@zayartbz13: အုတ်ဖိုမြို့နယ်တွင် ပေါ်တာဆွဲခြင်း၊ လယ်မြေသိမ်းခြင်းနှင့် သတင်းပေးလုပ်ဆောင်နေသည့် စစ်ကောင်စီဒေါက်တိုင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁၂ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း ဒေသခံပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ လယ်ယာမြေများ အတင်းအဓမ္မသိမ်းယူခြင်းနှင့် တော်လှန်ရေးအဖွဲ့များ၏ သတင်းအချက်အလက်များကို စစ်ကောင်စီထံ ပေးပို့ခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီဒေါက်တိုင် ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။ အောက်တိုဘာ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာ၌ နေထိုင်သည့် ဗိုလ်ကြီးထွန်းတင်၏ တပည့်များဖြစ်သော ဆရာကြီးဟုခေါ်သည့် ဝင်းထွဋ်နှင့် မောင်ဆန်း၊ ရွာသစ်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ဦးအုံးမြိုင်တို့ကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ဦးစလုံး သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။ ဝင်းထွဋ်နှင့် မောင်ဆန်းတို့သည် စစ်တပ်မှ ဗိုလ်ကြီးထွန်းတင်၏ အခွင့်အာဏာကို အသုံးချကာ ဒေသခံပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့က ရှင်းပြသည်။ ထို့ပြင် NLD အစိုးရလက်ထက်က အုတ်ဖိုမြို့နယ်အတွင်းရှိ တောင်သူများကို တရားဝင်လုပ်ကိုင်စားသောက်ခွင့် ပြုထားသည့် လယ်ယာမြေများကို စစ်တပ်အာဏာသိမ်းပြီးနောက် ၎င်းတို့နှစ်ဦးက အတင်းအဓမ္မသိမ်းယူကာ ကိုယ်တိုင်လုပ်ကိုင်စားသောက်နေခဲ့ကြောင်းလည်း သိရသည်။ အဆိုပါနှစ်ဦးသည် တော်လှန်ရေးအဖွဲ့ဝင်များကို စစ်ကောင်စီနှင့် ပူးပေါင်းလာစေရန် စည်းရုံးချိတ်ဆက်ပေးခြင်း၊ အချို့တော်လှန်ရေးရဲဘော်များကို စစ်ကောင်စီထံ မပို့ဆောင်ဘဲ လမ်းခရီးတွင်ပင် သတ်ဖြတ်ရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့သူများဖြစ်ကြောင်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဘက်က ပြောဆိုထားသည်။ ရွာသစ်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် အုန်းမြိုင်သည်လည်း စစ်ကောင်စီအတွက် ပေါ်တာကြေးများ ကောက်ခံပေးခြင်း၊ စစ်ကောင်စီ၏ အလိုကျ လောင်းကစားဝိုင်းများ ဖွင့်လှစ်လုပ်ကိုင်ကာ အခွန်ငွေပေးဆောင်ခြင်းတို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထောက်ပို့ပြည်သူများ၏ သတင်းအချက် အလက်များကို စစ်ကောင်စီထံ ပေးပို့ကာ ဖမ်းဆီးစေခဲ့သူဖြစ်ကြောင်း သိရှိရသည်။ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူက “ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတယ်လို့ တိုင် ကြားချက်တွေလည်း ရောက်လာတယ်။ သူတို့ ၃ ဦးကို စောင့်ကြည့်နေတာလည်း ကြာပြီပေါ့။ အခုနောက်ပိုင်း ပြည်သူတွေကို ဖိနှိပ်တာ ပိုဆိုးလာလို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု ပြောဆိုသည်။ ယင်းလုပ်ရပ်များကြောင့် ၎င်းတို့ ၃ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ပြောဆိုထားပြီး နောင်တွင်လည်း စစ်ကောင်စီထံ သတင်းပေးပို့ခြင်းနှင့် ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်ညှဉ်းပန်းမှုများ ပြုလုပ်နေသူများကို ဆက်လက်အရေးယူသွားမည်ဟု သတိပေးထားသည်။@Zayar TBZ 5 @ZayarTBZ 7.1News🍉 #zayartbz #မြန်မာသတင်း #ဒေသသတင်းရင်းမြစ် #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ပြည်သူများဘေးကင်းကြပါစေ

Zayar Tbz 13
Zayar Tbz 13
Open In TikTok:
Region: TH
Friday 13 November 2026 02:40:56 GMT
11052
764
9
32

Music

Download

Comments

sawgyi4491
saw gyi :
အမွန္ႀကီးပါ
2026-11-13 08:12:56
1
ma.moe.moe8819
Ma Moe Moe :
🥰🥰🥰
2026-11-13 08:01:33
1
user4851196161544
အန်တီအေး :
😳😳😳
2026-11-13 07:47:34
1
nyan.lin.satt14
Nyan Lin Satt :
♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️
2026-11-13 07:48:48
1
mihmihnim
kaunghtetkoko :
👍👍👍
2026-11-13 08:00:41
1
user97937106145070
မောင်ဖုန်း :
🥰🥰🥰
2026-11-13 06:05:31
1
user3568138385573
ဦးသား သား :
😜😜😜😜😜
2026-11-13 04:21:04
1
user3123721837161
kokolay :
🥰🥰🥰
2026-11-13 05:12:44
0
hein.min.phyo90
Hein Min Phyo :
🥰🥰🥰
2026-11-13 03:01:06
0
To see more videos from user @zayartbz13, please go to the Tikwm homepage.

Other Videos


About