@thabarwafm: ကွယ်လွန်ခဲ့ပြီးသော ဂီတလောကရဲ့ Legend တစ်ဦးဖြစ်တဲ့ အဆိုတော် စိုင်းထီးဆိုင်ရဲ့ “အဆုံးအဖြတ်” သီချင်းကို အဆိုတော် ဂျီလတ်က Version အသစ်ပြန်ထုတ်လိုက်ပါတယ်။ တေးရေးဆရာ ဆလိုင်းဆွန်ကျဲအိုရဲ့ လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့ အဆုံးအဖြတ် သီချင်းဟာ ၁၉၇၇ ခုနှစ်မှာ ဂျမ်ဘိုက ပထမဦးဆုံးအနေနဲ့ စိတ္တဇအလွမ်း Album ထဲမှာ သီဆိုခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ စိုင်းထီးဆိုင်က ပြန်လည်သီဆိုခဲ့ပါတယ်။ သီချင်းဟောင်းကို Re-created လုပ်ရာမှာ အရင် Version ဟောင်းနဲ့မတူကွဲပြားပြီး ကောင်းအောင်လုပ်ဖို့ဆိုရင် ရှေ့ကဆိုခဲ့တဲ့အဆိုတော်တွေကိုလေးစားသမှုရှိဖို့ လိုသလို၊ ကိုယ်တိုင်ပိုကောင်းအောင် ဆိုနိုင်တယ်ဆိုရင် ပရိသတ်က လက်ခံအားပေးကြမှာပါပဲ။ အခုအသစ်ထွက်ရှိလာတဲ့ ဂျီလတ်ရဲ့ အဆုံးအဖြတ် Version သစ်ဟာ ကောင်းတာထက်ပိုနေတယ်လို့ ပြောရင် အပိုပြောတယ်လို့ ထင်ကြမလားပဲ။ The Sheeno Band ရဲ့ ငြိမ့်ငြောင်းတဲ့ သံစဉ်နဲ့အတူ ပေါ်ထွက်လာတဲ့ ဂျီလတ်ရဲ့ Vocal က ကောင်းမွန်ပြည့်စုံမှု အနှစ်သာရကို ခံစားရသလို၊ တိမ်တွေပေါ်မှာ လွင့်နေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်တာမျိုး။ တစ်ခေါက်၊နှစ်ခေါက်နဲ့ နားထောင်လို့ နားရည်ဝသွားတဲ့ သီချင်းမျိုးလိုမဟုတ်ဘဲ ဘယ်အချိန်နားထောင်ထောင် ကောင်းနေတဲ့ သီချင်းပုံစံမျိုးကို ရအောင် ဂျီလတ်က ဖန်တီးပေးသွားခဲ့တယ်။ Music Video ကိုသာ ကောင်းကောင်းအားစိုက်ထုတ်ရင် ဒီ့ထက်ပို လူငယ်ပရိသတ်တွေကြား ပေါက်ရောက် နိုင်ပေမယ့် ဂျီလတ်လို အဆိုတော် တစ်ယောက်က ဒါမျိုး စိတ်ဝင်စားဟန်မတူပါဘူး။ ဖြတ်သန်းလာတဲ့ ဂီတခရီးတစ်လျှောက် သီချင်းကောင်းကောင်း ထုတ်ဖို့ပဲ အားသန်တယ်လို့ပဲ ပြောရအောင် သီချင်းတွေအပေါ်ပဲ အားစိုက်ထုတ်ပြီး ထွက်ရှိခဲ့တဲ့ အဆိုတော်မျိုးပါ။ MV ကို ခပ်ဆွေးဆွေးခံစားချက်ရအောင် Filler နဲ့ Editing လုပ်၊ Lighting ချိန်ပြီး နေဝင်ချိန်မှာ ရိုက်ကူးခဲ့တာ ဆိုတော့ အဆွေး Mood ကို ပေးလို့ ကြည့်ရတာ အရမ်းကြီးတော့ ပေါပေါပဲပဲ ဖြစ်မနေသလို ဆိုးရွားလည်းမနေပါဘူး။ ဒီတော့ အဆုံးအဖြတ် သီချင်းဟာ Official MV ထွက်ပေမယ့်လည်း MV ကို မကြည့်ဘဲ Audio Only နားထောင်ရင်တောင် အဆင်ပြေတာမျိုးပါ။ ဒီနှစ်ထဲ ထွက်ခဲ့တဲ့ Re-Created Version တွေထဲမှာ အဆုံးအဖြတ် သီချင်းဟာ အကောင်းဆုံးထဲက တစ်ပုဒ်ဖြစ်ပါလိမ့်မယ်။ (နားမထောင်ရသေးရင် ပြေးသာနားထောင်လိုက်တော့။ - စကားချပ်) သီချင်းချစ်သူ ပရိသတ်တွေရော အဆိုတော် ဂျီလတ်ရဲ့ “အဆုံးအဖြတ်” သီချင်းနဲ့ MV ကို ကြည့်ပြီး၊ နားထောင်ပြီးကြပြီလား။ “အဆုံးအဖြတ်” သီချင်းအပေါ် တယောက်ချင်းစီရဲ့ ကိုယ်ပိုင်အမြင်နဲ့ ခံစားမှုတွေကို ဝေမျှပေးသွားလို့ရပါတယ်။ #thabarwafm #အဆုံးအဖြတ် #ဂျီလတ် #GLatt #ဆွန်ကျဲအို
Thabarwa FM
Region: TH
Friday 13 November 2026 13:00:05 GMT
Music
Download
Comments
ထက်အောင် အညာမြေ :
ကိုဂျီရေ
မလုပ်ပါနဲ့
ဆရာထီးက အတုမရှိပါဘူး။
ကိုယ်လိုင်းနဲ့ကိုယ်ကောင်းပါတယ်
2026-11-14 12:07:31
6
Saint Maximim Panda :
သီချင်းပျက်သွားသလိုပဲ ဆွဲဆောင်မှုမရှိပါဘူး
2026-11-14 15:14:41
1
U Htin Lynn :
အလွင့်ကြီးလို့
2026-11-14 04:47:58
8
Lat Yone :
သူပြောခဲ့ဘူးတဲ့စကားကို ပြန်မြင်ယောင်လာတယ် The labမှာထင်တယ် ကျွန်တော်တို့နိုင်ငံက သီချင်းကို နားထောင်တဲ့သူ အုပ်စု နှစ်ခုကွဲနေတယ်တဲ့ အပေါ်ယံနား နဲ့နားထောင်တဲ့သူနဲ့ နှလုံးသားဖြင့်ခံစားနားထောင်သူတဲ့
နားနဲ့နားထောင်သူက အပေါ်ယံလောက်ပဲ နားထောင် ကြလိမ့်မယ်တဲ့ နှလုံးသားနဲ့နားထောင်သူကတော့ သူဘယ်လိုလုပ်ထားတယ် ကြိုးစားအားထုတ်ထားတယ် ဘယ်လို နှစ်ဝင်စီးမြော ခံစားတယ်ဆိုတာကိုပေါ့တဲ့ ဒုတိယ level ကိုရောက်သူနည်းတယ်တဲ့ ဘာကြောင့်လဲဆို တိုင်းပြည်ရဲ့စီးပွားရေးကြောင့်တဲ့
2026-11-14 13:46:08
3
htet paing soe :
အမြင့်သံတွေဆိုယင်အရမ်းကောင်းတဲ့ကိုဂျီလတ်ဆက်လက်အောင်မြင်ပါစေဗျာ
2026-11-14 03:00:39
3
Thdoe Aung :
မူရင်ကကောင်းလို့ကို ဗားရှင်းအသစ်တေကပိုကောင်းလာတာပါ ဒါကိုဂျီလတ်က ကောင်းကောင်းသိထားလို့လဲ ဒီအနေအထားဖြစ်အောင်ဖန်တီးနိုင်တာပါ
2026-11-14 14:07:05
2
Aekem2028❤️❤️❤️❤️ :
မူရင်းကိုမိတ္တူမမှီဘူးဆိုတာ ငါလက်မခံတော့ဘူး။glatt ကြီးကအနှစ်ကြီးဟေ့။
2026-11-15 12:52:06
1
Naing Myo Min :
သီချင်းအသစ်လိုဖြစ်သွားတာ တော်ချိန်မှာမတော်တတ်ခဲ့သူလည်းအဲ့လိုပဲ မိုက်တယ်❤️
2026-11-14 10:33:17
2
Bo Thet :
ဟုတ်ပါတယ် တကယ်ကောင်းလွန်းပါတယ်
2026-11-14 13:05:46
2
Lavender 🌸 :
အလွင့်ကြီး ကြိုက်လိုက်တာ
2026-11-14 14:29:12
3
🇹 🇭 🇺 🇷 🇦 :
ကြားမ်ိတိုင်း ဆွေးရတယ်
2026-11-13 15:06:38
2
Ye Naing.. TharKe :
ကောင်းပါ တယ် ဒီvison.music vocal လဲ ရှယ်မိုတ် solow နဲ့ အေးနေရော အသံက မိုတ်တယ်
2026-11-15 19:08:55
0
zht :
bandနဲ့ဂျီလတ်ရဲ့အသံ ေလးအပေးအယူမျှနေတာကဘာပြောရမှန်းမသိ🥰🥰🥰
2026-11-14 08:30:08
2
Ye Yint Linn :
စောက်ရမ်းကြိုက်တယ်
2026-11-15 11:21:26
0
𓆩𝖂𝖆𝖎 𝖅𝖎𝖓𓆪 🖤 :
လက်ရှိအသည်းကွဲနေတာနဲ့ နင့်နေရောဘဲ[Broken heart]
2026-11-14 11:09:36
1
Thae Maung :
ပြန်ဆိုတေး တွေထဲမှာ ဒီသချင်းအခိုက်ဆုံး
2026-11-14 15:04:27
0
Zawlatt :
မကြိုက်ပါ
2026-11-15 17:02:34
0
Sai Thiha Kyaw :
အဆင်မပြေပါဖူး
2026-11-15 13:50:17
0
00 :
ကောင်းတယ် အရမ်းကောင်းတယ် ကြိုက်တယ် ဒါမျိုးဆို ထိတယ်
2026-11-15 00:20:16
0
Thura :
ဘာမှကို ခံစားလို့ မရဘူး။ဂျီလတ် တခြားသီချင်းတွေ အကုန်ကြိုက်တယ်ကွာ
2026-11-15 04:07:35
0
Ko Nyi :
အတိက်က မိုးရာသီက ဖြတ်သန်းဖူးတဲ့တစ်နေရာရာကို သတိရသွားသလို
အနုပညာဆိုတာ ဒီလိုမှ
2026-11-15 06:13:12
1
Phyu Minn :
အရမ်းကောင်းတယ်ဗျာ
2026-11-15 09:00:41
0
Htwe Hnin Su :
နှစ်ယောက်လုံးဆိုတာ ကြိုက်ပါတယ်။ မတူတဲ့ပုံစံနဲ့ရသတမျိုးစီ ခံစားရတယ်။ (ကိုယ်ပိုင်အမြင်)
2026-11-15 23:29:58
0
CMZ :
ကြိုက်တယ်ဗျာ
2026-11-15 06:03:59
0
uheinookyaw :
အလွင့်ကြီးလို့ပြောနေတာက သူပြန်လာစေချင်တာသိတယ်
ဒါမယ့် cover songs ပြန်ဆိုပီးပြန်လာရမယ့်လူလား
အဓိပ္ပါယ်တွေကရှိပီးသားပါ
2026-11-14 15:05:18
0
To see more videos from user @thabarwafm, please go to the Tikwm
homepage.