@han.tiktok.shop: Have you tried a weighted sleep mask?

Han | TikTok Shop
Han | TikTok Shop
Open In TikTok:
Region: GB
Thursday 12 November 2026 06:47:44 GMT
487
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @han.tiktok.shop, please go to the Tikwm homepage.

Other Videos

သင်္ဘောကြီးတစ်စင်း ပင်လယ်ပြင်မှာ ရွေ့လျားနေတယ်။ သင်္ဘောပေါ်မှာ လူနှစ်မျိုးရှိတယ်။ တစ်မျိုးက ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေ။ နောက်တစ်မျိုးက သင်္ဘောကြီး ရွေ့လျားနိုင်ဖို့ မနားတမ်း အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေ။ သူဌေးတစ်ယောက်က အလုပ်သမားတွေကို နှစ်သိမ့်စကား ပြောလေ့ရှိတယ်။
သင်္ဘောကြီးတစ်စင်း ပင်လယ်ပြင်မှာ ရွေ့လျားနေတယ်။ သင်္ဘောပေါ်မှာ လူနှစ်မျိုးရှိတယ်။ တစ်မျိုးက ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေ။ နောက်တစ်မျိုးက သင်္ဘောကြီး ရွေ့လျားနိုင်ဖို့ မနားတမ်း အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေ။ သူဌေးတစ်ယောက်က အလုပ်သမားတွေကို နှစ်သိမ့်စကား ပြောလေ့ရှိတယ်။ "ငါတို့အားလုံးဟာ တစ်သင်္ဘော တစ်စီးထည်းမှာ အတူစီးနေကြတဲ့ သူတွေပါပဲ " တဲ့။ ဒီစကားက ကြားရတာ နွေးထွေးပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင် တစ်ခုခု လွဲနေတယ်။ ဟုတ်တယ်၊ သင်္ဘောတစ်စင်းတည်းပေါ်မှာ ရှိတယ်။ ဒါပေမယ့် သူဌေးက သင်္ဘောပေါ်မှာ လေအေးပေးစက်ခန်းထဲမှာ အိပ်နေတယ်။ အလုပ်သမားက အင်ဂျင်ခန်းထဲမှာ ချွေးတွေပြောင်းပြောင်းကျပြီး အလုပ်လုပ်နေတယ်။ သူဌေးက သင်္ဘောပျက်ရင် ကယ်တင်ရေးလှေကို ပထမဆုံး ရောက်နိုင်တဲ့ နေရာမှာ ထိုင်နေတယ်။ အလုပ်သမားကတော့ ရေထဲခုန်ရဖို့ နောက်ဆုံးမှ ကျန်ခဲ့မယ့်သူ။ သင်္ဘောတစ်စင်းတည်း စီးနေတာ မှန်ပေမယ့် သင်္ဘောပေါ်က အနေအထားက မတူညီဘူး။ ဒါကြောင့် လူငယ်တွေ မှတ်ထားရမှာက — "အတူတူ" ဆိုတဲ့ စကားလုံးကို သတိထားပါ။ တစ်နေရာတည်းမှာ ရှိနေတာနဲ့ တစ်ထပ်တည်း အခွင့်အရေး ရနေတာ မတူဘူး။ မျက်စိကို ဖွင့်ထားပါ။ သင့်ကို "အတူတူပါ" လို့ ပြောနေတဲ့သူက သင့်နဲ့ တကယ် အတူတူ ရှိမရှိ ကြည့်ပါ။ သင်္ဘောကို ရွေ့လျားစေတာ သူဌေးမဟုတ်ဘူး။ အင်ဂျင်ခန်းထဲက ချွေးသွန်နေတဲ့ လက်တွေပါ။ တကယ်တမ်း အတူတူဖြစ်ဖို့ဆိုတာ အခွင့်အရေး၊ အကျိုးအမြတ်၊ အန္တရာယ်ကို မျှတစွာ ခွဲဝေခံစားတာကို ဆိုလိုတယ်။ စကားလုံးနဲ့ နှစ်သိမ့်တာက ခွဲဝေခံစားတာ မဟုတ်ဘူး။ သင်္ဘောတစ်စင်းပေါ်မှာ အတူစီးနေတာ မှန်ပါတယ်။ ဒါပေမယ့် သင်္ဘောပျက်ရင် ဘယ်သူက ကယ်တင်ရေးလှေပေါ် ပထမဆုံး ရောက်မလဲဆိုတာ သိထားဖို့ လိုတယ်။ အဲဒီအသိကပဲ သင့်ကို လိမ်ခံရမှုကနေ ကာကွယ်ပေးလိမ့်မယ်။ ထိုနည်းတူစွာပဲ လောက မှာလည်း ' ငါတို့ဟာ တစ်လှေထည်း အတူစီးနေကြတဲ့ သူတွေပါပဲ ' လို့ဆိုတိုင်း အယုံမလွယ်လိုက်ပါနဲ့ လူတစ်ချို့ လာပြီး နှက်သိမ့်တာဟာ စာနာလို့မဟုတ်ပဲ သူ့အကြိုးအတွက် လုပ်ဆောင်ပေးဖို့ ပြောတဲ့ ပညာသားပါပါ စကားတစ်ခွန်တာ ဖြစ်တယ် ! #ဘယ်တော့မှရောက်မာလဲfypပေါ်က😣😒 #စာပေ #တက်စမ်းပါfpyရယ် #mgtheinzawhtwe

About