@eieik71: 🌹“ ဒီနေ့ပျော်ပါ...။”🌹 ​ဘာလို့လဲဆိုတော့ ဒီနေ့ကသာ သေချာမှုရှိလို့ပါ။ တစ်နေ့ တစ်နေ့ အချိန်တွေက အကုန်မြန်လွန်းပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့ အရာတွေ...၊ ခံစားခဲ့ရသမျှတွေ...၊ ဆုပ်ကိုင်ခဲ့သမျှတွေဟာ ပျောက်ပျက်လွင့်ပြယ်သွားခဲ့ပါပြီ။ ဆုပ်တွယ်သိမ်းဆည်းထားချင်လို့လည်း မရတော့ပါဘူး။ အရာရာဟာ ချုပ်ပျက်ငြိမ်းသွားခဲ့ပါပြီ။ မနက်ဖြန် ဘာတွေဖြစ်လာဦးမှာလဲ...လို့လည်း ကြိုပြီးမှန်းဆတွေးမနေပါနဲ့...၊ မနက်ဖြန်ဆိုတာ မသေချာတဲ့အရာတစ်ခုပါပဲ။ ​လူတွေဟာ အချိန်မရွေး သေဆုံးသွားနိုင်ပါတယ်။ အချိန် မရွေး ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့သူတွေကို လက်လွတ်ဆုံးရှုံး လိုက်ရနိုင်ပါတယ်။ အချိန်မရွေး အနာရောဂါတစ်ခုခု ဖိစီးနှိပ်စက်တာကိုလည်း ခံချင်ခံရနိုင်ပါတယ်။ မမြင်နိုင်တဲ့ အန္တရာယ်တွေ...၊ စိုးရိမ်ပူပန်ရမှုတွေ...၊ လက်လွှတ်ဆုံးရှုံးလိုက်ရမှုတွေက အချိန်မရွေး နေရာမရွေး ထောင့်ပေါင်းစုံကနေ ဝင်ရောက်လာနိုင်တာမို့ ဒီနေ့ကလေးကို ပျော်ပျော်ရွှင်ရွှင်ကလေး ဖြတ်သန်းကြည့်ပါ။ ပျော်ရွှင်မှု ကလေးကို ဒီနေ့ပိုင်တယ်လို့ တွေးကြည့်ပါ။ ဘယ်လို စိတ်အနှောင့် အယှက်ဖြစ်စရာ...လူဖြစ်စေ၊ အကြောင်းအရာဖြစ်စေ၊ အာရုံတစ်ခုခု ကဖြစ်စေ...ကိုယ့်ရဲ့ ကြည်လင်ပျော်ရွှင်နေတဲ့ စိတ်ကလေးကို အထိခိုက်မခံပါနဲ့။ စိတ်ညစ်သွားလည်း ခဏလေးသာညစ်ပါ။ အဲ့ဒီညစ်သွားတဲ့စိတ်ကို သေသေချာချာစောင့်ကြည့်ပါ။ ညစ်တဲ့ စိတ်ကလေးကလည်း ဖျတ်ခနဲ ချုပ်ငြိမ်းသွားရတာပါပဲ။ ​မနက်မိုးလင်းလို့ အိပ်ရာက နိုးပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ကတိပေးကြည့်ပါ။ ငါ ဒီနေ့ ပျော်အောင်နေမယ်။ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ၊ ပူပန်စရာတွေကို တတ်နိုင်သမျှရှင်းထုတ်မယ်... မတွေးဘဲနေကြည့်မယ်။ ပျော်ရွှင်စရာ စိတ်ချမ်းသာစရာ အကောင်း မြင်တဲ့ အတွေးလေးတွေနဲ့ပဲ ဒီနေ့ပျော်မယ်။ အဲ့ဒီလို တွေးကြည့်ပေး ပါ။ အဲ့ဒီအတွေးမျိုးကို နေ့တိုင်းတွေးတဲ့အခါ အကျင့်တစ်ခုလို စွဲမြဲ လာစေပါတယ်။ ​ကျွန်မတို့ရဲ့သဘာဝက ပြင်ပလောကရဲ့ အာရုံတွေနောက်ကို အမောတကောလျှောက်လိုက်မိရင်း ပျော်ရွှင်မှုနဲ့ ဝေးနေတတ်ပါတယ်။ ပျော်ရွှင်မှုဆိုတဲ့အရာဟာ ကြည်လင်ငြိမ်းချမ်းနေတဲ့စိတ်မှာသာ ပေါ်ပေါက်လာတာမျိုးပါ။ လှုပ်ရှားပူလောင်နေတဲ့စိတ်မှာ ပျော်ရွှင်မှုဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ...။ ဥပမာ...ပျော်ရွှင်ချင်လို့ ပျော်ပွဲရွှင်ပွဲတွေသွားမယ်...၊ ရုပ်ရှင်ကြည့်မယ်...၊ စတေ့ရှ်ရှိုး ပွဲကြည့်မယ်...၊ ကမယ်ခုန်မယ် သီချင်းဆိုမယ်...အဲ့ဒီအချိန်မှာရတဲ့ ပျော်ရွှင်မှုဟာ တဒင်္ဂပါပဲ။ အဲ့ဒီပွဲတွေပြီးသွားချိန်မှာ ကိုယ့်ရဲ့ပျော်ရွှင် စိတ်ကလေးက ဖယောင်းတိုင်မီးကလေးလို ဖျတ်ခနဲ ငြိမ်းသွားတာ ပါပဲ။ ​ဒါဆို ပျော်ရွှင်မှုဆိုတာကို ဘယ်မှာရှာရမလဲ...။ ကိုယ့်ရဲ့ စိတ်သန္တာန်မှာသာ ရှာရမှာဖြစ်ပါတယ်။ တည်ငြိမ်နေတဲ့စိတ်၊ ကြည်လင်နေတဲ့စိတ်၊ လိပ်ပြာလုံခြုံနေတဲ့စိတ်၊ နောင်တကင်းနေ တဲ့စိတ်၊ တစ်နည်းအားဖြင့်ပြောရရင် အကုသိုလ်ကင်းနေတဲ့စိတ် ဟာ ပျော်ရွှင်နေတဲ့စိတ်ပါပဲ။ ​ဥပမာပြောရရင် ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံကလေးကို မျှဝေရမယ်ဆိုရင် တရားထိုင်ပြီးတဲ့အချိန်ကလေးဟာ ကိုယ်ရော စိတ်ပါ ကြည်လင်ငြိမ်းချမ်းနေချိန်မို့ ပျော်ရွှင်တဲ့စိတ်ကလေးကို ခံစားမိတတ်ပါတယ်။ တရားတစ်ပုဒ် နာပြီးချိန်မှာလည်း ပျော်ရွှင်တဲ့ စိတ်ကလေး အငြိမ်းဓါတ်ကလေးကို ခံစားမိတာပါပဲ။ နောက် တစ်ခါ...အကူအညီလိုအပ်နေတဲ့ သူတစ်ယောက်ကို သူလိုအပ်နေတဲ့အရာကလေး ဖြည့်ဆည်းပေးလိုက်ရတဲ့အခါလည်း ပျော်ရွှင်ရတာပါပဲ။ ပျော်ရွှင်မှုဟာ စိတ်ကောင်းစေတနာကောင်းမှာလည်း မြစ်ဖျားခံပါတယ်။ လိုအပ်နေတဲ့သူတစ်ယောက်ကို စေတနာသန့်သန့်နဲ့ ဘာမှမျှော်ကိုးမှုမပါဘဲ အတတ်နိုင်ဆုံး အကောင်းဆုံးလေး လုပ်ပေးလိုက်လို့ တစ်ဖက်လူပျော်ရွှင်သွားတာကို မြင်ရတဲ့အခါ ကိုယ်လည်း တသိမ့်သိမ့် ပျော်ရွှင်ကြည်နူးရတာပါပဲ...။ ​သူများဆီက ရယူလိုက်ရတာထက် သူလိုအပ်နေတာကို ဖြည့်ဆည်းပေးလိုက်ရတာ ပိုပြီး ပျော်ရွှင်ကျေနပ်စရာကောင်းပါတယ်။ ဒါကြောင့် ဒီနေ့ ပျော်ကြည့်ပါ။ ကိုယ့်စိတ်ကို ပျော်ရွှင်စေ မယ့် အရာတစ်ခုခုကို လုပ်ကြည့်ပါ။ တရားထိုင်တာပဲဖြစ်စေ...၊ တရားနာတာပဲဖြစ်စေ...၊ လိုအပ်နေသူတစ်ယောက်ယောက်ကို ကူညီဖြည့်ဆည်းပေးတာပဲဖြစ်စေ...လုပ်ကြည့်စေချင်ပါတယ်။ ပျော်ရွှင်ရတဲ့အရသာကို ကိုယ်တွေ့ချက်ချင်း ခံစားရမှာ သေချာ ပါတယ်။ ​ခင်မင်ရတဲ့ ညီမလေးတစ်ယောက် ရှိပါတယ်။ သူ့ကြည့် လိုက်ရင် အမြဲပြုံးပျော်နေတတ်ပြီး သူ့ဆီက အပျော်ဓါတ်ကလေး တွေ အမြဲကူးစက်စေပါတယ်။ သူတတ်နိုင်တာ...၊ သူ ဝါသနာပါ တာလေးတွေဖြစ်တဲ့ ဟင်းကလေးတွေချက်၊ ဖေ့စ်ဘုတ်ပေါ်ကနေရောင်းပေးပြီး လိုအပ်နေတဲ့သူတွေဆီ ပြန်လှူတတ်တဲ့ညီမလေးပါ။ သူ့ကို ကြည့်လိုက်ရင် မမောနိုင်မပန်းနိုင် ပျော်ရွှင်နေတာပါပဲ။ ​ပျော်ရွှင်မှုဆိုတဲ့ အရာကလည်း ကိုယ်ကသာ စိတ်ထား တတ်မယ်ဆိုရင် ကိုယ့်ဆီ နေ့တိုင်းအလည်လာတတ်တဲ့ ဧည့်သည် ကလေးပါ။ ​ဒါကြောင့်...ဒီနေ့ပျော်ပါ...၊ နေ့တိုင်းပျော်ပါ...။ #ဝင်းအိအိအောင် (ခ)အိအိငယ်

Ei Ei
Ei Ei
Open In TikTok:
Region: MO
Saturday 14 November 2026 01:29:34 GMT
647
82
14
0

Music

Download

Comments

winngwe1970114
ကဗျာကျောင်းသား🇲🇲🇲🇲🇲🇲 :
ဆရာမ🥰🥰
2026-11-14 08:17:26
2
user96033297437075
Daw Aye Aye Win :
ပျော်ရွှင်ကြည်နူးရတဲ့စာလေးပါ
2026-11-14 07:17:53
1
oo.win.tin11
Oo Win Tin :
အမြဲတမ်းပျော်ရွှင်နိုင်ပါစေ
2026-11-14 06:13:56
1
oo.on.thoung
Oo On Thoung :
နေ့စင်ပျော်နိုင်ပါစေမအိရယ်
2026-11-14 05:54:58
1
colourless681
COLOURLESS :
2026-11-14 02:57:08
1
barbertzk
💈Barber💈TZK :
2026-11-14 07:15:10
1
u.mg.naing03
U Mg Naing :
မဂ်လာပါမှန်ပါတယ် ပျော်ရွှင်ခြင်းပီတိဖြစ်ခြင်း သိမ်မွေ့ခြင်းတို့သည် လူ့ကျင့်ဝတ်သာလုံပါစေ တရားနာပါ တရားအားထုပ်ပါ အမှန်အဖြေထွက်ပါတယ် ပူပန်မူ့ကင်းခြင်းများရော့နဲ့ပြီးအစစအရာရာ သူ့အလိုသူပဲဖြစ်မြောက်အောင်မြင်သွားပါတယ်။
2026-11-14 10:02:05
0
kotunjadeandjewelry
Ko Tun :
👍👍
2026-11-14 11:08:27
1
batheitdi6
Ba Theit Di :
2026-11-14 06:03:25
0
1kaung_khant_zaw1
Kalvin :
❤️❤️❤️❤️❤️❤️😁😂
2026-11-14 05:19:34
0
user5827109493531
myint thu kyaw :
မနက်ဖန်ဝေး သေဆုံးခြင်းနီး
2026-11-14 06:53:01
0
koko060916
komyo :
🥰🥰🥰🥰🥰🥰
2026-11-14 02:20:53
2
user3523278443023
U Lay :
😁😁😁
2026-11-14 06:50:58
0
user3358619537379
မျိုးထက် :
🥰🥰
2026-11-14 15:44:34
0
To see more videos from user @eieik71, please go to the Tikwm homepage.

Other Videos


About