@worksphere2026: 🚨 စင်ကာပူတွင် အိမ်အကူတစ်ဦးက မိတ်ဆွေတစ်ဦးကို ကူညီပေးရာမှ S$116,000 ကျော် ငွေလွှဲမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး ထောင်ဒဏ် ၄၀ ရက် ချမှတ်ခံရ ❌စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ဖိလစ်ပိုင်အိမ်အကူတစ်ဦးသည် မိတ်ဆွေအိမ်အကူတစ်ဦး၏ အကူအညီတောင်းခံမှုကြောင့် မိမိ၏ဘဏ်အကောင့်ကို အသုံးပြုပြီး စင်ကာပူဒေါ်လာ ၁၁၆,၁၅၄.၅၁ ကို ထိုင်းနိုင်ငံရှိ ဘဏ်အကောင့်တစ်ခုသို့ လွှဲပြောင်းပေးခဲ့ရာ အဆိုပါငွေများအနက် S$20,300 သည် စင်ကာပူအမျိုးသမီးနှစ်ဦးထံမှ လိမ်လည်ရယူထားသော ငွေများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ 🛑ဖြစ်စဉ်မှာ အသက် ၃၅ နှစ်အရွယ် ဖိလစ်ပိုင်အိမ်အကူ Galvez Mary Joe Blanco သည် အသက် ၅၇ နှစ်အရွယ် ဖိလစ်ပိုင်အိမ်အကူ Maria Luz Suerte Lopez နှင့် အိမ်တစ်အိမ်တည်းတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြသည်။ 🛑၂၀၂၄ ခုနှစ် မေလအတွင်း Maria သည် TikTok မှတစ်ဆင့် Alex Stillinger အမည်ဖြင့် မိတ်ဆက်လာသူ အမျိုးသားတစ်ဦးနှင့် စတင်ဆက်သွယ်ခဲ့သည်။ 🛑အဆိုပါအမျိုးသားက မိမိသည် အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း မိတ်ဆက်ခဲ့ပြီး ရွှေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ရရှိထားသော ငွေများကို လက်ခံပေးရန် Maria ကို အကူအညီတောင်းခဲ့သည်။ 🛑ထိုအမျိုးသားနှင့် နေ့စဉ်စကားပြောဆိုနေခဲ့သော Maria သည် ၎င်း၏တောင်းဆိုမှုကို သဘောတူခဲ့သော်လည်း ထိုအချိန်တွင် မိမိ၌ ဘဏ်အကောင့်မရှိသေးသောကြောင့် ငွေလက်ခံပေးရန် အခက်အခဲရှိခဲ့သည်။ 🛑ထို့ကြောင့် Maria သည် မိတ်ဆွေဖြစ်သူ Galvez ကို အကူအညီတောင်းခဲ့သည်။ 🛑Maria က သူမ၏မိတ်ဆွေသည် ရွှေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ရရှိသောငွေများကို လက်ခံပြီး ထိုင်းနိုင်ငံရှိ ဘဏ်အကောင့်တစ်ခုသို့ ပြန်လည်လွှဲပေးရန် လိုအပ်နေကြောင်း ပြောပြခဲ့သည်။ ထိုသို့ ငွေလွှဲပေးသည့်အတွက် Galvez ကိုလည်း အနည်းငယ်သော ငွေကြေးပေးမည်ဟု ပြောဆိုခဲ့သည်။ 🛑Galvez သည် မိမိ၏ POSB ဘဏ်အကောင့်ကို အသုံးပြုခွင့်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်မှ မေလ ၂၉ ရက်အတွင်း အဆိုပါအမျိုးသားထံမှ စုစုပေါင်း S$118,133 လက်ခံရရှိခဲ့သည်။ 🛑ထို့နောက် ထိုင်းနိုင်ငံရှိ Kasikornbank ဘဏ်အကောင့်တစ်ခုသို့ S$116,154.51 ကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ 🛑စစ်ဆေးမှုများအရ အဆိုပါငွေများအနက် S$20,300 သည် Internet Love Scam ကြောင့် ငွေလိမ်လည်ခံခဲ့ရသော စင်ကာပူအမျိုးသမီးနှစ်ဦးထံမှ ရရှိထားသော ငွေများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ 🛑ပထမအမျိုးသမီးမှာ အသက် ၆၁ နှစ်အရွယ်ဖြစ်ပြီး လိမ်လည်သူများထံ S$13,300 လွှဲပေးခဲ့ရသူဖြစ်သည်။ ထိုငွေများအနက် S$6,800 သည် Galvez ၏ ဘဏ်အကောင့်ထဲသို့ ဝင်ရောက်ခဲ့သည်။ 🛑ဒုတိယအမျိုးသမီးမှာ အသက် ၇၀ အရွယ်ဖြစ်ပြီး Love Scam ကြောင့် စုစုပေါင်း S$108,500 ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ထိုငွေများအနက် S$13,500 သည်လည်း Galvez ၏ ဘဏ်အကောင့်ထဲသို့ ဝင်ရောက်ခဲ့သည်။ 🛑Galvez သည် အဆိုပါငွေလွှဲမှုများအတွက် စုစုပေါင်း S$1,151.50 ရရှိခဲ့သည်။ 🛑သူမသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး နောက်ပိုင်းတွင် တရားရုံး၌ အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ 🛑၂၀၂၅ ခုနှစ်တွင် District Court က သူမအား ထောင်ဒဏ် ရက်ပေါင်း ၄၀ ချမှတ်ခဲ့သည်။ 🛑Galvez သည် အဆိုပါပြစ်ဒဏ်ကို မကျေနပ်သဖြင့် အယူခံဝင်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စင်ကာပူ High Court က အယူခံကို ပယ်ချခဲ့ပြီး မူလထောင်ဒဏ် ရက်ပေါင်း ၄၀ ကို ဆက်လက်အတည်ပြုခဲ့သည်။ 🛑ထို့အပြင် ငွေစတင်လက်ခံရန် အကောင့်ဖွင့်ပေးခဲ့သော Maria သည်လည်း အလားတူ ငွေကြေးဆိုင်ရာပြစ်မှုနှစ်ခုအတွက် ၂၀၂၅ ခုနှစ် မေလ ၂၃ ရက်နေ့တွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ထောင်ဒဏ် ၅ လစီ ချမှတ်ခံခဲ့ရသည်။ ပြစ်ဒဏ်နှစ်ခုကို တစ်ပြိုင်နက်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ⚠️ အိမ်အကူများအနေဖြင့် အထူးသတိပြုရန် ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူစရာ အချက်များစွာရှိပါတယ်။ ၁။ မိတ်ဆွေဖြစ်စေ၊ အသိမိတ်ဆွေဖြစ်စေ မိမိ၏ဘဏ်အကောင့်ကို အခြားသူများ၏ ငွေလက်ခံရန်၊ ငွေလွှဲရန် အသုံးပြုခွင့်မပေးပါနှင့်။ ၂။ Online မှတစ်ဆင့် သိကျွမ်းလာသူများက ရင်းနှီးမြှုပ်နှံမှု၊ ရွှေဝယ်ရောင်းလုပ်ငန်း၊ နိုင်ငံခြားငွေလွှဲလုပ်ငန်းများအတွက် အကူအညီတောင်းလာပါက အထူးသတိထားပါ။ ၃။ အလုပ်မလုပ်ဘဲ ငွေအနည်းငယ်ရမည်ဆိုသည့်အကြောင်းပြချက်ဖြင့် မိမိ၏ဘဏ်အကောင့်ကို အသုံးပြုခွင့်မပေးပါနှင့်။ ၄။ တရားမဝင်ငွေကြေးများကို လက်ခံခြင်း၊ လွှဲပြောင်းပေးခြင်းများတွင် ပါဝင်မိပါက မိမိကိုယ်တိုင်လည်း ဥပဒေအရ အရေးယူခံရနိုင်ပါသည်။ မိတ်ဆွေကို ကူညီပေးချင်တဲ့စိတ်ကောင်းရှိတာ မှန်ပေမဲ့ မိမိမသိရှိတဲ့ ငွေကြေးလုပ်ငန်းတွေမှာ ပါဝင်ခြင်းက မိမိရဲ့အနာဂတ်နဲ့ လွတ်လပ်ခွင့်ကိုပါ ဆုံးရှုံးစေနိုင်ပါတယ်။ မသေချာတဲ့ ငွေလွှဲမှုတစ်ခုအတွက် မိမိရဲ့ဘဏ်အကောင့်ကို ဘယ်သူ့ကိုမှ အသုံးပြုခွင့်မပေးကြပါနဲ့။ #worksphereinternational #DomesticHelperAwareness #LoveScam #MoneyLaundering #StaySafe

Work Sphere International
Work Sphere International
Open In TikTok:
Region: SG
Friday 13 November 2026 12:01:32 GMT
4548
115
2
163

Music

Download

Comments

thetnarlin20264
သက်နွယ် :
ဟုတ်တယ်အခုလူလိမ်တွေများတယ်
2026-11-13 15:59:27
1
To see more videos from user @worksphere2026, please go to the Tikwm homepage.

Other Videos


About