@healthyaproducts: 🍳 ကြက်ဥပြုတ်ပဲ စားပြီး ဝိတ်ချနေတဲ့ခေတ် ကုန်သွားပြီနော်! 😍 ဝိတ်ထိန်းနေလို့ မနက်စာကို အရသာမရှိဘဲ စားစရာမလိုတော့ဘူးနော်။ ဒီနေ့တော့ Rice Paper တစ်ချပ်နဲ့ ကြက်ဥလေးကို အသုံးပြုပြီး အပြင်က ကြွပ်ကြွပ်လေး၊ အတွင်းက နူးနူးအိအိလေးဖြစ်တဲ့ Rice Paper Egg Wrap လုပ်စားကြမယ်။ 💚 🥚 ပါဝင်ပစ္စည်းများ * Rice Paper – ၁ ချပ် * ကြက်ဥ – ၁ လုံး * ကြက်သွန်မြိတ် – အနည်းငယ် * ခရမ်းချဉ်သီး – အနည်းငယ် * ဆား၊ ငရုတ်ကောင်း – အနည်းငယ် * Cheese – အနည်းငယ် (ကြိုက်နှစ်သက်ပါက) * ဆီ – အနည်းငယ် 👩🏻🍳 လုပ်နည်း 1. ဒယ်အိုးကို ဆီအနည်းငယ်သုတ်ပြီး Rice Paper တစ်ချပ်ကို တင်ပါ။ 2. ကြက်ဥတစ်လုံးဖောက်ထည့်ပြီး အနှစ်လေးကို ဖြန့်ပေးပါ။ 3. ကြက်သွန်မြိတ်၊ ခရမ်းချဉ်သီး၊ ဆားနဲ့ ငရုတ်ကောင်းလေး ဖြူးထည့်ပါ။ 4. Cheese ကြိုက်ရင် အပေါ်က ထပ်ထည့်ပေးပါ။ 5. ကြက်ဥကျက်လာတာနဲ့ Rice Paper ကို လေးဖက်ခေါက်ပြီး နှစ်ဖက်လုံး ရွှေဝါရောင်လေးဖြစ်အောင် ကြော်ပေးပါ။ ဒါဆိုရင် အပြင်က ကြွပ်ကြွပ်လေးနဲ့ အတွင်းက အရသာရှိတဲ့ Rice Paper Egg Wrap လေး ရပါပြီ။ 😋 💚 ဝိတ်ထိန်းနေသူတွေအတွက်လည်း ဆီကို ချင့်ချိန်သုံးပြီး အသီးအရွက်လေးတွေ ထည့်စားလို့ရတဲ့ မနက်စာ Idea လေးပါ။ ကြက်ဥပြုတ်ပဲ နေ့တိုင်းစားရတာ ငြီးငွေ့နေပြီဆို ဒီ Recipe လေး စမ်းလုပ်ကြည့်နော်! Rice Paper လေးတွေကို Healthy Products မှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင့်။ 💚 #ricepaper #fyp #healthylifestyle #healthyproducts #viral
@HealthyProducts_HealthyDiet
Region: DE
Friday 13 November 2026 08:25:51 GMT
Music
Download
Comments
Chaw Eaindra Thein🫧 :
🤤🤤
2026-11-13 12:24:11
1
Khaingzin :
hm
2026-11-13 16:54:49
0
ko pyae :
Wow
2026-11-13 11:12:06
1
Thant Thant :
Hm
2026-11-13 16:14:25
0
Zarniml :
😁😁😁
2026-11-13 14:54:00
1
April Lay :
🥰🥰🥰
2026-11-13 14:30:03
1
Sweet❤️ :
❤️❤️❤️
2026-11-13 08:26:56
0
Sweet❤️ :
🤤🤤🤤
2026-11-13 08:26:52
1
Moe :
😳😳😳
2026-11-13 14:21:38
1
CubanBar :
[Tears of joy][Tears of joy][Tears of joy]
2026-11-13 15:29:16
0
To see more videos from user @healthyaproducts, please go to the Tikwm
homepage.