@aye.papa.aung5: 🌿 အိမ်ဘေးနားမှာ ဒီလိုအပင်တစ်ပင်ရှိနေတာက အဖိုးမဖျတ်နိင်ဘူးနော်.. တန်ဖိုးရှိလှတဲ့ ဆီးဖြူသီး၏ ဆေးဖက်ဝင် အသုံးချနည်း (၆၁) သွယ် 🌿 ( ၁ ) ဒူလာသွေးဝမ်းအတွက် ဆီးဖြူသီးခြောက်ကို ငါးရှဥ့်နှင့် ရောချက်စားနိုင်ပါသည်။ ( ၂ ) အရေပြားယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များအတွက် ဆီးဖြူသီးသွေးရည်ကို သံပုရာရည်နှင့် ရောလိမ်းပါ။ ( ၃ ) ဆီးချိုရောဂါအတွက် ဆီးဖြူ (သို့) မြေဆီးဖြူ ပဉ္စငါးပါးကို ပြုတ်၍ သောက်သုံးရပါမည်။ ( ၄ ) နှာခေါင်းသွေးလျှံပါက ဆီးဖြူသီးကြိတ်ဖတ်ကို ဦးခေါင်းထိပ်တွင် အုံပေးပါ။ ( ၅ ) ဆီးပုပ်ရောဂါအတွက် ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်တို့နှင့် နယ်စားပေးပါ။ ( ၆ ) သွေးဝမ်းသွားလျှင် ဆီးဖြူသီးစိမ်း အရည်ညှစ်ပြီး သံပုရာရည်နှင့် ရောသောက်ပါ။ ( ၇ ) လျှာကွဲ၊ ပါးစပ်နာနှင့် သွားဖုံးရောဂါများအတွက် ဆီးဖြူရွက်ပြုတ်ရည်ဖြင့် ငုံပေးပါ။ ( ၈ ) ဆီးဖြူသီးသည် ချောင်းဆိုး၊ ပန်းနာနှင့် လေနာရောဂါများကို သက်သာစေနိုင်ပါသည်။ ( ၉ ) မီးလောင်နာနှင့် ရေနွေးပူလောင်နာများအတွက် ဆီးဖြူရွက်ကျွမ်းလှော်မှုန့်ကို ဖြူးပေးပါ။ ( ၁၀ ) ကလေးများ ကျဗဟုံးနာဖြစ်ပါက ဆီးဖြူရွက်လှော်ပြီးသားကို လိမ်းပေးရပါမည်။ ( ၁၁ ) ဝမ်းသက်ခြင်းနှင့် အစာမကြေခြင်းများအတွက် ဆီးဖြူရွက်နုကို ပုန်းရည်နှင့် ကျွေးပါ။ ( ၁၂ ) မျက်စိရောဂါများအတွက် အစေ့ထုထောင်းပြုတ်ရည်ဖြင့် မျက်စိကို ဆေးကြောပေးပါ။ ( ၁၃ ) ရာသီသွေးလွန်ကဲပါက ဆီးဖြူသီးအလုံးကြီးကို ပုံမှန်စားသုံးပေးသင့်ပါသည်။ ( ၁၄ ) သွေးဒူလာအတွက် ဆီးဖြူ၊ ဖန်ခါး၊ ကြစုတို့ကို အချိုးကျပြုတ်၍ သောက်ပေးပါ။ ( ၁၅ ) ခါးကိုက်ဝေဒနာအတွက် ဆီးဖြူသီးနှင့် နနွမ်းကို ကြိတ်၍ စားသုံးပေးပါ။ ( ၁၆ ) ဒူလာမုတ္တကိတ်ရောဂါအတွက် ဆီးဖြူသီးကို နေ့စဉ်မှီဝဲပေးရပါမည်။ ( ၁၇ ) သွေးဝမ်းလွန်လျှင် ဆီးဖြူရွက်ပြုတ်ရည်ကို ထန်းလျက် (သို့) သကြားနှင့် ဖျော်သောက်ပါ။ ( ၁၈ ) ထုံကျင်နာအတွက် ဆီးဖြူသီးခြောက်နှင့် ဆေးဖက်ဝင်အပင်များကို သကြားနှင့် စားပါ။ ( ၁၉ ) လျှာကွဲခြင်းအတွက် ဆီးဖြူသီးကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ပလုတ်ကျင်းပေးပါ။ ( ၂၀ ) မက္ခရုရောဂါအတွက် ဆီးဖြူသီးမီးဖုတ်ပြာကို ဆီနှင့်ဖျော်၍ ပွတ်ပေးရပါမည်။ ( ၂၁ ) မီးယပ်ဖြူဆင်းလျှင် ဆီးဖြူသီးစေ့သွေးရည်ကို ပျားရည်၊ သကြားတို့နှင့် ရောသောက်ပါ။ ( ၂၂ ) အညောင်းအညာနှင့် ဒူလာအတွက် ငါးရှဥ့်ပနီကို ဆီးဖြူသီးခြောက်နှင့် ပြုတ်စားပါ။ (တစ်နေ့ တစ်ဇွန်းမှ နှစ်ဇွန်းအထိ) ( ၂၃ ) ဝမ်းချုပ်ခြင်းအတွက် ဆီးဖြူသီးခြောက်မှုန့်ကို ပျားရည်နှင့်စားပါက ဝမ်းပျော့စေပါသည်။ ( ၂၄ ) ဆီးဖြူသီးခြောက်သည် အစာကြေစေပြီး အမျိုးသားများအတွက် ခွန်အားဖြစ်စေပါသည်။ ( ၂၅ ) အသက်ရှည်အဆင်းလှစေရန် ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် ပုံမှန်ရောစားပါ။ ( ၂၆ ) ဝမ်းတွင်းဘင်ခြောက်ခြင်း ပြေစေရန် ဆီးဖြူသီးအစိမ်းကို ပုံမှန်စားပေးပါ။ ( ၂၇ ) အသံကြည်လင်လိုပါက ဆီးဖြူသီးဆားရည်စိမ်ကို ဟင်းထဲထည့်ချက်စားပါ။ ( ၂၈ ) ချောင်းဆိုးနှင့် မျက်စိနာကင်းစေရန် ဆီးဖြူသီးဆားရည်စိမ်ကို စားသုံးပေးပါ။ ( ၂၉ ) လေတင်တုန်းရောဂါများအတွက် ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် နယ်စားရပါမည်။ ( ၃၀ ) အသားအရေတွန့်ခြင်း ကာကွယ်ရန် ဆီးဖြူသီးခြောက်မှုန့်ဖြင့် ကိုယ်တိုက်ပေးပါ။ ( ၃၁ ) အတိသာရဝမ်းရောဂါအတွက် ဆီးဖြူသီးမှုန့်ကို ချက်နားတွင် အုံပေးရပါမည်။ ( ၃၂ ) ကြို့ထိုးရောဂါအတွက် ဆီးဖြူသီးညှစ်ရည်ကို ပိတ်ချင်းမှုန့်၊ ပျားရည်တို့နှင့် ကျွေးပါ။ ( ၃၃ ) ပြည်တုလာသရောအတွက် ဆီးဖြူမြစ်ကြိတ်ရည်ကို ပျားရည်၊ နနွမ်းတို့နှင့် ရောကျွေးပါ။ ( ၃၄ ) နှလုံးတုန်နှင့် အစာမကြေခြင်းအတွက် ဆီးဖြူသီးကို သကြားနှင့် ယိုထိုးစားပါ။ ( ၃၅ ) ဆီးအောင့်ရောဂါများအတွက် ဆီးဖြူသီးညှစ်ရည်ကို ဖာလာမှုန့်ရော၍ သောက်ပါ။ ( ၃၆ ) ဆီးလွန်ရောဂါအတွက် ဆီးဖြူရည်၊ ငှက်ပျောသီးမှည့်နှင့် ပျားရည်တို့ကို ရောလျက်ပါ။ ( ၃၇ ) သွေးအန်၊ သွေးကျရောဂါအတွက် ဆီးဖြူသီးခြောက်ပြုတ်ရည်ကို သကြားခပ်သောက်ပါ။ ( ၃၈ ) မီးယပ်ဖြူဆင်းလျှင် ဆီးဖြူသီးခြောက် ရေစိမ်ရည်ကို တစ်နေ့ (၂) ကြိမ် တိုက်ပါ။ ( ၃၉ ) သွေးဒူလာအတွက် ဆီးဖြူသီးခြောက်နှင့် ဆေးဖက်ဝင်ပစ္စည်းများကို ထောင်းစားပါ။ ( ၄၀ ) လူပျိုနာများအတွက် ဆီးဖြူမြစ်အပါအဝင် မြစ်လေးမျိုးကို ပြုတ်သောက်ပေးပါ။ ( ၄၁ ) မျက်စိမှုန်ခြင်းအတွက် ဆီးဖြူသီးညှစ်ရည်နှင့် နှမ်းဆီကျိုချက်၍ မျက်စဉ်းခတ်ပါ။ ( ၄၂ ) ကျန်းမာဝဖြိုးစေရန် ဆီးဖြူသီးခြောက်မှုန့်နှင့် အခြားဆေးမှုန့်များကို ရောလျက်ပါ။ ( ၄၃ ) ဆီးဖြူရွက်ပြုတ်ရည်သည် ခံတွင်းအတွင်းရှိ အနာများကို သက်သာပျောက်ကင်းစေပါသည်။ ( ၄၄ ) သစ်ကိုင်းမှထွက်သော ဆီးဖြူရည်ကို မျက်စဉ်းခတ်ပါက မျက်စိရောင်ခြင်း ကင်းဝေးစေပါသည်။ ( ၄၅ ) ထုံနာစိုရောဂါအတွက် ဆီးဖြူသီးညှစ်ရည်ကို သကြားနှင့်ဖျော်၍ သောက်သုံးပါ။ ( ၄၆ ) ဆီးဖြူရည်ကို သကြားနှင့်သောက်ပါက ဆီးအောင့်ခြင်းနှင့် အန်ခြင်းကို ပျောက်ကင်းစေပါသည်။ အားဆေးအဖြစ် ဆီးဖြူသီးညှစ်ရည်ကို ထောပတ်နှင့် ရော၍ စားသုံးနိုင်ပါသည်။ မိတ်ဆွေများပါ သိရှိရအောင် ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။ မူရင်းစာရေးသူအား လေးစားစွာဖြင့် Credit ပေးပါသည် #crd

Aye Pa Pa Aung  (official acc)
Aye Pa Pa Aung (official acc)
Open In TikTok:
Region: MM
Wednesday 18 November 2026 23:27:54 GMT
173256
13287
106
1604

Music

Download

Comments

ko.ohn.than36
Ko Ohn Than :
ရှယ်လို့မရစေ့မရ🤔🥰
2026-11-20 03:47:35
1
utinshwe246
U lay gyi :
ကျေးဇူးအထူးတင်ပါသည်
2026-11-21 05:07:19
3
mama.lay3391
Mama Lay :
ကျေးဇူပါသွားတွေနာနေတာနဲအတော်ပါနော်
2026-11-19 05:02:58
3
dawphwephwe1
dawphwephwe :
ဆရာ ကျေးဇူးပါ နော်ညဆိုဂျိုင်းတွေတအားယားတာအနာဖြစ်အောင်ကုပ်ရပါတယ်ဘာဆေးသောက်ရမလဲဆရာ
2026-11-21 07:08:38
0
hlaing8671
Hlaing🌸 :
ကျေးဇူးတင်ပါတယ်
2026-11-21 01:05:12
0
tatinemwe
Tatinemwe :
အခုလို ဇီဖြူသီးရဲ့တန်ဘိုးရှိလှတဲ့ တန်ဘိုးဖြတ်လို့ကိုမရတဲ့ထူးကဲလွန်းတဲ့အကြိုးအမြတ်အာနိသင်တွေ တသီတတန်းကြီးသိရှိလိုက်ရလို့ များစွာ များစွာကျေးဇူးအထူးတင်ရှိပါသည်ဆရာကြီးခင်ဗျား ကျနော်လဲ ဒီဇီဖြူသီးကို ချက်ချက်ပြုတ်ပြုတ်ထောင်းထောင်း ဒါမှမဟုတ်ဆေးအဖုံဖုံပျားရည်နဲ့ပြုလုပ်ပြုလုပ် အရန်းကြိုက်နှစ်သက်မှုရှိပါသည် အမြဲလဲတနည်းမဟုတ်တနည်းလုပ်ကိုစားသောက်ဖြစ်ပါသည်ဆရာခင်ဗျား လေးစားစွာဖြင့်
2026-11-19 15:16:20
0
rohankwmgk8
Rohan Kwmgk :
ကျေးဇူးပါခင်ဗျား
2026-11-21 03:54:28
0
u.zaw5921
u zaw :
အထူးကျေးဇူးတင်ပါတယ်
2026-11-22 01:47:28
0
aungmying62
AungMying :
ကျေးဇူးပါ
2026-11-21 04:03:28
1
_0918894
Yar kyar Pwint :
ကျေးဇူပါရှင့်
2026-11-20 13:23:50
0
ukyaw0324
U Kyaw :
ကောင်းပေ
2026-11-22 01:23:11
0
palelphy
user2388738552463 :
[အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ][အသည်းနီ]ကျေးဇူးပါဗျ[အသည်းနီ][အသည်းနီ][အသည်းနီ]
2026-11-21 12:44:34
0
ukyaw.ukyaw526
Ukyaw Ukyaw :
မဂ်လာပါ
2026-11-21 14:10:22
0
user61056976358110
Nang Aye Hsar :
👍👍👍
2026-11-21 00:31:41
0
user7568241912261
Daw Khin Hnin Kyi :
ကျေးဇူးတင်ပါတယ်
2026-11-19 16:51:09
1
user7222016194719
သမုဒယ သံယောဇဉ် :
2026-11-20 14:03:34
0
henry.m898
Henry M. :
ကျေးဇူးပါ
2026-11-19 10:46:54
2
user146314944
cho cho :
ကျေးဇူးပါ
2026-11-20 18:58:44
0
ulay3866
Ulay :
ကျေးဇူးပါ🥰🥰🥰
2026-11-20 07:33:47
0
si.si8592
Si Si :
ကျေးဇူးခ
2026-11-20 09:40:04
0
khin.nwet69
khin nwet :
ကျေးဇူးတင်ပါတယ်
2026-11-20 08:22:57
0
user49618865033597
မေတ္တာရိပ် နန်း :
ကျေးဇူးပါ
2026-11-20 14:44:37
0
kyaw.san.aung549
Kyaw San Aung :
thank you.
2026-11-20 13:09:02
0
u.htaik6
u htike :
2026-11-21 19:49:31
0
tatinemwe
Tatinemwe :
အမြဲလုပ်ကိုင်စားသောက်ပါသည်ခင်ဗျား
2026-11-19 15:17:46
0
To see more videos from user @aye.papa.aung5, please go to the Tikwm homepage.

Other Videos


About