@cj.platform: စပါးဆိုတာ အနှံလေးတွေပါတယ်လို့ မင်းအောင်လှိုင်ပြော CJ Platform နိုင်ငံတော်သမ္မတအဖြစ် ဖော်ပြထားတဲ့ မင်းအောင်လှိုင်ဟာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီမှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းအတွင်း စပါးအထွက်နှုန်းတိုးတက်ရေးနဲ့ ပတ်သက်ပြီး စပါးစေ့၊ စပါးနှံနဲ့ စပါးပင်အရေအတွက်များပြားဖို့ လိုအပ်သလို ကောက်ကွက်တွေ ပြည့်ဝဖို့လည်း အရေးကြီးကြောင်း သူက ပြောကြားခဲ့ပါတယ်။ “စပါးဆိုတာဟာ ကျွန်တော်တို့ အနှံလေးတွေ ပါပါတယ်။ စပါးစေ့တွေ ပြည့်ပါတယ်။ အဲဒီတော့ ဒါလေးတွေ များမှ အထွက်နှုန်းဆိုတာလည်း များလာမယ်။ ဒါလေးတွေ နည်းလို့ရှိရင် အထွက်နှုန်း နည်းမှာပဲ” လို့ မင်းအောင်လှိုင်က ပြောပါတယ်။ ဒါ့အပြင် စပါးစေ့အရေအတွက် များပြားဖို့ စပါးနှံတွေ များဖို့လိုပြီး စပါးနှံတွေ များပြားဖို့အတွက် စပါးပင်အရေအတွက် များဖို့ လိုအပ်ကြောင်း၊ စပါးပင်တွေ များပြားဖို့ဆိုရင်လည်း ကောက်ကွက်တွေ ပြည့်ဝဖို့ လိုအပ်ကြောင်း ဆက်လက်ရှင်းပြခဲ့ပါတယ်။ “စပါးစေ့တွေ များနိုင်ဖို့ဆိုရင် စပါးနှံတွေ များဖို့လိုတယ်။ စပါးနှံတွေ များဖို့ စပါးပင်တွေ များဖို့လိုတယ်။ စပါးပင်တွေ များဖို့ဆိုရင် ကောက်ကွက်တွေ ပြည့်ဖို့လိုပါတယ်။ ဒီဟာကျမှသာ ကျွန်တော်တို့ အထွက်နှုန်းက ရမှာဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။
CJ Platform
Region: US
Wednesday 18 November 2026 06:02:46 GMT
Music
Download
Comments
Yu Yu :
အဲဒါပဲသမ္မတတစ်ယောက်ရဲ့အရည်ချင်းဆိုတာ အမေစုကအဲ့လိုတွေရှင်းမပြနိုင်ခဲ့ဘူး
2026-11-18 09:35:15
1593
KMT :
မှန်ပါတယ်ကျွန်တော်တို့မှားတာလယ်လုပ်မိလို့
2026-11-18 07:34:06
1556
Tawsa :
ကျေးဇူးဘာဗျာ စပါးစေ့ဆိုတာ
ပြောင်းဖူးကထွက်တာလို့ထင်ခဲ့တာ
မှတ်သားလောက်ပါတယ်ဗျာ
2026-11-18 07:47:10
5814
🐇LI乛LY🐇 :
လုပ်တော့ သမ္မတ
ပြောတဲ့စကားတိုင်းက
ဘာအဓိပ္ပာယ်မှမရှိ
2026-11-19 00:56:00
377
The Missing One :
တကယ်ကိုဗဟုသုတရပါတယ်
အစက စပါးကို ကန်စွန်းဥလိုမျိုး မြေကြီးထဲကနေ တူးထုတ်ရတယ်ထင်နေတာ
ကြက်ဥ ဘယ်ကနေရလဲဆိုတာလည်း ထပ်ရှင်းပြပေးပါဦး
2026-11-18 08:40:40
713
❤️Mg🖤 :
အခုလိုစပါးအကြောင်းအားပြည့်ပြည့်စုံစုံပြောကြားသွားတဲ့ဗဟုသုတနဲ့ပြည့်စုဲတဲ့ဇွတ်သမတ္တကြီးအားကျေးဇူးတင်ပါတယ်
2026-11-18 08:37:37
211
PitiPwiPwi WiwWiw :
စကားက အနှစ်မပါ
2026-11-18 07:25:53
941
Kyaw Min Latt :
အခါတရာလောက်ပြန်နားထောင်တဲ့လူတွေစုမယ်
2026-11-18 10:54:18
941
Ko Lay :
နိုင်ငံတကာက စပါးစိုက်တောင်သူတွေ ဗဟုသုတရအောင် အင်္ဂလိပ်စာတန်းထိုးလေး ထည့်ပြီးသင့်ပါတယ်ဗျာ။တကယ်အနှစ်တွေချည်းပဲ😂😂😂သူတို့လည်းသိချင်ကြရှာမှာပေါ့😂😂😂😂
2026-11-18 08:53:48
268
user4125928800140 :
ငါတောင်သူလုပ်တာ သက်၃၀ကေျာ်နေပြီ ခုဒို့ဘဘ ရှင်းပြမှ နားလည်တော့တယ်
2026-11-18 07:55:00
1222
😊Than Zaw😊 :
ကျွန်တော် တောသားပါ အဘပြောမှ သိခွင့်ရလို့ အထူးကျေးဇူးတင်ရှိပါကြောင်း 🤭
2026-11-18 11:17:44
106
Ko Htetkk :
အဲ တော်လိုက်တာ စပါးအကြောင်ပြောသွာတာ ရှင်းသွွားတာပဲ
2026-11-18 07:03:21
464
Steven :
အော်
မှက်သားလောက်ပါတယ်
သမိုင်းတွင်မယ့်. မိန့်ခွန်း 😂😂😂😂😂😂😂😂
2026-11-18 07:49:09
330
Phyo Mg Mg :
ကြည့်စမ်း နှစ်ပေါင်း၃၀လောက်အသက်ရှင်လာတာ ခုလိုရှင်းရှင်းလင်းလင်းပြောပြတာတခါမှမကြုံဖူးဘူး
2026-11-19 00:14:39
60
REGGIE :
ကြီး"ကျယ်"ဟယ်......
2026-11-18 08:41:32
99
MaMa :
ပြောင်မြောက်လိုက်တဲ့စကားလုံးတွေ
တော်ရုံလူသူ့လောက်မသိဘူး
🤣🤣🤣🤣🤣🤣🤣
2026-11-18 13:42:51
50
Min Paing :
လွှတ်တော်ထဲကလူတွေကိုနားလည်အောင်ပြောရတာမို့လို့ပါ။
လွှတ်တော်ထဲကလူတွေကစပါးဆိုတာ စပျစ်ပင်လို့အစုလိုက်အပြုံးလိုက်သီးတယ်ထင်နေလို့ပါ။
2026-11-19 02:28:59
10
Zaw Gyitiktok.com/@zaw.gyi3881 :
မှတ်သားဖွယ်ရာ ကမ္ဘာ့အကောင်းဆုံးမိန့်ခွန်း😁
2026-11-18 08:19:42
67
ကိုတင်မောင် :
ဆန်ဆိုတာ စပါးကဖြစ်ကြောင်းရှင်းပြနေပုံ
မှတ်သားကြပါ နောင်လာနောက်သားတွေ😁
2026-11-19 01:51:14
18
Romiro :
ပြောတော့ ကောက်ကွက်များဖို့တဲ့ လုပ်တော့တပ်ပိုင်မြေမကျူးကျော်ရ😅😅😅
2026-11-18 08:35:22
36
Tintinwin :
ကလေးသင်ရိုးထဲ ထဲ့သွင်းသင်ကြားစေခြင်တယ် ပညာရေးဝန်ကြီးမြင်ပါစေ😁😁😁
2026-11-18 14:32:04
23
🇲🇲ko naing🇲🇾 :
စပါးအကြောင်းပြောလို့တော်သေးတယ်နှမ်းအကြောင်းပြောရင်မလွယ်လောက်ဘူး😀
2026-11-18 08:15:07
368
တက္ကသိုလ်ဒီပါ :
မသိပါဘူးဗျာ၊မြေကြီးထဲကတူရတာမှတ်နေတာ😅
2026-11-18 08:35:07
69
Su Nandar win :
မွေးထဲကလယ်ထဲမှာကြီးပြင်ခဲ့တဲ့သူပါ
အရင်ကမသိခဲ့ဘူး ဘဘကြီပြောမှနားလည်သွာတယ် ကျေးဇူတင်ပါတယ်နော်😂😂
2026-11-18 08:31:01
31
Smile lay😊😊 :
ဘဘရေအခုလိုစပါးဆိုတာအနှံလေးတွေပါတာရှင်းပြလို့ကျေးဇူးတင်ပါတယ်😆😆
2026-11-18 15:23:09
10
To see more videos from user @cj.platform, please go to the Tikwm
homepage.