@naing.htun505: #Hypic #နေတတ်ရမယ် ** အခက်အခဲတွေရှိမယ်။ အဆင်မပြေတာတွေရှိမယ်။ ထိခိုက်နာကျင်နေတာတွေရှိမယ်။ ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။ စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။ အင်း ဒါပေမယ့် မင်းနေတတ်ရမယ်။ နေတတ်အောင်နေပါ။ ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့ မင်းထိပ်တိုက်တိုးတဲ့အခါ မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။ တစ်ခုက မင်းစိတ်ပျက်ညည်းညူနေမှာလား။ နှစ်ခုက အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။ မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ မူတည်တယ်ဆို တာကိုပါပဲ။ တခြားအရာတွေထက် မင်းကိုယ်မင်း ဦးစားပေးရမယ်။ ကျန်းမာရေးဂရုစိုက်ရမယ်။ နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။ သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။ မင်းကိုယ်မင်း ပိုချစ်ရမယ်။ မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။ အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ ထည့်မ သိမ်းထားသင့်တော့ဘူး။ မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်.... မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။ မင်းကိုယ်မင်း တန်ဖိုးထားရမယ်။ မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။ ရည်မှန်းချက်တွေ ရှိနေရမယ်။ လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ ကြား မင်းအရှုံးမပေးသွားရဘူး။ မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။ မင်းကိုယ်မင်း လေးစားတတ်ရမယ်။ မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။ အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ ကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။ မင်းကိုယ်မင်း သန်မာနေစေရမယ်။ အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ် အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။ မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက် အသနားခံမနေ သင့်တော့ဘူး။ မင်းအတွက်မင်း ရှိနေရမယ်။ မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။ စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။ မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။ မင်းကိုယ်မင်း ချစ်တတ်ရမယ်။ မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။ မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။ မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့ မင်း စိတ်ပျော်ရွှင်မှု တွေ ဆုပ်ကိုင်ထားနိုင်ဖို့... ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။ ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။ နေတတ်အောင်လည်းကြိုးစားပါ။ ဘဝဟာ နေတတ်လျှင် ပျော်စရာတွေ အများကြီးပါ။ နေတတ်အောင်ပဲ ကြိုးစားပါ။ နေတတ်ဖို့က စိတ်က အဓိကပါ။ #crdစာသား #မှုရင်းပိုင်ရှင်အားcrdပေးပါတယ်

U Naing 505
U Naing 505
Open In TikTok:
Region: MM
Monday 16 November 2026 03:24:48 GMT
143119
14936
739
2207

Music

Download

Comments

user342386603
Kelly :
All Right
2026-11-21 13:53:53
1
user387211009180
ThinThinHan :
hi🥰🥰🥰🥰🥰👍👍👍👍👍သီချင်းလေးအရမ်းကောင်းတယ်အရမ်းကြိုက်တယ်မှန်တယ်အားပေးနေပါတယ်👍👍👍👍👍🥰🥰🥰💞💞💞
2026-11-22 08:53:06
1
sai.yi.hlaing.kha8
🇯🇵🎌Sai Yi Hlaing Kham🎌🇯🇵 :
အမှန်တရားတွေပါ😊
2026-11-22 07:28:21
1
chitoo7785
ချစ် ဦး ဇင် :
ကျေးဇူးတင်ပါတယ်
2026-11-22 05:23:03
1
ukanwin04
ukanwin04 :
သိပ်မှန်တယ်ဆရာ
2026-11-20 02:14:36
1
soe.soeaye63
Soe SoeAye :
ကိုယ့်စိတ်ကိုအမြဲကြည့်နေပါတယ်ကျေးဇူးပါ
2026-11-17 13:00:11
5
lawehpoe15
mc nyi2244 :
စာသား သံစဥ် တီးခတ်မှူ မိမိုက် ကြိုက်တယ်ဗျာ ... 🎵☮👽☮🎵
2026-11-17 13:19:59
6
ma.thin.thin336
Ma Thin Thin :
မှန်လိုက်တာကောင်းလိုက်တဲ့စာတာတွေ့အားရှိသွားပြီးရှင့်🥰🥰🥰
2026-11-16 23:08:45
5
user321860651286
ကြည်နှိင်စိုး :
ဆရာ မဂ်လာပါ
2026-11-17 06:21:25
5
makyinhtwe2022
mioooookppp :
လေးစားလျှက်ပါ
2026-11-19 06:11:07
1
user48543715681531
ဂျစ်တူး(ထန်းတောမြေ) :
တန်ဘိုးရှိလိုက်တာ
2026-11-19 01:58:59
1
naw.kellel
Naw kellel❤️❤️ :
ကျေးဇူးအထူးပါရှင့်
2026-11-18 13:44:57
1
myo9909g
Myo Gyi :
ပြောတာမှန်တယ်
2026-11-18 14:27:44
1
thiha.thiha822
💖GRAY ENGLE💖 :
စာသားတွေကအနှစ်တွေပဲဗျာရှဲခွင့်ပြုပါ
2026-11-18 12:44:32
1
han.nyunt.oo
Han Nyunt Oo :
သိပ်မှန်တယ်
2026-11-18 21:46:17
1
kyalsin0570
kyalsin0570 :
ပြန်တင်ခွင့်ပြုပါ
2026-11-18 02:44:16
1
myat.thuzar65
Myat Thuzar :
🥰🥰🥰🥰🥰🥰🥰
2026-11-18 06:39:12
1
shine2628
🌼{ŝĥîńé}🌼 :
မဂ်လာပါ
2026-11-18 23:02:46
0
than.htike3924
Than Htike :
🥰
2026-11-18 06:35:45
1
ayemyint4618
Aye Aye Myint :
2026-11-17 12:48:26
1
u.thaung985
U Thaung :
👍👍👍မိုက်
2026-11-18 06:52:08
1
mzaw9083zyv
ko myo zaw :
ကြိုက်ကိုကြီး
2026-11-22 03:39:37
1
shwe.hmone2593
shwe hmone :
စာလေးဖတ်ရတာအားတက်ပါတယ်
2026-11-21 13:35:44
1
31505666825
user7467544900197 :
တန်ဖိုးရှီလိုက်တာ😇😇😇😇😇
2026-11-19 06:49:37
1
kwang1665
น้องกวาง ♥️♥️♥️✌️✌️✌️ :
မင်္ဂလာပါ🌹
2026-11-19 00:51:27
1
To see more videos from user @naing.htun505, please go to the Tikwm homepage.

Other Videos


About