@zayartbz13: G7 နိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်ကို SCEF ကြိုဆို၊ အားလုံးပါဝင်သော နိုင်ငံရေးအသွင်ကူးပြောင်းမှုတွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ရန်ကုန်၊ နိုဝင်ဘာ ၁၄ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းလျှော့ချရန်၊ လူသားချင်းစာနာထောက် ထားမှုအကူအညီများ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးနှင့် မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်သည့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သော ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်ရန် တောင်းဆိုထားသည့် G7 နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က ကြိုဆိုလိုက်သည်။ SCEF က ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်သည့် ကြေညာချက်၌ G7 ၏ မြန်မာနိုင်ငံဆိုင်ရာ သဘောထားရပ်တည်ချက်ကို ကြိုဆိုကြောင်း ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံတွင် အား လုံးပါဝင်သော နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတကာအသိုက် အဝန်းက ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့၌ ကျင်းပခဲ့သည့် G7 နိုင်ငံ ခြားရေးဝန်ကြီးများအစည်းအဝေးအပြီး နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေ ညာချက်၌ မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာနေမှုအပေါ် အထူးစိုးရိမ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။ G7 နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းလျှော့ချရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ လွတ်လပ်စွာ ဝင်ရောက်ပေးပို့နိုင်ရေး ဆောင်ရွက်ရန်နှင့် မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် ထင်ဟပ်စေမည့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သော ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်ရန် တောင်းဆိုထားခြင်းဖြစ်သည်။ SCEF က G7 နိုင်ငံများအနေဖြင့် မြန်မာစစ်အာဏာပိုင်များနှင့် ဆက်ဆံရေးကို အချိန်မတိုင်မီ ပုံမှန်ပြန်လည်ထူထောင်ခြင်း မပြုလုပ်ရန် တိုက်တွန်းထားသည်။ ထို့ပြင် လက်ရှိရေးဆွဲဖော်ဆောင်နေသည့် ပြည့်စုံလွှမ်းခြုံသော နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင် (Comprehensive Political Transition Framework) ရေးဆွဲရေးလုပ်ငန်းစဉ်တွင် SCEF နှင့် ထိတွေ့ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။ အဆိုပါ နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင်သည် အရပ်သားပြည်သူများကို ကာ ကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးအတွက် လက်ငင်းဆောင်ရွက်ရမည့် အစီအမံများကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းရေးဦးတည်သည့် အားလုံးပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ်နှင့် ချိတ်ဆက်ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း SCEF က ဆိုသည်။ “သူတို့ရဲ့ကြေညာချက်ပါ အချက်တွေက ကျမတို့ အမြဲတမ်းတောင်းဆိုပြီးမှ SCEF အနေနဲ့ ပြင်ဆင်နေတဲ့ အချက်တွေဖြစ်တယ်။ SCEF မှာဆိုရင်လည်း အားလုံး လွှမ်းခြုံပါဝင်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု မူ ဘောင်ဆိုတဲ့ဟာကို ပြင်ဆင်နေတာဖြစ်တယ်။ ကျမတို့ထဲမှာလည်း တော်တော်လေးဆွေးနွေးထားပြီးမှ မိတ်ဆက်အင်အားစုတွေ၊ သက်ဆိုင်ရာ Stakeholder တွေကို ချပြဆွေးနွေးတဲ့ဟာကိုလည်း လုပ်ဆောင် နေတာဖြစ်တယ်။ ကျမတို့ ပြင်ဆင်ထားတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင်နဲ့ ဒီ G7 ရဲ့မြန်မာ နိုင်ငံ ဆိုင်ရာ ကြေညာချက်ကလည်း သွေဖီနေတာတွေမရှိဘူး။ ဒါကြောင့်မို့ ကျမတို့အနေနဲ့ ထောက်ခံကြိုဆို ကြောင်း ထုတ်ပြန်ချက်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု SCEF အထွေ ထွေအတွင်းရေးမှူးအဖွဲ့ မှ ဇူးပဒုမ္မာက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ထို့အပြင် G7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြေညာချက်ပါ ကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး SCEF နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်များ ချမှတ်နိုင်ရေး ကူညီပံ့ပိုးပေးရန်လည်း SCEF က ဖိတ်ခေါ်ထားသည်။@ZayarTBZ 7.1News🍉 @Zayar TBZ 5 #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #zayartbz #မြန်မာသတင်း #ဒေသသတင်းရင်းမြစ် #ပြည်သူများဘေးကင်းကြပါစေ
Zayar Tbz 13
Region: TH
Saturday 14 November 2026 11:22:23 GMT
Music
Download
Comments
Aung Sun myint :
hi
2026-11-14 12:48:20
2
Oo Kyaw :
@ok
2026-11-14 13:04:02
1
Sai Zaw Lu :
ok🥰
2026-11-14 13:20:16
1
A.L.Y :
ok
2026-11-14 13:21:23
1
dawn lay :
😁😁😁
2026-11-14 13:18:00
1
user8824317469328 :
😂😂😂
2026-11-14 12:58:03
1
tTw10/mon :
🥰🥰🥰
2026-11-14 12:32:20
0
user5912461440901 :
🥰🥰🥰
2026-11-14 11:58:33
0
ဒင်းဂါး :
🥰
2026-11-14 13:57:22
0
To see more videos from user @zayartbz13, please go to the Tikwm
homepage.