@bangkokessentials7: ဘန်ကောက်ရောက်ရင် Local vibes အပြည့်နဲ့ အစားအသောက်စုံစုံ၊ အဝတ်အထည်နဲ့ အမှတ်တရပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူရင်း အပန်းဖြေဖို့ ညဈေးတွေက မဖြစ်မနေ သွားသင့်တဲ့ ထိပ်ဆုံးကနေရာတွေပါပဲ။ အလန်းဆုံး ညဈေး (၅) ခုကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။ ၁။ Jodd Fairs (Ratchada) ယခုအချိန်မှာ ဘန်ကောက်ရဲ့ လူကြိုက်အများဆုံး Trendy ဖြစ်ဆုံး ညဈေးပါ။ အရင် "Train Night Market" နေရာဟောင်းမှာ ပြန်ဖွင့်ထားတာဖြစ်ပြီး hipster vibe ဆန်ဆန်နဲ့ Elegant ဖြစ်တဲ့ ပုံစံမျိုးပါ။ local အစားအသောက်မျိုးစုံ၊ အဝတ်အထည်နဲ့ handicraft ဆန်းဆန်းလေးတွေကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။ ၂။ Asiatique The Riverfront Chao Phraya မြစ်ဘေးက ဆွဲဆောင်မှုအရှိဆုံး Premium ညဈေးပါ။ ညဈေးနဲ့ Shopping Mall ကို ပေါင်းစပ်ထားပြီး၊ ဘန်ကောက်ရဲ့ အထင်ကရ ဧရာမ ချားရဟတ်ကြီး (Ferris Wheel) နဲ့ မြစ်ဘေးညစာစားသုံးမှုကို ရိုမန်တစ်ဆန်ဆန် ခံစားနိုင်ပါတယ်။ ၃။ Talad Rod Fai Srinakarin (Train Night Market) ဘန်ကောက်ရဲ့ အကြီးဆုံး ညဈေးကြီးတစ်ခုဖြစ်ပြီး တကယ့် Vintage Vibe အပြည့်ရစေမယ့် နေရာပါ။ ရှေးဟောင်းကားကြီးတွေ၊ Retro အဝတ်အထည်တွေ၊ ရှေးဟောင်းပစ္စည်းစုဆောင်းသူတွေနဲ့ local အစားအသောက်မျိုးစုံကို ဈေးသက်သက်သာသာနဲ့ ဆိုင်ခန်းပေါင်းထောင်ချီ စုံစုံလင်လင် ဝယ်ယူနိုင်ပါတယ်။ ၄။ Yaowarat (Chinatown) ဘန်ကောက် Street Food ရဲ့ အသက်ဝိညာဉ်ဖြစ်ပြီး အစားအသောက်အတွက် အကောင်းဆုံးညဈေးပါ။ တရုတ်တန်းလမ်းမကြီးပေါ်မှာ တည်ရှိပြီး ကမ္ဘာကျော် local အစားအသောက်မျိုးစုံ (ဥပမာ: ကဏန်းပုစွန် seafood bbq၊ Mango Sticky Rice၊ တရုတ်ရိုးရာမုန့်မျိုးစုံ) ကို အနံ့အရသာစုံလင်စွာ မြည်းစမ်းနိုင်ပါတယ်။ ၅။ Talad Liab Duan Dan Niramit Phahonyothin လမ်းမပေါ် (အရင် Dan Niramit ကစားကွင်းဟောင်းနေရာ) မှာ အသစ်ပြန်ဖွင့်ထားပြီး local တွေကြား အရမ်းခေတ်စားနေတဲ့ ညဈေးသစ်ကြီးပါ။ ဒီဈေးရဲ့ ထူးခြားချက်က ဈေးအလယ်မှာ disney landထဲကလို ရဲတိုက် ရှိနေတာကြောင့် ညဘက် မီးရောင်စုံနဲ့ ဓာတ်ပုံရိုက်ရင် အရမ်းကို လှပအိပ်မက်ဆန်ပါတယ်။ အဝတ်အထည်၊ vintage ပစ္စည်းတွေအပြင် မာလာ၊ ပင်လယ်စာအကင်စတဲ့ ဒေသစာမျိုးစုံကို ဈေးနှုန်းသက်သက်သာသာနဲ့ ရနိုင်ပြီး ခရီးသွားတွေ သိပ်မသိသေးတဲ့ Local Vibes စစ်စစ်ကို ပေးစွမ်းနိုင်ပါတယ်။ 💬 Comment မှာလည်း သွားဖူးတဲ့ အတွေ့အကြုံလေးတွေ ရှိရင် မျှဝေပေးခဲ့ပါဦးနော်။😍 #ဘန်ကောက် #ထိုင်း #ညစျေး #nightmarket #fypပေါ်ရောက်စမ်း
bangkokessentials
Region: TH
Friday 13 November 2026 12:00:50 GMT
Music
Download
Comments
user401001510629 :
Thanks for sharing.
2026-11-15 16:19:09
0
💕 Coral Venus 💞 :
😂😂😂
2026-11-21 10:17:13
0
🪲 :
Liabduan Dan Niramit Disneyland နေရာက အစားသောက်ကလည်းဈေးကလည်းတော် နေရာကလှ night market ဆိုဒီနေရာအဆင်ပြေဆုံးပဲ
2026-11-20 09:05:49
0
သားမိနှစ်ယောက် :
👍👍👍🥰🥰🥰🥰🥰
2026-11-17 08:42:09
0
Phyoe Phyoe Wai :
🥰🥰🥰
2026-11-13 16:13:07
0
ငါ့နှလုံးသားမူပိုင် :
❤️❤️❤️
2026-11-21 16:49:35
0
To see more videos from user @bangkokessentials7, please go to the Tikwm
homepage.