@msub.movie: The Assassin (2025) ရုပ်ရှင်ဟာ သားသမီးအပေါ် ထားရှိတဲ့ မိခင်မေတ္တာရဲ့ နက်ရှိုင်းမှုနဲ့အတူ အတိတ်က နာကျင်စရာ အမှောင်ဘက်ခြမ်းတွေကို ရင်တမမနဲ့ သည်းထိတ်ရင်ဖို ရိုက်ကူးထားတဲ့ အက်ရှင် လျှို့ဝှက်သည်းဖို (Action Thriller) ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အတိတ်က ရက်စက်တဲ့ ကြေးစားလူသတ်သမားဘဝကနေ အနားယူထားတဲ့ ဂျူးလီနဲ့ သူ့ရဲ့မွေးစားသား အက်ဒ်ဝပ်တို့အကြောင်းကို အဓိကထား ရိုက်ကူးထားပါတယ်။ ဂျူးလီဟာ အရင်က ငွေကြေးအတွက် သတ်ဖြတ်မှုတွေ လုပ်ခဲ့ဖူးသူဖြစ်ပြီး၊ တစ်ချိန်တုန်းက ပစ်မှတ်ဖြစ်တဲ့ အက်ဒ်ဝပ်ရဲ့ ဖခင်အရင်းကို သတ်ဖြတ်ခဲ့ပေမဲ့ ငိုကြွေးနေတဲ့ မွေးကင်းစကလေးငယ် အက်ဒ်ဝပ်ကို မရက်စက်နိုင်ဘဲ ကိုယ်တိုင် သားအရင်းလို မွေးမြူစောင့်ရှောက်ခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း အမှန်တရားကို မသိဘဲ ကြီးပြင်းလာတဲ့ အက်ဒ်ဝပ်ဟာ မိခင်အပေါ် နားလည်မှုလွဲမှားပြီး စိတ်ဝမ်းကွဲပြားကာ အဆက်အသွယ် ဖြတ်တောက်ထားခဲ့ပါတယ်။ အဲ့ဒီနောက် အက်ဒ်ဝပ်တစ်ယောက် ကမ္ဘာကျော် သတ္တုတူးဖော်ရေးလုပ်ငန်းစုပိုင်ရှင်မိသားစုက ကေလာနဲ့ မင်္ဂလာဆောင်ပြီး ပျော်ရွှင်စရာ ဟန်းနီးမွန်းခရီးထွက်လာချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ မထင်မှတ်ထားဘဲ ဇနီးဖြစ်သူ ကေလာဟာ ဟိုတယ်အခန်းထဲကနေ ခြေရာဖျောက် ပြန်ပေးဆွဲခံလိုက်ရပြီး၊ ပြန်ပေးသမားတွေက ယူရို ခုနစ်သန်းနဲ့ လာရွေးဖို့ ရာဇသံပေးလာပါတယ်။ ပိုပြီး ထိတ်လန့်စရာကောင်းတာက အမှုဖွင့်ဖို့ သွားရောက်ခဲ့တဲ့ ဒေသခံရဲစခန်းထဲမှာတင် ပြန်ပေးဆွဲမှုထဲက သံခြေထောက်နဲ့ လူဆိုးကို ရဲယူနီဖောင်းနဲ့ တွေ့လိုက်ရတဲ့အခါ ရဲတပ်ဖွဲ့ကိုပါ လုံးဝယုံကြည်လို့ မရတော့တဲ့ အခြေအနေကို ဆိုက်ရောက်သွားပါတော့တယ်။ အားကိုးရာမဲ့ဖြစ်နေတဲ့ အက်ဒ်ဝပ်ဟာ နောက်ဆုံးမှာတော့ သူ မုန်းတီးနေတဲ့ မိခင်ဟောင်း လူသတ်သမား ဂျူးလီဆီကို အကူအညီတောင်းခံဖို့ ဖုန်းခေါ်လိုက်ရပါတယ်။ ဂျူးလီတစ်ယောက် သားဖြစ်သူရဲ့ ဇနီးကို ကယ်တင်ဖို့အတွက် လျှို့ဝှက်ချက်တွေ၊ အန္တရာယ်တွေကြားထဲကို အသက်စွန့်ပြီး ပြန်လည်ဝင်ရောက်လာတဲ့အခါမှာတော့ အမှန်တရားရဲ့ နောက်ကွယ်မှာ ဘယ်လိုကြောက်မက်ဖွယ် လှည့်ကွက်တွေ ဖုံးကွယ်ထားသလဲ၊ သံခြေထောက်နဲ့ ရဲအရာရှိနောက်ကွယ်က ကြိုးကိုင်သူတွေဟာ ဘယ်သူတွေလဲဆိုတာကို ရင်တမမနဲ့ အဆုံးထိ ဆွဲဆောင်မှုရှိရှိ ရှုစားကြရမှာပဲ ဖြစ်ပါတယ်။ သွေးသားမတော်စပ်ပေမဲ့ သားသမီးအတွက်ဆို အသက်ကိုပါ ပေးဆပ်ရဲတဲ့ မိခင်တစ်ဦးရဲ့ စွန့်လွှတ်စွန့်စားမှုနဲ့အတူ အက်ရှင်အခန်းတွေ၊ ဉာဏ်ဆင် လှည့်စားမှုတွေကို အစအဆုံး စိတ်ဝင်တစား ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အညွှန်းရေးသားသူကတော့ Amy ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ M-Sub Team ဖြစ်ပါတယ်။
M-Sub Movie
Region: MM
Thursday 12 November 2026 04:59:02 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @msub.movie, please go to the Tikwm
homepage.