@jarmasx: ကိုယ့်ထက် အတွေးအခေါ်သေးငယ်သူတွေနဲ့ အတူရှိနေမယ်ဆိုရင်... သူတို့က မင်းရဲ့အိပ်မက်တွေဟာ ကြီးလွန်းတယ်လို့ ပြောကြလိမ့်မယ် ၊ မစတင်ခင်ကတည်းက ရပ်တန့်ဖို့ သတိပေးကြလိမ့်မယ် ၊ နောက်ဆုံးမှာ မင်းကိုယ့်ကိုယ်ကို ယုံကြည်မှုတောင် ပျောက်ဆုံးလာစေလိမ့်မယ်။ ကိုယ့်နဲ့ အတွေးအခေါ်အဆင့်တူသူတွေနဲ့ အတူရှိနေမယ်ဆိုရင်.... မင်းဘာတွေ တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတာ သူတို့ နားလည်ပေးနိုင်မယ် ၊ အတွေးအမြင်တွေ ဖလှယ်နိုင်မယ် ၊ ပင်ပန်းနွမ်းနယ်တဲ့နေ့တွေမှာလည်း အချင်းချင်း အားပေးရင်း ရှေ့ဆက်နိုင်ကြမယ်။ ကိုယ့်ထက် ပိုဝေးတဲ့ခရီးကို ရောက်နှင့်နေသူတွေနဲ့ အတူရှိနေမယ်ဆိုရင်... မင်းအတွက် ခက်ခဲလွန်းတယ်လို့ ထင်ထားတဲ့အရာတွေဟာ တကယ်တော့ ဖြစ်နိုင်တဲ့အရာတွေပါလားဆိုတာ သိလာစေလိမ့်မယ် မင်းမမြင်ဖူးသေးတဲ့ အမြင်သစ်တွေ၊ အခွင့်အလမ်း သစ်တွေကို ဖွင့်ပြပေးလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေဟာ ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပဲ လွှမ်းမိုးတာမဟုတ်ဘူး။ ကိုယ့်ဘဝရဲ့ စံနှုန်းတွေ၊ တွေးခေါ်ပုံတွေ၊ ရဲရဲဝံ့ဝံ့ တိုးတက်ကြီးပွားလိုစိတ်တွေကိုပါ လွှမ်းမိုးနေကြတာပါ။ ဒါကြောင့် ကိုယ့်ကို တိုးတက်စေမယ့်သူတွေနဲ့ အတူနေပါ ကိုယ့်အိပ်မက်တွေကို သေးငယ်အောင် လုပ်မယ့်သူတွေနဲ့ မနေပါနဲ့။ Michael Mario #fyp #foryou #life #tiktok #စာတို

MichaelMario
MichaelMario
Open In TikTok:
Region: TH
Saturday 14 November 2026 13:04:32 GMT
9531
1173
6
97

Music

Download

Comments

gold.dream76
𓆩♡𓆪 October Soul 🌼🖤 :
ဒီလိုစာသားတွေကို ဘယ်လောက်ပေးပြီးဝယ်ရဝယ်ရ တန်ပါတယ်
2026-11-14 22:58:36
1
mg.lay55024
နှင်းနု🥰🥰 :
🥰🥰🥰
2026-11-14 13:08:40
1
nan.phyu.phyu.htw41
Nan Phyu Phyu win :
🥰🥰🥰
2026-11-14 13:07:47
1
To see more videos from user @jarmasx, please go to the Tikwm homepage.

Other Videos


About