ဒေါ်လှဝိုင်း မဟုတ်။ ဒေါ်ဆိုး ဖြစ် ကြောင်း၊ ထိုအမည်ကိုမကြိုက်သဖြင့် ဘိုးဩဘာက အမည်ပြောင်း ပေးခဲ့ကြောင်း လည်း ထပ်ဆင့်သိရပါသည်။ ဒီလောက်ပဲ ဒီအပိုင်းမှာတင်ပ့မယ်နောက်တစ်ပိုင်းမှာ ဖြစ်ရပ်မှန် အားတင်ပေးပါ့မယ် ဆရာတော်ရဲ့ တပည့်များအကြောင်း မတင်ဆက်တော့ပါ။ #လောကီပညာ #ဆရာပိုင်
Sayar' Theikdi Htun📿
Region: TH
Thursday 12 November 2026 01:09:40 GMT
Music
Download
Comments
Wai :
🙏🙏🙏
2026-11-12 04:40:04
1
To see more videos from user @sayaraungbhonemin, please go to the Tikwm
homepage.