@dora.mefa2: ရပ်စောက်မြို့နယ်တွင် အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ မုံလာကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သေဒဏ်အမိန့်ချ (ရုပ်သံ) သံလွင်မြန်မာသတင်း နိုဝင်ဘာလ ၁၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရပ်စောက်မြို့နယ်တွင် အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ မုံလာကို သေဒဏ်အမိန့်ချမှတ်လိုက်ကြောင်း ဓနုပြည် သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ လင်းလေအင်း ကျေး ရွာမှ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်သည် စာသင်ကျောင်းသို့ သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ ရာ လိုက်လံရှာဖွေရာ နိုဝင်ဘာလ ၄ ရက်နေ့တွင် စာသင်ကျောင်းအနီးရှိ သရက်ခြံအတွင်း၌ရုပ်အလောင်း ကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ရှိပြီးနောက် ပြစ်မှုကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် စစ်ကောင်စီတပ် လက် အောက်ခံ ရဲတပ်ဖွဲ့ထံ အမှုဖွင့်ခဲ့သော် ဖော်ထုတ်အရေးယူပေးခြင်းမရှိကြောင်း၊ ထို့ကြောင့် ဓနုပြည် သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ရပ်စောက် မြို့နယ်၊ ကောင်းဘိုအုပ်စု၊ ရေပြန်ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် မုံလာဆိုသူကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။ “သူကိုယ်တိုင် ဝန်ခံထားတယ်။ တစ်ယောက်ကျူးလွန်တာပါ။ ကျူးလွန်ပြီးတော့ ထွက်ပြေးတိမ်းရှောင် သွားတာ။ အချက်အလက် သတင်းအတိအကျရတာနဲ့ လိုက် ဖမ်းတာ၊ ၁၁ ရက် နေ့မှာ ဖမ်းမိခဲ့တယ်။ သူ ဝက်သတ်၊ ကျွဲသတ်၊ နွားသတ်တာတွေလုပ်တယ်။ မူးယစ်ဆေးဝါး လည်းအလွန်အကျွံသုံးစွဲတဲ့သူ။ အခု တော့ သေဒဏ်ပေးလိုက်ပါပြီ” ဟု ဓနုပြည်သူ့လွတ်မြောက်ရေး တပ် တော် (DPLA) မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက သံလွင်မြန်မာသတင်းဌာနထံသို့ ပြောကြားသည်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ရွာငံမြို့ နယ်၊ ပင်းတယမြို့နယ်နှင့် ရပ်စောက် မြို့နယ်တို့တွင် အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။ #Thanlwinmyanmar #Media
dora mefa
Region: MM
Saturday 14 November 2026 13:42:45 GMT
Music
Download
Comments
❦︎❦︎ 𝓖 𝓲 𝓹 𝓼 𝔂 ❦︎❦︎🌹🌹🌹 :
မန်းလေး ကျောင်းသူကို ကျောင်းသား လေးရောက်ဝိုင်းကျင့်တာ မေ့သွားကြပီ အဲ့ကောင်တွေကိုလဲသေဒဏ်ပေးသင့်တာ
2026-11-15 02:45:20
2
Chan Myae :
ကလေးကတော့ သနားပါတယ်ကွာ ၂ခါသေခဲ့ရတယ် ကျွန်တော်တို့ ပြည်မထဲမှာလဲ သက်ငယ်မုဒိမ်းဆို သေမိန့်ပေးသင့်ပါတယ်(လူကြီးမုဒိမ်းကတော့ တချို့က အလိုတူလုပ်ပီးမှ လာတိုင်တာရှိလို့ မပြောလို)
2026-11-14 21:57:56
36
Linn Linn😅 :
သေဒဏ်ပေးပါ ကျေနပ်တယ်
2026-11-15 02:50:07
1
-數|•𝐓𝐨𝐦ᥫ᭡ :
လွန်တာပေါ့ကွာ
2026-11-14 18:55:51
2
🦐ယအဲ့နား 🦐 :
2026-11-14 14:39:49
1
N I C E ``_`` :
2026-11-15 00:35:48
1
4ĴAM乛MYØ :
2026-11-15 03:18:41
0
khinmaunghtunlatt :
အမိန့်ပဲချပြီးဘာမှမလုပ်ဘူးပေါ့
2026-11-14 16:19:25
3
Daw pu Tuu🐭🐭🐭 :
ဒါပဲ.သေဒဏ်
2026-11-15 02:30:47
2
@@Queen💗💗💗💗💗 :
ကျက်သရေတုန်း
2026-11-15 00:33:20
4
🦭Sai Htet Oo🦭 :
ကြိုက်တယ် ဒါမျိုး ဥပဒေကို
2026-11-14 23:54:29
5
gaton lay :
လက်ခံအားပေးပါတယ်ခင်ဗျာ့။
မန္တလေးသား☺️
2026-11-15 02:54:41
0
Hlwanmoe :
အားပေးတယ်ဒါမျိုးကတော့သေဒဏ်
2026-11-15 03:23:42
0
winmaing93 :
ကောင်းတယ်သေဒဏ်ပေးတာသားသမီးချင်းကိုယ်ချင်းမစာနာ
2026-11-15 03:08:09
0
HtunHtun :
👍👍👍
2026-11-14 17:34:17
2
U SOE :
👍
2026-11-14 23:30:23
2
komokA1💪💪💪🥰🥰🥰 :
😳😳😳
2026-11-14 23:27:24
1
Shwe Ei :
👍👍👍👍
2026-11-15 01:53:24
0
Hein Soe Thu :
😳😳😳
2026-11-15 02:12:39
0
user7819388081024 :
😳😳😳
2026-11-15 02:42:10
0
aike lay :
[Heartwarming][Heartwarming][Heartwarming]
2026-11-15 01:48:09
0
သိန်းသန်းရတနာ :
😟
2026-11-15 01:10:28
0
ကိုဖြိုး :
🥰🥰🥰
2026-11-15 03:28:51
0
To see more videos from user @dora.mefa2, please go to the Tikwm
homepage.