@badhapana.2020: ရင်ခုန်တာ အပြစ်မဟုတ် "အစ်မ ငါ လူထွက်တော့မယ်" "ဘာလို့လဲဘုရား "? "ငါ( .........)ကို ရင်ခုန်မိနေပြီး"...... သွေးအေးအေးထားပြီး စဉ်စားပါအုံးဘုရား " " စဉ်စားပြီပါပြီ သေချာလို့ ငါဖွင့်ပြောတာ " ရင်ထဲနှမြောလို့ ဆို့နှစ်စွာ အသံမထွက်နိုင်တော့တဲ့ ကိုယ့် မျက်ရည်တွေဘယ်လို့ ကျလာတယ်မသိ.. (၉)နှစ်သားထဲက ကိုရင်ဝတ်ပြီး သာသနာထဲပျော်နေသူ စာအရမ်းတော်တဲ့ မောင်ဦးဇင်း တရားဟောကကောင်း အနေအထိုင်တည်ငြိမ်၍ ကိုယ့်အပါ ဒကာ ဒကာမအပေါင်းက အမြဲလက်ဆယ်ဖြာမို့လို့ ကန်တော့နေရသည့် ဒီ ဦးဇင်း အခုဘယ်လို့များ ဖြစ်တာပါလိမ့်ဟယ် ဒါကြောင့် ရှေးပညာရှင်များက ဘိက္ခု သေမင်း၊ ဓားနှစ်စင်းလို့ ဆိုထားခဲ့ကြတာ... မိန်းမနဲ့ ငွေဟာ ရဟန်းဘဝကနေ လူ့ဘဝရောက်အောင်သေအောင် သတ်ဖြတ်တတ်လို့ ဓားနှစ်စင်းလို့ နာမည် ပေးခဲ့တာနေမယ်... "ဦးဇင်း အစ်မပြောမယ် ဒီတခါတော့ သေချာအာရုံပြုပေးပါဘုရား" 🙏"မြတ်စွာဘုရားတောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တဲ့အချိန် အတွင်းမှာ ရဟန်းဘ၀ကို ကိုးဘဝပဲ ရခဲ့တာဘုရား" ဒါကြောင့်လည်း အင်္ဂုတ္တိုရ်ပါဠိတော်မှာ ပဗ္ဗဇ္ဇိတဘာဝေါ ဒုလ္လဘော ရဟန်းဘဝကို ရခဲတယ်လို့ ဘုရားကဟောတာ သူလိုကိုယ်လို လူတွေမှာတော့ ရဟန်းဘဝ တစ်ဘဝတောင် ရဖို့မလွယ်ပါဘူးဘုရား" ဒီလောက်ရခဲတဲ့ ရဟန်း ဘဝကို စွန့်ပြီး လူထွက်မယ်ဆိုရင်... သာသနာမျက်စိနဲ့ကြည့်ရင် ဦးဇင်းအတွက် အများကြီးဆုံးရှုံးသွားတာဖြစ်လို့ ဝမ်းနည်းစရာပါဘုရား" ဘယ်အရာပဲဖြစ်ဖြစ် .... အရလွယ်တဲ့အရာကို အထင်သေးတတ်တာဟာ ဓမ္မတာပါပဲ.... တပည့်တော်တို့ မြန်မာပြည်က ရဟန်းဘဝကို လွယ်လွယ်ကူကူရခဲ့ကြတော့ တန်ဖိုးမထား ကြဘူး အထင်သေးကြတယ်ဘုရား" နိုင်ငံခြားသား၊ ဘာသာခြား၊ လူမျိုးခြားကနေ ဗုဒ္ဓဘာသာ ရဟန်းတော်ဖြစ်လာခဲ့တဲ့ ..... အီတလီလူမျိုး ဦးလောကနာထဆိုရင် မြန်မာပြည်မှာ သာသနာပြုချင်လို့ သူ့ ဦးလေးကို ခွင့်တောင်းတာ ဦးလေး က သာသနာပြုခွင့်မပေး ဘူး.. ဦးလောကနာထ အစာငတ်ခံပြီး ဆန္ဒပြတယ် လေးငါးခြောက်ရက် သေခါနီးမြော့မြော့ ကျန်တဲ့အထိ ဆန္ဒပြမှ သူ့ဦးလေးက အလျှော့ပေးပြီး မြန်မာပြည်ကိုသွားခွင့်ပြုလိုက်တယ်... ဒါပေမဲ့ ပညာရှိနည်းနဲ့ လမ်းစရိတ် တစ်ကျပ်မှ မပေးလိုက်ဘူးဘုရား" ရဟန်းဆိုတော့ ဘယ်ကမှလည်း ငွေမရနိုင်လို့ ...ဦးလောကနာထဟာ အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ ပါလက်စတိုင်း၊ အိန္ဒိယစတဲ့ နိုင်ငံပေါင်း (၁၀)နိုင်ငံကို (၈)လကျော်ကြာ ခြေကျင်ကျော်ဖြတ်ပြီး မြန်မာနိုင်ငံ ကို အရောက်လာခဲ့ တယ်" ဦးလောကနာထဟာ မြန်မာပြည်က ပြင်ဦးလွင်မြို့မှာပဲ ပျံလွန်တော်မူတဲ့အထိသီတင်း သုံးသွားခဲ့တယ်"ဘုရား ရဟန်းဘဝကို ဘာဖြစ်လို့ ဒီ လောက်ထိအောင် တန်ဖိုး ထားရသလဲဆိုရင် နောက်ဘဝမှာ လူဖြစ်ဖို့မသေချာ ယောက်ျားဖြစ်ဖို့မသေချာ မြန်မာပြည်မှာဖြစ်ဖို့ မသေချာ ဗုဒ္ဓဘာသာဖြစ်ဖို့ မသေချာ ရဟန်းဖြစ်ဖို့ ပို၍မသေချာ ဒီအချက်ငါးချက်နဲ့ ပြည့်စုံဖို့မလွယ်ဘူးဆိုတာ သူ့ သေချာ သိထား လို့ပါပဲဘုရား" ဦးဇင်း ရဟန်းဘဝကို လွယ်လွယ်ရခဲ့တာမဟုတ်ပါဘုရား နောက်ဘဝမှာ ဒီအချက်ငါးချက်နဲ့ ပြည့်စုံဖို့ဆိုတာလည်း တော်တော်ခဲ့ယဉ်းတာ မဟုတ်လား? ဘုရား ဦးဇင်း သင်ကြားတတ်မြောက်ထားတဲ့ ဗုဒ္ဓစာပေ ဟောကြားနေသော တရားဓမ္မတွေကို လေနက်စွာ စဉ်းစားကြည့်ပါဘုရား" တကယ်တော့လေ ..... တပည့်တော် တို့ကို သညာကလိမ်လိုက် ဝိညာဏ်ကလိမ်လိုက်နဲ့ အလိမ်ပေါင်းများစွာကို ခံနေရပြီး အမြင်မှားတွေနဲ့ သံသရာလည်နေတဲ့ သတ္တဝါတွေပါ.... ပင်ကိုယ်ကအသုဘ သဘောရှိနေတာကို သုဘအဖြစ်လိမ်ပြီး ဖော်ပြတဲ့အခါ တပည့်တော်တို့ယုံကြတယ်.... အမြဲမတည်နိုင်တဲ့အရာတွေကို တည်တံ့ပါတယ်လို့ နိစ္စအဖြစ်လိမ်ပြတော့လည်း ခံရတာပါပဲဘုရား... အချည်းအနှီးသဘာဝတွေကို သုခအဖြစ်လိမ်ပြတော့လည်း သာယာသွားပြန်ရော... ခန္ဓာကြီးက အနှစ်အသားမရှိပါဘူးလို့ တရားတွေဟောပြီး အော်ပြောသံကြားနေတာတောင်မှ အနှစ်အသားရှိတယ်လို့ လိမ်ပြတဲ့နောက် ကောက်ကောက်ပါအောင် လိုက်ကြပြန်ရော။ 🙏ဘုရားစကား တခါလောက်ဖြစ်ဖြစ်နားထောင်ပြီး ပြောတဲ့အတိုင်း ဟုတ်မဟုတ်စူးစမ်းကြည့်ပါအုံးဘုရား" တပည့်တော် ကတော့ ဘယ်နား အာရုံပြုကြည့် ပြုကြည့် ဘယ်အရာမှမမြဲ ဖြစ်ပျက်ကင်းတဲ့နေရာဆိုတာ မရှိဘူးလို့ပဲတွေ့တယ်ဘုရား" အနှစ်သာရရှာမရတဲ့ ဒုက္ခသစ္စာ အမှန်တရားကြီးပါ တပည့်တော်တို့ အလိမ်ခံနေရတာပါဘုရား" လိမ်နေမှန်းသိသိနဲ့ကို အလိမ်ခံချင်နေသေးတာလားဘုရား ရင်ခုန်တာ အပြစ်မဟုတ်ပါဘူး....ရင်ခုန်နေတာ အစစ်မဟုတ်ဘူးဆိုတာ သိရင်ရပါပြီးဘုရား🙏🙏🙏 "တပည့်တော် ဒါပဲပြောတတ်တော့တယ်ဘုရား" မောင်ဦးဇင်းက အစ်မထက် စာတတ်တယ် ဉာဏ်ကောင်းတယ်..တော်တယ် အစ်မဆရာလေးက ဟိုးးးတောင်ပေါ်က အနုံကြီး "အ" အ မကြီးပါ... "တော်တော် ငို မနေနဲ့ နင်ရုပ်ကဆိုးရတဲ့ကြား ငိုလိုက်တော့မျက်နှာက မို့အစ်လာပြီ... "အစ်မ ဘာပြောချင်တာလဲ ငါ့ သိပြီး" "နင်မြန်မာပြည် ပြန်ရောက်ရင်ဖုန်းဆက်အုံး" "ဦးဇင်းလို့ ခေါ်ဆက်ရမှာလား စိုင်းနောင်လို့ဆက်ရမှာလား"?ဘုရား "အစ်မ နင်အရပ်ပုသလောက် စကားများတာဟာ" ဦးဇင်းလို့ ဆက် ဦးဇင်းလို့ ဆက်ဟေးးးးးး ကထိန်ပြီးရင် ဦးဇင်း ကြွခဲ့မယ်.. အစ်မဆရာလေး သာဓုခေါ်ရင် စောင့်နေပါမယ် မောင်ဦးဇင်း.... ဆရာတော်ကြီးများ သံဃာတော်များ သာသနာမောင်နှမများ ရိုသေစွာရှိခိုး ကန်တော့လျှက်ပါဘုရား🙏🙏🙏 ဘဒ္ဒပညာ 27.12.2025 lndia
ဘဒ္ဒပညာ 2020
Region: MM
Saturday 14 November 2026 01:59:18 GMT
Music
Download
Comments
꧁༒အရှင်ဥတ္တရဓမ္မ ကနီ༒꧂ :
မိခင်လို့တမျိူအမလိုတစ်ဖုံဆုံးမတတ်ပါသောဖွားလေးလိုအမမျိုးပိုင်ဆိုင်ရလို့ကတော့ကြုတ်ဒီတစ်သက်လူမထွက်တော့ဘူး။
2026-11-14 02:30:57
809
JUNE Moe :
မထွက်ခိုင်းနဲ့ဘုရား
လူ့ဘ၀က အရမ်းပူလောင်တယ်
2026-11-14 04:13:16
267
🍀myamyg28🍀♐ :
အစကနေအဆုံးထိနားထောင်ရင်း..နောက်ဆုံးးး.ဦးဇင်းရဲ့..ကြားတယ်...အမ.လူမထွက်တော့ဘူး..ဆိုတဲ့အသံရယ်..ဟင်..တကယ်ပြောတာလား.မောင်လေးဆိုတဲ့..ဆရာလေးရဲ့အသံလေးကြားဆို.မျက်ရည်တွေက..ချက်ချင်းးထွက်လာတယ်..ကြည်လဲ ြကည်နူးတယ်..သာဓုလဲခေါ်မိပါတယ်.ဘုရား..တပည့်တော်မမှာလဲသားလေး..ကိုရင်ဝတ်နေတာ.နှစ်ဝါရပါပြီဘုရားးး.တနေ့ခုလို..လူထွက်ချင်တယ်လို့ပြောလာရင်...တပည့်တော်..ဆရာလေးလို.နားမချနိုင်လောက်ဘူး...ဘုရား...လူဝတ်ကြောင်ဘဝနဲ့လဲ.သားကို..လူတန်းစေ့အောင်.မထားနိုင်လောက်သေးဘူးးဘုရားတွေးပြီးးးရင်မော.ရပါတယ်ဘုရား😢😢😢🙏🙏🙏
2026-11-14 03:25:37
37
𝐏 𝐏𝐎𝐑🍏 :
ဆရာလေးအသံလေးက ကရုဏာအသံလေးနဲ့ဆုံးမတော့နားဝင်ချိုလိုက်တာဘုရား
2026-11-14 02:51:02
290
👑Htet Myat Thu👑 :
ရဟန်းဘဝရှုပ်တယ်ထင်ရင် လူ့ဘဝကပိုပိုရှုပ်ထွေးတယ် ရဟန်းဘဝပူတယ်ထင်ရင်လူ့ဘဝကပိုလို့ပိုလို့ပူပါတယ်ဘုရား တပည့်တော်မောင်တစ်ဝမ်းခွဲလေး ကိုရင်ဝတ်နဲ့တင် ကျမ်း၂ကျမ်းအောင်ပြီး မိဘမသိအောင် ခြေရာဖျောက် လူထွက်မိန်းမယူလိုက်တာ သားနှစ်ယောက်မွေးမှ ပြန်လာတယ် မိဘနှင့်တပည့်တော်တို့မှာငိုခဲ့ရတာမှအရမ်း ပဲပေါ့ ဦးကြီးဆိုရင်ယောက်ျားတန်မဲ့နဲ့သူ့သားကိုမတွေ့မချင်းရှာနေတာ သားနှစ်ယောက်ရတော့မှပဲ မိဘကိုပြန်ဆက်သွယ်တယ် ခုတော့မိန်းမကဖောက်ပြန်သားနှစ်ယောက်နဲ့ အရက်သမားဖြစ်နေပါလေရဲ့ အဓိပ္ပါယ်မရှိတဲ့ဘဝနဲ့အဆုံးသတ်ရတော့မယ်ဘုရား တပည့်တော်ကိုယ်တွေ့ခံစားခဲ့ရလို့ ဖွားလေးကိုကိုယ်ချင်းစာပါတယ်ဘုရား အဟောင်းကအသစ်လည်းပြန်ဖြစ်ပြီး ခုထိနှမျောတသဖြစ်မိပါတယ် ဘုရား🙏
2026-11-14 03:18:43
188
အရှင်ကောဝိဒ ခရမ်းသား :
ဆရာလေးတော်ပါတယ် ဘက်စုံ
2026-11-14 04:06:31
63
Crystal Htun :
မထွက်တော့ဘူး လို့ ဆိုတဲ့ အသံလေးကြားမှ စိတ်အေးတော့တယ်
2026-11-14 04:12:21
87
ANT✨ :
ရင်ခုန်တာအပြစ်မဟုတ်ဘူး ရင်ခုန်တာအစစ်မဟုတ်တာသိရင် ရပါပီတဲ့ ဆရာလေးရဲ့အသံလေးကအေးချမ်းလှပါတယ်ဘုရား🙏🙏🙏
2026-11-14 07:03:36
12
မီးအိမ်ရှင် :
လူထွက်တော့မလို့ ဖွားလေးရဲ့ စကားတွေ ကြားပီ ကိုယ်ကိုပြောနေသလို့ ခံစားရလို့ မထွက်တော့ဘူး🥰
2026-11-14 03:26:04
661
user5727633261321 :
ဦးဇင်းလေး
ဒီလိုအမမျိုးရတာ
ဘုံးကံကြီးတာပဲ
ဦးဇင်လေးကံကောင်းပါတယ်
လမ်းပြပေးတဲအမ
ဒီးလိုအမမျိုးနဲ့
ဘဝဆက်တိုင်းတွေ့ရှိပါစေ
2026-11-14 07:10:10
8
A shin vi ma la(ပျိုးဥယျာဥ်) :
ကဲ ဘဒ္ဒပညာဆရာလေးရေးးးးလူမထွက်အောင်တရားများများဟောပေးပါ သာသနာမှာသံဃာတစ်ပါးဖြစ်ဖို့ဆိုတာ အခုခေတ်ကာလမလွယ်တော့တာမို့ သံဃာတစ်ပါးဆုံးရှုံးရမှာကိုလဲအတိုင်းမသိနှမြောမိပါတယ်
2026-11-14 02:14:16
137
Zin Zin :
ဖွားလေးရဲ့စကားသံတွေနားထောင်းရင်း
နဲ့မျက်ရည်တွေ တသွင်သွင်စီးဆင်းနေပါတယါ
ဘုရား🙏🙏🙏
2026-11-14 03:51:07
38
မင်းချန်ခဲ့တဲ့ မင်းကျန်ရစ်💘 :
သံဃာတော်တွေကို သာသနာ့ဘောင်မှာမြဲစေချင်ပေမဲ့ မထွက်ပါနဲ့လို့လည်းမတားရက်ပြန်ဘူး သူတို့ရဲ့ခံစားချက် သူတ်ု့ရဲ့အခက်ခဲကိုသူတ်ု့သာအသိဆုံး။
2026-11-14 02:56:27
99
KoHtut ဆံတော်ရှင်ကျိုက်ထီးရိုး :
အစ်မရဲ့ မေတ္တာတွေ အတိုင်းသားမြင်နေရတယ်။
2026-11-14 03:23:01
52
🦚တိုင်းသိပြည်သိ🦚 3.2M❤ :
ဆရာလေး ဆုံးမနေတာ တွေက
အေးချမ်းလိုက်တာ 🥺
2026-11-14 06:41:21
8
🌻မောင်ဘုန်း🌻 :
ကျွန်နော်လည်၇နှစ်သားကတည်းကဝတ်လာတာ၊ လူထွက်ချင်စိတ်ပေါက်နေတာတောင် အမရဲ့စကားတွေကြားပြီ၊ လူထွက်ချင်စိတ်နည်းနည်းလျှော့သွားတယ်🥰
2026-11-14 04:16:54
211
သုတအောင် :
ဝတ္ထု မာတု ဤနှစ်ခု ဘိက္ခုသေမင်း ဓါးနှစ်စင်း ။ ငွေနဲ့ မိန်းမကိုပြောတာပါ ရဟန်းတစ်ပါးရဲ့ ရဟန်းအဝတ်ကို သတ်နိုင်တာ ဤနှစ်ပါးပါ
2026-11-14 02:16:49
48
U Ka Lar :
ဆရာလေးစျာန်ဝင်နေပြီး
2026-11-14 02:03:08
33
Daw Swe :
တော်လိုက်တါဆရာလေးရယ်အမကြီးအမိရာဆိုတါဆရာလေးလိုအမမျိုးပြောတါနေမှာ
2026-11-14 05:43:10
16
包包 玩 偶(Diva Girl)🌹 :
လူမထွက်ပါနဲ့ဘုရားး အပြင်လောကက စားဖို့ အိပ်ဖို့ နေဖို့ ခတ်ခဲလွန်းတဲ့အပြင် မလုံခြုံပါဘူးဘုရားး အပြင်လောကမှာနေလို့ tayသေရင် လောဘ ဒေါသ မောဟကြောင်ံ့ ငရဲကျဖို့များပါတယ်ဘုရား ဘုရားသားတော်နဲ့နေရင် နေဗ္ဗာန်မရောက်ရင်တောင် နတ်ပြည်လောက်က မဆင်းရပါဘူးဘုရားး တပြည့်တော်သားလေးသာ သာသနာ့ဘောင်မှာဆို ဘယ်လိုဘဲဆင်းရဲဒုက္ခရောက်နေပါစေ တပြည့်တော်က ပုခုံးထမ်းတင်ပေးမှာပါဘုရား🙏🙏🙏
2026-11-14 06:18:24
20
Phyo Linn Thant :
အနှစ်သာရရှိလိုက်တဲ့ဆုံးမစကား 🥰
2026-11-14 03:46:53
17
Thet Htwe Aung :
အမတစ်ယောက်ရဲ့မေတ္တာနဲ့တရားဓမ္မရဲ့အနှစ်သာရကိုပြန်သတိပေးတာကြားရလို့ဝမ်းသာပီတိမျက်ရည်တောင်ဝဲတယ်သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်ဆရာလေးကတရားကိန်းဝပ်နေပြီအေးချမ်းလိုက်တာ
2026-11-14 06:33:56
14
MaMa :
ရဟန်းတစ်ပါးရေးထားတဲ့ ဇာတ်လမ်းတစ်ခုရှိတယ်လေ အမျိုးသမီးတစ်ယောက်နဲ့ ကြိုက်ပြီး လူထွက်ပြီး မိန်းမယူလိုက်တာ လူ့ဘောင်ထဲမှာနေသားမကျတဲ့ယောက်ကျားကို လူတစ်ကာကပ်တဲ့ဆွမ်းဦးကိုစားနေရတဲ့ရဟန်းဘဝကိုစွန့်ပြီး သူတတ်သလောက်မိန်းမကိုရှာကျွေးတာပဲ ကြာလာတော့ မိန်းမရဲ့ အပြစ်တင်ပြောဆိုတာတွေမခံစားနိုင်တော့လို့နောက်ဆုံးမှာ သာသနာ့ဘောင်ထဲပြန်ဝင်ရောက်သွားရတယ် လူ့ဘောင်လောက ကရှုပ် ထွေးလှပါတယ်ဘုရား ဆင်ခြင်နိုင်ပါစေဦးဇင်းလေးရေ့
2026-11-14 03:29:25
18
ピュ~~~🍃🌸🍀 :
အပြင်လောက ရှုပ်ထွေးပါတယ် 🥹 အေးချမ်းတဲ့ မြင့်မြတ်တဲ့သာသနာ ဘောင်မှာပဲဆက်ပြီးတော့ရှိစေချင်ပါတယ် 🙏
2026-11-14 03:13:55
24
To see more videos from user @badhapana.2020, please go to the Tikwm
homepage.