@eihtun23: မနေ့က ဆရာတော်တစ်ပါး စကားပြောနေတာကို နားထောင်ရင်း စကားဆန်းလေးတစ်ခု ကြားမိခဲ့တယ်။ လောကမှာ ဘုရားတောင် ကဲ့ရဲ့ မလွတ်ဘူး၊ ဟုတ်တယ်မို့လား။ အာ့တော့ အရှင်ဘုရား (အများအတွက်) ကောင်းမယ်ထင်ရင် အကျိုးရှိမယ်ထင်ရင် လုပ်သာလုပ်။ ဒါပေမယ့် သူများရင်ဘတ်တော့ မထိစေနဲ့တဲ့။ နားထောင်ရင်း ပထမတစ်ခါတော့ သိပ်ပြီး သတိမထားမိလိုက်ဘူး။ ဆရာတော်က ဒီစကားကို သုံးလေးခါ ထပ်ပြောနေတော့မှ သတိထားမိလိုက်တယ်။ သူများရင်ဘတ်တော့ မထိစေနဲ့တဲ့။ ဆရာတော်က သက်တော် ဝါတော် ရနေပေမယ့် သူ့စကားက ခေတ်ဆန်နေသလို ဖြစ်နေတယ်။ သူများရင်ဘတ်တော့ မထိစေနဲ့ဆိုတဲ့ စကားဟာ လူသားဆန်မှုကို ဖော်ပြပေးနေသလိုပဲ။ ဗြဟ္မစိုရ်တရားကိုလည်း ရိုးရိုးလေး အဓိပ္ပါယ်ဖွင့်သွားသလိုပါပဲ လူအချင်းချင်း လှည့်ပတ်တာဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ အထင်သေးတာဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ ဆင်းရဲအောင်လုပ်တာဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ ဘေးဥပဒ်တွေ၊ရန်ဘေးတွေ၊ အန္တရာယ်တွေနဲ့ ကြုံအောင်လုပ်တာဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ အဆင်မပြေအောင်၊ အနှောင့်အယှက်ဖြစ်အောင် တစ်နည်းတစ်ဖုံ ဖန်တီးတာတွေဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ စာနာခြင်းကင်းတာတွေ၊ ရန်လိုညှင်းပန်း နှိပ်စက်တာတွေ၊ မလိုမုန်းထားတာ တွေဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ ကူညီရိုင်းပင်မှုမရှိတာတွေ၊ သနားငဲ့ညှာမှု မရှိတာတွေ၊ ဖိနှိပ်ချုပ်ချယ်တာ တွေဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ ဝမ်းမြောက်ဝမ်းသာ မကြိုဆိုနိုင်တာတွေ၊ လက်တွဲ မခေါ်နိုင်တာတွေ၊ အပုပ်ချတာတွေ၊ ချောက်ချတာတွေဟာလည်း သူ့ရင်ဘတ်ကို ထိတာပါပဲ။ ဆရာတော်က အဲဒါတွေ မပြောဘူး။ ဗြဟ္မစိုရ်တရားကို ရိုးရိုးလေးပဲ အဓိပ္ပါယ်ဖွင့်သွားတာ သူများရင်ဘတ်တော့ မထိစေနဲ့တဲ့။ အများအတွက် ကောင်းမယ်ထင်လို့၊ အကျိုးရှိမယ်ထင်လို့ လုပ်တာတောင်မှ သူများရင်ဘတ်ကို မထိစေဖို့အတွက် မှာထားတာလေးက သတိပြုစရာ၊ လိုက်နာကျင့်သုံးစရာပါပဲ။ အများအတွက် မကောင်းဘူးဆိုရင်၊ အကျိုးမရှိဘူးဆိုရင် အထူးပင် ပြောနေစရာမလိုတော့ပါဘူး။ ဘယ်လက်နက်တွေ ဘယ်လောက် ကောင်းတယ်ပဲ ပြောပြော၊လောကမှာ စိတ်နှလုံးကို(ရင်ဘတ်ကို) ထိမှန်တဲ့ ခဲလုံးဟာ အပြင်းထန်ဆုံးပဲ မဟုတ်လား။ ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားချင် သူတွေအတွက် ဆရာတော့်စကားလေးက အမှတ်တရ ဖြစ်နေမှာပါ။ သူများရင်ဘတ်တော့ မထိစေနဲ့ တဲ့။ အရှင်ဝါယာမိန္ဒာလင်္ကာရာဘိဝံသ #စာသားcrd #fyp #viralvideo #view #tiktok
𝗘
Region: MM
Tuesday 17 November 2026 10:48:20 GMT
Music
Download
Comments
engene atiny :
ကိုယ်ချင်းစာတရားက အဓိကပါပဲ
သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့စိတ်ထားရင် အမှားနည်းမှာပါပဲ🙏
2026-11-17 17:22:53
27
Zun🌷 :
စာသားလေးပေးပါလားရှင့်
2026-11-18 03:56:33
2
Nway Nway :
စာသားလေးပေးပါလား
2026-11-17 11:24:46
7
စံပယ်သင်း ဘက်စုံသုံးဆပ်ပြာဆီ :
စာသားလေးချပေးပါလား🥰
2026-11-18 02:25:39
1
Kuromi 💜 :
ယူပါရစေရှင့်[Heartwarming]
2026-11-17 16:57:27
1
Kaia . :
သူတင်တဲ့စာလေးတွေ ဖတ်ရတာ စိတ်နှလုံးအေးချမ်းတယ် ဘယ်သူ့အတွက်နဲ့မှ ကိုယ့်ကိုကိုယ် အပူလောင်မခံချင်တော့ဘူး ဒီစာတွေကို ဖတ်နေရတဲ့အချိန်တွေလိုပဲ ကိုယ့်ဘဝရဲ့ကျန်ရှိနေတဲ့ အချိန်တွေမှာ အေးချမ်းချင်ပါတယ်
2026-11-18 07:46:19
2
Tr.Thet [T.T.O Handmade] :
ကိုယ့်ရင်ဘတ်ကမီးမငြိမ်းဘဲသူများရင်ဘတ်ပူ အောင်ရှို့တတ်တဲ့သူ တွေကလည်းသပ်သပ်ကိုရှိ နေ သေးတာ နော်
သနားမိတယ်☺️
2026-11-18 09:00:34
4
Thandar Oo :
အရမ်းအဓိပ္ပာယ်ရှိတဲ့စကားလေးပါ
2026-11-18 09:06:06
1
🎭🎭မသောကြာ🎭🎭 :
သူများရင်ဘက်ထိအောင်မလုပ်ခဲ့ပါဘူးနော် ဒါပေမဲ့ကိုယ့်ရင်ဘက်တော့အမြဲထိကျတယ် ခွင့်လွက်ပါတယ်
2026-11-19 13:44:16
0
Chit myo thu🇲🇲🇹🇭(အိမ်ပြေး) :
စာသားလေးယူသုံးခွင့်ပြုပါဗျ😍
2026-11-17 23:57:29
0
🍓Yin Yin Htay🍓 🇯🇵 ( 1M ) :
လောကမှာ ကိုယ်ချင်းစာစိတ်လေးထားနိုင်ရင် အေးချမ်းသာယာကြမှာအမှန်ပါ😍
2026-11-19 12:30:32
0
TuZuKu's MayMay :
အခုချိန် ကိုယ့်ကိုကိုယ်ဂုဏ်ယူလေးစားမိတယ်ရှင်
2026-11-20 03:41:13
0
Ei Mon :
စာသားလေးပေးပါလား
2026-11-18 10:46:45
4
ko & KO &thu-@🧋🍓🍓🍓🍓 :
စာသားလေးတင်ချင်လို့ဗျ
2026-11-20 13:16:21
0
🥰💕yoonyoon&sumyat🥰💗 :
ကောင်းလိုက်တာစာသားလေး
2026-11-21 08:01:29
0
usermoemoe60 :
shareပါရစေ
2026-11-20 09:27:34
0
May :
စာသားလေးပေးပါလား
2026-11-18 05:02:36
3
🐰🐣Hnin Hnin♑ :
စာသားလေးပေးပါလား🥰
2026-11-20 04:44:27
0
🍀🦋Nge🦋🍀 :
မှန်တာပဲလေ😊
2026-11-19 06:16:16
0
chithtwekhaing :
right
2026-11-19 01:02:34
0
🇯🇵Ko Naung🇯🇵 :
အားပေးနေမယ်နော်
2026-11-19 11:25:28
0
life Talk :
အရမ်းမှန်ပါတယ်ဗျ
2026-11-19 15:24:09
0
Thet Thet :
ယူပါရစေ
2026-11-19 08:49:52
0
ခင်တန်းလေး ဖြူး :
တန်ဖိုးရှိတဲ့စကား
2026-11-19 06:34:02
0
🐷Wathan💙 :
ယူသုံးပါရစေရှင့်
2026-11-17 23:59:51
0
To see more videos from user @eihtun23, please go to the Tikwm
homepage.