@iao196: သူတော့မသိဘူး..ကိုယ်ကတော့ အခုထိ အရင်တိုင်းလွမ်းနေတုန်းပါပဲ၊၊ သူ့အတွက်တော့ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ ဖြစ်နိုင်ပေမဲ့ ကိုယ်အတွက်တော့ အဲ့ဒီအချိန်တွေက ဒီနေ့အထိ မပြီးဆုံးနိုင်သေးဘူး၊၊တခါတလေ ဘာမှမဖြစ်သလိုနေနိုင်ပါတယ်၊၊ရယ်စရာရှိရင်ရယ်တယ်၊စကားပြောစရာရှိရင်ပြောတယ်၊၊ဒါပေမဲ့ ညဘက်တွေတိတ်ဆိတ်သွားတဲ့ အခါကျရင်တော့ ကိုယ်ဘယ်လောက်လွမ်းနေခဲ့ရလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် ဖုံးကွယ်လို့မရတော့ဘူး၊၊ အရင်ကနေ့တိုင်းပြောဖြစ်ခဲ့တဲ့စကားတွေ၊သူ့အသံလေးတွေ၊ အလုပ်ပြီးလို့ပြန်လာတဲ့အချိန် စကားပြောခဲ့ကြတာလေးတွေကို ပြန်သတိရမိတိုင်း ရင်ထဲမှာတစ်ခုခုလစ်ဟာသွားသလိုပဲ၊၊ အဆိုးဆုံးကတော့ ကိုယ်လွမ်းနေတဲ့သူဟာ ကိုယ့်ကို လွမ်းနေချင်မှလွမ်းနေမှာ၊၊ကိုယ်ပြန်တွေ့ချင်နေတဲ့ သူဟာ ကိုယ့်ကိုပြန်တွေ့ချင်မှတွေ့ချင်မယ်ဆိုတာ သိနေရင်းနဲ့တောင် သတိရနေမိတာပါပဲ၊၊ တစ်ခါတစ်လေဖုန်းလေးကိုင်ပြီး စာပို့ချင်စိတ်တွေဖြစ်လာတယ်၊၊ နေကောင်းရဲ့လား၊အဆင်ပြေရဲ့လား၊ပင်ပန်းနေလားလို့ မေးချင်မိတယ်၊၊ဒါပေမဲ့ ကိုယ်ပို့လိုက်တဲ့ စာတစ်စောင်က သူ့အတွက်အနှောင့်အယှက် ဖြစ်သွားမှာကိုကြောက်လို့ ပြန်ဖျတ်လိုက်ရတဲ့စာတွေ အများကြီးပါပဲ၊၊ ကိုယ်ကသူ့ကိုမေ့သွားပြီလို့ ဘယ်သူ့ကိုမှမပြောချင်ဘူး၊၊မေ့နိုင်သေးတာလည်းမဟုတ်ဘူးလေ၊၊ တကယ်တော့ ကိုယ်လိုချင်ခဲ့တာ သူ့ဆီကအများကြီးမဟုတ်ဘာဘူး၊၊အရင်လိုစကားလေးတွေပြောရမယ်၊တနေ့တာ ပင်ပန်းမှုတွေကို အချင်းချင်းပြောပြခွင့်ရမယ်၊သူ့ဘေးမှာ ကိုယ်ရှိနေခွင့်ရမယ်၊ဒီလောက်ပါပဲ၊၊ ဒါပေမဲ့ အခုတော့ဒီအရာလေးတွေကိုယ်တောင် ပြန်တမ်းတခွင့်မရှိတော့ဘူး၊၊ သူကတော့ ကိုယ်မရှိတဲ့ဘဝမှာ အဆင်ပြေနေမှာပါ၊၊ကိုယ်ကသာသူနဲ့ပက်သက်ခဲ့ဖူးတဲ့ အမှတ်တရလေးတွေကို ရင်ထဲမှာ သိမ်းထားရင်း အမြဲတမ်းမျက်ရည် ကျနေမိတာပါ၊၊ တကယ်ကိုရင်နာ ပါတယ်..တစ်ချိန်ကကိုယ့် အတွက်အရေးကြီးဆုံးလူတစ်ယောက်ဟာ နောက်ဆုံးမှာ ကိုယ်နဲ့ဘာမှမဆိုင်တော့တဲ့လူတစ်ယောက်ဖြစ်သွားရတာကိုပေါ့၊၊ သူတော့မသိဘူး...ကိုယ်ကတော့ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ပါဘူး။💔 #foryou
𝒮𝓂𝓉.
Region: MM
Friday 13 November 2026 14:19:52 GMT
Music
Download
Comments
Myat Enjyin :
ဘဝမှာလေ အရမ်းချစ်ပီး တန်ဖိုးထားတာဆိုလို့ သူပဲ ရှိခဲ့တာ အရာရာနဲ့လဲ လဲခဲ့ပါတယ် နောက်ဆုံးသူရဲ့ရွေးချယ်မှုက ကိုမဟုတ်တာ သိတော့ ခြေလှမ်းတွေ တစ်လှမ်းချင်းပြန်ဆုတ်တိုင်း ရင်ဘတ်တွေအောက်ပီး အသက်တောင် ဝအောင်မရှုခဲ့ရဖူး သူကတော့ပုံမှန်တိုင်းဖြတ်သန်းနိုင်ခဲ့တယ် ဘလိုကြောင့်များလဲ အရင်ချစ်ခဲ့တာ သူပါ မဖစ်နိုင်ဖူးပြောတာတောင်လက်မလျှော့ခဲ့တာသူပါ ခုတော့ အရာအားလုံးနဲ့လဲခဲ့တာပဲ ကိုကအပိုတွေတဲ့ အော် ငိုမိတယ် 👌
2026-11-14 02:57:06
37
🪲Shwe Poe kaung🐛 :
အတူတူပါပဲ လွမ်းလွန်းလို့ လူလဲ လူရုပ်မပေါက်တော့ဘူး ခနခနဖျား ခနခနင်ိုရလွန်းလို့ ရူးတော့မယ်
2026-11-14 08:00:49
5
M :
Music name
2026-11-14 06:55:24
0
🍀N🍀🍀 :
စာသားလေး Linkချပေးပါလားရှင့်
2026-11-13 15:58:36
3
𝕹𝖞𝖊𝖎𝖓🌺 :
အကုန်လုံးက အရင်အတိုင်းရှိနေပါတယ် ။
သူကလွဲလို့ပေါ့[Red heart][Red heart][Red heart]
2026-11-14 05:48:33
1
Dain Lay🥰 :
အခုထိလွမ်းနေတုန်းပါပဲ🥹
2026-11-14 07:42:33
2
Tulip Soe :
စာသားလေးLinkချပေးလို့ရမလားရှင်
2026-11-14 19:05:41
0
🍓Flower🍓 :
တူတူပါပဲ
2026-11-14 10:13:51
1
Aeri Mie Thet :
ကိုယ့်ရဲ့တစ်နေ့တာသူ့ရဲ့တစ်နေတာကိုပြောပြပြီးကုန်ဆုံးချင်ရုံလေးပါဘဲ
2026-11-14 06:01:43
1
shweyeeoo2026 :
စာသားလေးပြန်သုံးပါရစေရှင်🥺
2026-11-14 01:41:04
1
Khaing Zarni Aung :
စာသာလေးပေးလို့ရမလာရှင့်
2026-11-14 05:31:01
1
Ni Lay :
အရမ်းနာကျင်နေတာ သူကတော့သိမှာမဟုတ်ဘူး😭😭😭😭
2026-11-14 03:16:53
1
Ngal Ngal❤❤ :
မျက်ရည်ကျမိပြန်ပြီ😓😓😓
2026-11-14 02:30:40
1
💫S⚡M✨ :
အရမ်းလွမ်းတယ်
2026-11-14 05:22:39
1
🌞🌻 :
ပြန်တင်ပါရစေ☺
2026-11-14 03:12:49
1
Mi Mi Aung :
စာသားလေးပြန်သူံးပါရစေရှနိ
2026-11-14 00:15:21
0
A CHAW LAY 🇲🇲😘🇨🇷 :
2026-11-14 16:34:50
0
ᥫ᭡𝙺🥝 :
2026-11-14 07:05:34
1
Nwe 🌻 :
💔
2026-11-14 11:39:31
1
🌸DAHíLa🌿🌸 :
လွမ်းစရာရှိရင် နာတာနဲ့ ဖြေနေရ🥲
2026-11-14 16:03:21
0
👑𝕳𝖓𝖎𝖓 𝖞𝖚👻❤ရစ်စိန်❤👻 :
ယူသုံးပါရစေ
2026-11-14 16:16:51
0
ei Ti pi ti :
ဆိုင်သူကိုယ်စီနဲ့ဖြစ်နေတာတောင် သတိရနေမိတုန်းဘဲ
2026-11-14 16:46:16
0
🍒Esther🍒 :
သူက သူ့ဘဝနဲ့သူ ဖြစ်သွားပြီ
ကိုယ်ကတော့ အက်ဇာတ်ထဲမှာ နှစ်မြုပ်နေတုန်း😌💔
2026-11-14 16:19:02
0
Pinky Lay 🛍(Myeik) :
ဟူး💔
2026-11-14 16:38:54
0
Ngwe Chel🥰☘️🥰 :
2026-11-14 15:58:03
0
To see more videos from user @iao196, please go to the Tikwm
homepage.