@takagiyurina02: လွန်ခဲ့တဲ့ ၄ နှစ်လောက်က မေကြီးက ပြောပြခဲ့ဖူးတယ်။ ဘဝမှာ တစ်ခုခုကို အောင်မြင်ချင်တဲ့အခါ၊ လုပ်သမျှ အဆင်ပြေချင်တဲ့အခါ၊ အခက်အခဲတွေ အရမ်းများပြီး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ မဟာသမယသုတ်နဲ့ ပဌာန်းကို ရွတ်ဖတ်ပူဇော်ဖို့ သင်ပေးခဲ့ဖူးတယ်။ အဲ့ဒီတုန်းက မေကြီးပြောခဲ့တဲ့အတိုင်း မဟာသမယသုတ်စေတီတည်ပြီး ရွတ်ဖတ်ပူဇော်ခဲ့ဖူးတယ်။ မဟာသမယသုတ်စေတီကိုလည်း ၃ ကြိမ်တိတိ အောင်မြင်စွာ တည်နိုင်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်ကစပြီး အခက်အခဲတွေ ကြုံလာတိုင်း၊ စိတ်ပင်ပန်းစရာတွေ ရှိလာတိုင်း သတိရပြီး ရွတ်ဖတ်ပူဇော်ဖြစ်ခဲ့တယ်။ ဒီလိုရွတ်ဖတ်ပူဇော်ခဲ့လို့ ချက်ချင်းလက်ငင်း ထီပေါက်တာ၊ ချမ်းသာကြွယ်ဝလာတာ၊ လုပ်သမျှ အရာရာ အဆင်ပြေသွားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်တိုင်ပြန်တွေးကြည့်တဲ့အခါ ယုံကြည်မိတဲ့အရာတစ်ခု ရှိတယ်။ အရင်က စိတ်ကူးယဉ်အိပ်မက်မက်ခဲ့ရတဲ့ ဘဝမျိုး၊ တစ်နေ့နေ့မှာ ရောက်ချင်ခဲ့တဲ့ နေရာမျိုးကို အခု ကိုယ်တိုင်ရောက်ရှိနေပြီ။ ဘဝမှာလည်း တစ်ဆစ်ချိုးပြောင်းလဲမှုကြီးတစ်ခုကို ဖြတ်သန်းပြီး ကိုယ်တစ်ခါက အိပ်မက်မက်ခဲ့တဲ့ ဘဝမျိုးကို တကယ်ပိုင်ဆိုင်ခွင့်ရနေပြီ။ ဒီလိုဖြစ်လာတာဟာ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု၊ ရွေးချယ်မှုတွေနဲ့အတူ အရင်က ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုတွေရဲ့ အကျိုးပေးမှုလည်း ပါဝင်နေတယ်လို့ စိတ်ထဲကနေ အမှန်တကယ် ယုံကြည်မိတယ်။ တချို့အရာတွေက ကိုယ်လိုချင်တဲ့အချိန်မှာ ချက်ချင်းရလာတာမျိုး မဟုတ်ဘူး။ အချိန်တန်တဲ့အခါ ကိုယ်မမျှော်လင့်ထားတဲ့ လမ်းကြောင်းတွေကနေတစ်ဆင့် ရောက်လာတတ်တယ်။ အခက်အခဲတွေကြားမှာလည်း မမျှော်လင့်ထားတဲ့ ထွက်ပေါက်တွေ ရှိလာတတ်တယ်။ မဖြစ်နိုင်ဘူးထင်ခဲ့တဲ့ အရာတွေကလည်း တစ်နေ့မှာ ဖြစ်လာတတ်တယ်။ အဲ့ဒါကြောင့် ကိုယ့်အတွက် ဘုရားစာရွတ်ဖတ်ပူဇော်ခြင်းဟာ လိုချင်တာတွေ ချက်ချင်းရဖို့အတွက် သက်သက်မဟုတ်ဘူး။ စိတ်ကို တည်ငြိမ်စေတယ်။ ကုသိုလ်စိတ်တွေ ဖြစ်ပေါ်စေတယ်။ ဘဝအခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ စိတ်ခွန်အားပေးတယ်။ အခုချိန်ထိ မေကြီးရဲ့ စကားတွေကို သတိရနေဆဲပါ။ တချို့အမွေအနှစ်တွေက ငွေကြေး၊ ပစ္စည်းဥစ္စာတွေ မဟုတ်ဘူး။ ဘဝတစ်လျှောက် ကိုယ့်ကို အားဖြစ်စေမယ့် ယုံကြည်မှု၊ သွန်သင်ဆုံးမမှုနဲ့ ကုသိုလ်တရားတွေလဲ ပါတယ်။ Yurina Do not repost #FaithAndMerit #Dhamma #မဟာသမယသုတ် #ပဌာန်း
Celia Su (髙木)
Region: JP
Monday 16 November 2026 14:42:29 GMT
Music
Download
Comments
Xian Zhen :
မဟာသမယသုတ်စေတီ အဆူ ၄၀၀ တည်ပြီးခဲ့ပါပြီ
2026-11-18 05:16:06
40
San San Nwe :
နေ့စဉ်ရွတ်ဖတ်ပူဇော်ပါတယ်ရှင်
2026-11-20 13:18:56
1
🌼Inngyin🌼 :
မဟာသမယသုတ်ကို မပူဇော်ဖူးပေမဲ့ ကံကနှိုးဆော်နေတယ်ထင်တယ်ရှင် ပူဇော်ဖို့ လမ်းညွှန်တဲ့ post တွေဘဲ fyp ပေါ် ရောက်နေတယ်ရှင်
2026-11-20 06:36:24
1
chaw popo aung♏ :
ညီမတော့မေတ္တာသုတ်နဲ့ ပဋ္ဌာန်းရွတ်တာ၁နှစ်ကြာပီအပူအပင်မရှိတော့သလိုပဲ
အခုတော့အရဟံ၉ပတ်ပါပုတီးထပ်စိတ်နေပီ🥰
2026-11-18 08:13:50
14
Pu Tuu :
အမရှင့်...မဟာသမယသုတ်အကျယ်၇သုတ်ပဲ
ရွတ်တဲ့ နေ့ဆိုရင်ရော
ပဌာန်းလို မြင်အပ်မမြင်အပ်တွေ
ဖယ်ရှားရသေးလားရှင့်
2026-11-20 10:54:39
0
Shwe Eain Zan♎️ :
စေတီကဘယ်လိုမျိုးတည်ရလဲရှင့်အခုကမဟာသမသုတ်ဘဲရွတါဖစ်တာပုံမှန်
2026-11-19 06:52:06
1
Dar Gyi🍀 :
မဟာသမယသုတ် က 7 ကြမ်းလုံးရွတ်တာလားရှင့်
2026-11-19 00:33:09
2
Ma. Naing :
တကယ်ကိုထူးတာပ့ 👍👍
2026-11-20 11:45:46
1
Oggy :
ဘာလို့repostမရတာလဲရှင့်
2026-11-18 12:38:41
1
Nova 🌱 :
စေတီတည်နည်းပြောပြပါ
2026-11-18 00:35:22
3
🇲🇲May Thu Phyo 🇹🇭(เล็ก) :
မေတ္တာသုတ်နဲ့ပဌာန်းရွတ်တာစိတ်အေးချမ်းနေရော🥰ရွတ်တဲ့အချိန်ရောက်ရင်မရွတ်ရမနေနိုင်ဘူး🥰🥰အေးချမ်းမူတေတကယ်ရပါတယ်🥰
2026-11-18 13:00:23
2
Ei Pwint Phyu :
ကိုယ်တော့စေတီ တစ်ဆူပဲတည်ရသေးတာ
ထပ်တည်မယ် တန်ဆောင်မုန်းလပြည့်နေ့ ☺️ညရောက်တိုင်း မဟာသာမယသုတ်နဲ့ပဌာန်းပူဇော်ဖြစ်တယ် ခုနေမကောင်းလို့ခဏနား
2026-11-18 13:49:11
1
🌷Yin Yin🌷 ချည်ပန်းထိုး 🪡 :
ကိုယ်တိုင်အခုအကျပ်အတည်းထဲမှာရောက်နေတာ ဘယ်လောက်ကျပ်တည်းနေပါစေ ဘုရားတရာနဲ့ပဲ ပြန်ထူထောင်နိုင်ခဲ့တာမို့ ဘုရားရဲ့တရားတော်တွေကိုပူဇော်ရင်းနဲ့ပဲထပ်ကျော်ဖြတ်နိုင်မယ်လို့ယုံကြည်တယ်🙏🙏🙏
2026-11-18 07:57:24
1
khainghninwai :
ကိုယ်ကျ အခက်အခဲတွေရင်ဆိုင်နေရချိန် အရမ်းမွန်းကြပ်လာလို့ မေတ္တာသုတ်နဲ့ပဌာန်းစရွတ်ရာကနေ ခုဆိုတစ်နှစ်ကျော်ခဲ့ပြီ အခက်အခဲတွေအများကြီးလဲကျော်ဖြတ်နိုင်ခဲ့သလို ကိုယ်ဖြစ်ချင်တာတွေလဲဖြစ်လာတယ် စိတ်လဲတော်”လေးအေးချမ်းလာတယ် အစစအရာရာလဲအဆင်ပြေလာတယ် 💕
2026-11-18 04:58:28
4
karina :
ဘယ်လိုလေး ရွတ်ရလဲရှင့် ရှဲပေးပါအုန်း
2026-11-17 18:41:59
1
May🎀 :
နားမလည်လို့ပါရှင့်ညီမလဲ မဟာသမယသုတ်ရွတ်နေပါတယ်ရှင့် မဟာသမယသုတ်စေတီတည်တယ်ဆိုတာဘး်လိုလုပ်ရတာလဲရှင့်
2026-11-18 11:49:53
1
HHM :
သာဓု သာဓု သာဓုပါ
2026-11-19 16:09:26
1
phyu phyu khaing :
မဟာသမယသုတ်စေတီ13ဆူတည်ပြီးပါပြီမဟာသမယသုတ်နဲ့ပဌာန်းကတော့5နှစ်လောက်ရှိ့ပါပြီးစပူဇော်နေတာငွေကြေးအခက်ခဲတွေအဆင်ပြေလာတယ်အလုပ်ကိုင်တွေအဆင်ပြေတယ်ခု1လပိုင်း27နေ့အထိအဆူ30ပြည့်အောင်တည့်မှာပါ
2026-11-19 18:06:52
1
Lola :
စေတီတည်တယ်ဆိုတာဘလိုမျိုးလဲ ပြောပြပေးပါ
2026-11-18 06:49:25
2
N W🤍🍀OT7 💜 :
အမေလဲတူတူပါပဲ🥰ဘာသာတရားလိုက်စားဖို့အမြဲသတိတေပေးပီး လူရောစိတ်ရောပြိုလဲနေတဲ့အချိန် ဘုရားတရားပိုလုပ်ဖို့စိတ်ဓာတ်ခွန်အားတေအမြဲပေးနေသေးတာ🥰
2026-11-18 06:58:10
1
❤️❤️工ー工ーミャィン・🥰🥰. :
အမှန်ပဲနော် ညီမလေး
2026-11-17 06:31:53
3
💧Ben :
အရင်တုန်းကတော့မဟာသမယသုတ်ကော ပဌာန်းကောရွတ်တယ် ပုတီးလဲစိပ်တယ်အဆင်မပြေမှုတွေဆက်တိုက်ကြုံနေလို့ခနရပ်ထားတယ် ပြန်လုပ်မယ်လို့တော့တွေးထားပါတယ်
2026-11-18 12:36:14
1
🦋မြတ်သဒ္ဒါ🦋 :
နေ့စဉ်မပြတ်ပူဇော်လာခဲ့တာ ၇လရှိပါပြီ[Pray] တကယ့်ကို အစစအရာရာအောင်မြင်လာခဲ့ပါတယ်
2026-11-20 10:00:17
0
Myo Myo :
ညတိုင်း1ည1ဆူတည်ပါတယ်ရှင့်🥰🥰🥰
2026-11-20 03:25:08
0
Ruby Win :
1လလောက်ရွတ်လိုက် နားလိုက် ပြန်ရွတ်လိုက်နဲ့တောင်မှ တော်တော်လေးအကျိုးထူးပါတယ် မဟာသမယသုတ်နဲ့ပဌာန်းကို တွဲရွတ်တာ သရဏဂုဏ် ဂုဏ်တော် ပဌာန်းအကျဥ်းကိုလည်း ပုတီး 9ပတ်နဲ့စိပ်တာ တကယ်ကို စိတ်အေးချမ်းရပါတယ်
2026-11-20 07:24:07
0
To see more videos from user @takagiyurina02, please go to the Tikwm
homepage.