@punnesi2: #ဒီစာလေးဖတ်ပြီး ဒီခန္ဒာကြီးအကြောင်း ကောင်းကောင်းသိရလိမ့်မယ်။ လူ့လောက မှာ ဖို့ ၃- ဖို့ ရှိတယ် ၁။ခန္ဓာစုတာ မြေကြီးကျွေးဖို့ ၂။ ပစ္စည်းစုတာ ထိုက်တဲ့သူဖို့ ၃။ တရားစုတာ မိမိဖို့ ၁။ခန္ဓာစုတာ မြေကြီးကျွေးဖို့ဆိုတာ ခန္ဓာကိုယ်ကြီးကို အလိုလိုက်ပြီးတော့ ဒါနလည်း မခိုင်းရက်ဘူး သီလလည်း မခိုင်းရက်ဘူး ဘာဝနာလည်း မခိုင်းရက်ဘူး ဥပုသ်စောင့်ဖို့လည်း မခိုင်းရက်ဘူး ဘုရားရှိခိုးဖို့လည်း မခိုင်းရက်ဘူး တစ်နေ့ နာရီဝက် တစ်နာရီ တရားထိုင်ဖို့ မခိုင်းရက်ဘူး တရားနာဖို့လည်း မခိုင်းရက်ဘူး အရမ်းယုယ ညှာတာနေတယ် ။ ကျွေးရုံသာ ကျွေးပြီး ခန္ဓာကိုယ်ကြီး အလိုလိုက်နေတာ ဘာလုပ်ဖို့လဲလို့ သူများမေးရင် ပါးစပ်က တိုက်ရိုက်တော့ မပြောဘူး ။ တရားသဘောက သူ့သဘာဝအတိုင်း အဖြေထုတ်တယ် မြေကြီးကျွေးမလို့တဲ့ " ခန္ဓာစုတာဟာ ဘာလုပ်ဖို့လဲ မြေကြီးကျွေးဖို့တဲ့ ၂။ပစ္စည်းစုတာ ထိုက်တဲ့သူဖို့ ပစ္စည်းစုတာ ဘာလုပ်ဖို့လဲ ပစ္စည်းဟာ ခန္ဓာနဲ့လည်း မကင်းပြန်ဘူး ။ ဒါဖြင့် ဘာကြောင့် စုတာလဲ လို့ မေးတော့ ပါးစပ်က ဘာမှ မပြောပေမယ့် တရားသဘောနဲ့ အဖြေထုတ်တယ် - " ထိုက်သူတွေ သုံးဖို့ " တဲ့ ။ ထိုက်တဲ့ ပုဂ္ဂိုလ်တွေ သုံးကြပါစေ ကိုယ်နဲ့ ထိုက်သလောက် သုံးချင် သုံးရမယ် ။ ဒိပြင်ပုဂ္ဂိုလ်နဲ့ ထိုက်ရင်လည်း ဒီပြင်ပုဂ္ဂိုလ် သုံးသွားလိမ့်မယ် ။ ရန်သူမျိုး ငါးပါးနဲ့ ထိုက်ရင်လည်း ရန်သူမျိုး ငါးပါးထံ ရောက်သွားလိမ့်မယ် ။ ပစ္စည်းက ပိုင်မှ မပိုင်ဘဲ ဘုံဆိုင်ကိုး ။ ဒါကြောင့် ပစ္စည်း စုတာဟာ ထိုက်တဲ့သူဖို့ အတွက်ပါ ။ ၃။တရားစုတာ မိမိဖို့ ဒါနလုပ်တာ ဘယ်သူ့ဖို့လဲ ကိုယ့်ဖို့ ကျန်အောင် လုပ်ရတာ သီလကျင့်တာ ဘယ်သူ့ဖို့လဲ ကိုယ့်ဖို့ကျန်အောင် ကျင့်ရတာ ဥပုသ်စောင့်တာဘယ်သူ့ဖို့လဲ ကိုယ့်ဖို့ကျန်အောင်စောင့်ရတာဘုရားရှိခိုးတာ ဘာသူ့ဖို့လဲ - ကိုယ့်ဖို့ ကျန်အောင် ရှိခိုးရတာ တရားထိုင်တာ တရားမှတ်တာ တရားဘာဝနာ ပွာများတာ ဘယ်သူ့ဖို့လဲ ကိုယ့်ဖို့ ကျန်အောင် ပွားများရတာ ။ ယခုလို တရားနာကြတာ ဘာလုပ်ဖို့လဲ - ကိုယ့်ဖို့ ကျန်အောင် လုပ်ကြရတာ ။ ကုသိုလ်အလုပ် မှန်ရင် ကိုယ့်ဖို့ ကျန်အောင် လုပ်ကြရတာချည်းဘဲ။ ဒီအပိုင်မရ ခဏအလည်ပါလာတဲ့ ခန္ဒာကြီး မခိုင်းဘဲ ကျွေးထား မွေးထားပြီး တရားအားထုပ်ဖို့ မေ့နေမယ်ဆိုရင် လူဖြစ်ရတာ မတန်တော့ဘူး။
@Punnesi(နမ့်ခမ်း)
Region: MM
Saturday 14 November 2026 11:10:59 GMT
Music
Download
Comments
Kyi Kyi Aye :
မှန်လှပါဆရာလေး
2026-11-14 13:44:18
1
Moe Kyaw Thein :
အကောင်းဆံုး တရားပါ
2026-11-14 13:59:13
0
လေးညှို့ရှင် :
သာဓုသာဓုသာဓု
2026-11-14 13:29:47
2
DAW MYINT SAN :
2026-11-14 14:07:07
1
San San :
ကျေးဇူးပါဆရာလေးရယ်🙏🙏🙏🙏🙏🙏🙏🙏🙏
2026-11-14 13:31:43
1
San Hla :
🙏🙏🙏သားစုသားစုသားစုပါ
2026-11-14 14:13:52
1
U Soe Latt Tun :
သီလရှင်ဆရာကြီး သာဓုပါသာဓုပါသာဓုပါ
2026-11-14 14:10:13
2
U khin sein :
သာဓုသာဓုသာဓုပါဆရာလေး
2026-11-14 14:14:15
1
San San :
[Pray]နာကြားရတာအကောင်းဆုံးပါ[Pray]ဆရာလေးသက်ရှည်ကျန်းမာပါစေ[Pray]
2026-11-14 14:26:55
1
ပူတူး :
မှန်လဘာ
2026-11-14 14:09:44
1
MaSanTint :
သာဓုသာဓုသာဓုပါဘုရား[Pray][Pray][Pray][Pray][Pray]
2026-11-14 14:11:42
1
moekyawthu2501 :
သာဓု သာဓု သာဓု
2026-11-14 14:22:48
1
user6318151443140 :
သာဓုသာဓုသာဆရလေ🥰🥰🥰
2026-11-14 13:30:58
0
mawmaw4571 :
မှန်ပါဘုရား🙏🙏🙏
2026-11-14 12:10:24
1
နွယ် :
🙏
2026-11-14 14:15:33
1
King Legacyy :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-11-14 14:14:34
1
ayenaing320 ayenaing320 :
2026-11-14 14:03:25
1
Nwe :
မှန်လှပါဆရာလေး🙏🙏🙏
2026-11-14 11:23:48
2
Kit Kit :
သင်ပါ့ဘရားမှန်ပံဘရား
2026-11-14 13:27:11
1
mjkshansinger :
ပီခေါဝ်ခါ့မန်းလေးရောက်ပြီခ🙏🥰
2026-11-14 14:12:31
1
ကြောင်ကလေး :
တရားဘာဝနာများများပွါးများတဲ့အ လုပ်ကိုပိုလုပ်ရမယ် ဒါမှကိုယ့်အတွက်ကျန်မယ်
2026-11-14 14:36:02
2
yinyin :
ဆရာလေးတရာတွေတပြည်တော့မအမြဲနာပါတယ်ဆရာလေတပြည်တော့မပြန်လဲတင်ပါတယ်ဆရားလေ
2026-11-14 11:19:18
3
April Soe :
မှန်လှပါ ဆရာလေးဘုရား
2026-11-14 13:25:20
1
Myathtwe Kyaw :
မှန်လှပါဆရာလေး🙏🙏🙏
2026-11-14 11:25:52
1
To see more videos from user @punnesi2, please go to the Tikwm
homepage.