@kokoronokeshiki: မကောင်းတဲ့အကျင့် မကောင်းတဲ့အပြုအမူ မကောင်းတဲ့အစားအသောက် တွေကို ပြုပြင်ဖို့အကြိမ်များစွာပြောခဲ့ဖူးပြီ ပထမတော့ ဒီလိုမလုပ်နဲ့မပြုမူနဲ့ အမူအကျင့်ကိုပြင်ဖို့ပြောတယ် ကြိမ်ဖန်များစွာ ပြောပြီးနောက် ပြုပြင်လိုက်ဖောက်ဖျက်လိုက်နဲ့ ကြာလာတော့ ကိုယ်ရဲ့စိတ်က ထားလိုက်ပါတော့ ဆိုပြီး သတ်မှတ်ချက်တစ်ခုကို လွတ်ပေးလိုက်တယ် ... နောက် အသောက်အစား ပြင်ပေးဖို့ ပြင်ပေးစေချင်ဖို့ ဆန္ဒရှိခဲ့တယ် ဒါလည်း ရှေ့ကနည်းအတိုင်းပဲ နောက်သတ်မှတ်ချက်တစ်ခုကို လွတ်ပေးလိုက်ပြန်တယ် ကြာလာတော့ ကိုယ်တိုင်က ဝမ်းနည်းလာပြီး သူ့အတွက်ကိုယ်က ဘာမှမဟုတ်တာပဲလို့ တွေးမိလာတယ် .... ကိုယ်မကြိုက်တာကို မလုပ်ဖို့ တန်တန်ပြောခဲ့ပေမယ့် ကိုယ့်စကား ကိုယ့်မေတ္တာက သူ့အတွက်တန်ဖို့ ရှိမနေခဲ့ဘူး.... ကြာလာတော့ ဒီအခြေနေကြီးကို မွန်းကြပ်ပြီး စိတ်ကုန်လာတယ် ဒေါသထွက်လာတယ် .... ကိုယ်မကြိုက်ပေမယ့် သူကြိုက်တာကို ကျွန်မက ဘာလို့တားဆီးနေတာပါလိမ့် .... အဲလိုပြောင်းလဲပေးဖို့ဆိုရင် ဆရာတော်ပြောသလိုပဲ "တဘက်လူက ကိုယ့်အပေါ်မေတ္တာရှိဦးမှတဲ့" မှန်လိုက်တာ.... တဖက်လူက ကိုယ့်ကိုချစ်တာမဟုတ် သူ့ဘာသာ သာ အချစ်ဆုံးဖြစ်နေတာပဲ ကျွန်မလည်း ကိုယ့်ဘာသာချစ်လာဖို့ပဲ ကြိုးစားရတော့မယ်.... ဘယ်အရာ ကိစ္စမဆို သူ့အတွက်ပဲစဥ်းစားပေးခဲ့တဲ့ကျွန်မရဲ့စေတနာကို မသိလေရော့သလား ဒါကြောင့် လက်လွတ်တတ်ဖို့သင်ယူရင်း ခုတော့ ခုတော့ ပြသာနာတစ်ခု စိတ်ဆိုးစိတ်ကောက်ရင် ကျွန်မမတုန်လှုပ်တော့ဘူး တတ်နိုင်သမျှအကောင်းဆုံးပေးခဲ့တာမို့ထင်ပါရဲ့ ကျွန်မလက်လွတ်နိုင်နေပါပြီ..... ပြောင်းလဲမရတဲ့အရာတွေကို ဘယ်တော့မှပြောင်းလဲပေးဖို့မပြောတော့ဘူး....ကိုယ်တိုင်ကပဲပြောင်းလဲဖို့သင်ယူလိုက်တယ်.... #ပန်းဖက်စွတ် #fypシ #ကိုယ်တိုင်အတွက်ပဲပြောင်းလဲဖို့ကြိုးစားမယ်

🌿Dreamy Day🌿
🌿Dreamy Day🌿
Open In TikTok:
Region: MM
Thursday 12 November 2026 14:43:27 GMT
1152
137
1
28

Music

Download

Comments

tintunaung5166
TTA :
[Innocent][Innocent][Innocent]
2026-11-12 15:42:45
1
To see more videos from user @kokoronokeshiki, please go to the Tikwm homepage.

Other Videos


About